နှင်းတွေကြားမှာ ပွင့်တဲ့ဆာကူရာပန်းရဲ့အလှကို ခံစားကြည့်ကြစို့ !

ဂျပန်နိုင်ငံကိုသွားပြီး ဘာတွေလုပ်ချင်လဲ ?
ဆာကူရာပန်းတွေကြည့်ချင်လား? နှင်းကျတာကိုကြည့်ချင်လား? ပန်းလှလှလေးတွေကြည့်မလား? ဒါမှမဟုတ် အရသာရှိတဲ့ငါးတွေကို စားချင်လို့လား?
ဒါပေမယ့် ဆာကူရာပန်းတွေက နွေဦးမှာပွင့်ပြီး၊ နှင်းတွေကတော့ ဆောင်းရာသီမှာပဲ မြင်ရမှာဖြစ်ပါတယ်။
သူ့ရာသီရောက်တဲ့အချိန်ထိ အကြာကြီးနေလို့မဖြစ်ဘူး ဆိုတဲ့သူတွေအတွက် မိတ်ဆက်ပေးချင်တဲ့နေရာလေးတစ်ခုရှိပါတယ်။
https://www.jalan.net/news/article/304052/
ဒီချယ်ရီပင်လှလှလေးရဲ့အောက်မှာ အဝါရောက်နှမ်းပန်းလေးတွေ ပွင့်နေတယ်နော်။
ဒီရှု့ခင်းက နွေဦးရာသီမှာ တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ၄ လပိုင်းအကုန်လောက်မှာမှ ဒီလိုရှု့ခင်းတွေရှိတယ်ဆိုတာကို သိထားပေမယ့်လည်း ၂ လပိုင်းရဲ့ရှု့ခင်းအနေနဲ့ ဒီလိုမြင်ကွင်းမျိုးကိုမြင်တွေ့နေရတာဖြစ်ပါတယ်။
ဒီဆာကူရာပန်းတွေက စောစောပွင့်တဲ့အမျိုးအစားဖြစ်ပြီး 川津桜(かわづざくら)Kawaduzakura အမျိုးအစားဖြစ်ပါတယ်။
Shizuoka ခရိုင်ရဲ့ Izu ကျွန်းဆွယ်ဟာ တခြားနေရာတွေထက် ပူနွေးတဲ့ရာသီဥတုရှိတာကြောင့် စောစောစီးစီးပွင့်နေတာကြောင့် နှစ်မျိုးစလုံးတစ်ပြိုင်တည်းပွင့်ရာကနေ ဒီလိုတစ်ချိန်တည်း ဆာကူရာပန်းတွေကို ပျော်ပျော်ကြီးခံစားကြည့်ရှု့လို့ရတာ ဖြစ်ပါတယ်။
တစ်မျိုးပြောရမယ်ဆိုရင် ဆာကူရာပန်းတွေကို တွေ့ရဖို့အခွင့်အရေးပိုများတာဖြစ်ပါတယ်။
ဆာကူရာပန်းတွေဟာ ပုံမှန်ဆိုရင် ပွင့်ပြီးတစ်ပတ်လောက်မှာ အကုန်ကြွေကျကုန်ပါတယ်။ နောက်ပြီးဆာကူရာပန်းပွင့်မယ့်အချိန်ကို ဘယ်သူကမှခန့်မှန်းလို့မရဘဲ မှန်းဆပြီးခရီးထွက်ရင်တောင် မြင်ရခဲတဲ့ပန်းတစ်မျိုးဆိုလည်း မမှားပါဘူး။
Kawaduzakura ပန်းတွေကတော့ အချိန်ကြာကြာပွင့်တာကြောင့် ဆာကူရာပန်းတွေကို မြင်နိုင်မယ့်အခွင့်အရေးတွေ ပိုများပါတယ်။
နောက်ပြီး Shizuoka ခရိုင်လို့ပြောလိုက်တာနဲ့ ဖူဂျီတောင်ကြီးကိုသတိရပါနော်။
http://www.grinpa.com/attraction/winter/
ဖူဂျီတောင်ခြေမှာတော့ ဒီလိုရှု့ခင်းလေးရှိပြီး နှင်းတွေကြားထဲမှာ ဆော့ကစားနိုင်တဲ့ကစားကွင်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။
ဒီအဝါရောင်ပန်းလေးတွေက ဆောင်းရာသီမှာ ပွင့်တဲ့ပန်းကလေးတွေဖြစ်ပါတယ်။
ဒီနေရာလေးကတော့ GrinPa ဆိုတဲ့ နှင်းကစားကွင်းဖြစ်ပါတယ်။
ဖူဂျီတောင်ခြေနားမှာ မြင့်မားတဲ့နေရာတွေလည်းရှိတာကြောင့် ၂ လပိုင်းလောက်လာရင်တောင်မှာ နှင်းတွေကျနေသေးတာကြောင့် နှင်းတွေနဲ့ဆော့ကစားနိုင်ပါတယ်။
နောက်ပြီး Shizuoka ခရိုင်မှာနာမည်ကြီးတာက အရသာရှိတဲ့ငါးဖြစ်ပါတယ်။
ဒီလိုရာသီမှာ ဆော်လမွန်ငါးတွေကို အနီးနားကနေ ဖမ်းလို့ရပါတယ်။
http://www.matsusyo.co.jp/hiruami/saba1.htm
寒サバ(かんさば)Kansaba လို့ခေါ်ပြီး ဒီရာသီရဲ့ဆော်လမွန်ငါးအဆီက အရမ်းကိုအရသာရှိပြီး ဆာရှိမိလိုအစိမ်းစားမယ်ဆိုရင်လည်း အရမ်းကိုကောင်းပါတယ်။
ဒီအချိန်လေးမှာပဲ ဒီအရသာလေးတွေကို မြည်းစမ်းနိုင်လို့ သေချာပေါက်လာခဲ့ကြပါနော် …
၂ လပိုင်းရဲ့ Shizuoka ဟာ ရာသီအလိုက် ဂျပန်နိုင်ငံရဲ့ ပျော်စရာအကောင်းဆုံးနေရာဖြစ်ပါတယ်။
ဆာကူရာပန်းနဲ့ ဖူဂျီတောင်ကြီးကို နှင်းတွေကြားမှာလည်ရင်း အရသာရှိတဲ့ငါးအရသာကို ပေါင်းစပ်ခံစားကြည့်ဖို့ ဂျပန်နိုင်ငံကို ၂ လပိုင်းလောက်ကျရင် သွားဖြစ်အောင်သွားကြစို့နော် …
Kengo Abe