လူဦးရေဆက်လက်တိုးပွားနေတဲ့ တိုကျိုမြို့
ကမ္ဘာတစ်ဝှမ်းကလူတွေလာရောက်စုဝေးနေတာကတော့ တိုကျိုမြို့ဖြစ်ပါတယ်။
ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူဦးရေတွေကျဆင်းလာပေမယ့် တိုကျိုမြို့ကတော့ ဆန့်ကျင်ဘက်အနေနဲ့ ပိုမိုတိုးပွားလျက်ရှိပါတယ်။
မကြာသေးခင်မှာပဲ လူအယောက်သောင်းပေါင်း ၁၄၀၀ တိုးပွားလာတဲ့မြို့ကြီးဖြစ်လာပါတယ်။
ဒီလိုတိုကျိုမြို့ ဘယ်လိုမြို့လဲဆိုတာကို သိပါသလား?
Shibuya, Shinjuku မြို့တွေလို မြို့ကြီးဖြစ်ရုံမကပါဘူး။ တိုကျိုရဲ့ မမျှော်လင့်ထားတဲ့အရာတွေကို ကြည့်လိုက်ကြရအောင်။
တိုကျိုမြို့ထဲမှာ သဘာဝနေရာတွေများတယ်
https://goods.skiyaki.tokyo/designs/14132
ဒါကတော့ တိုကျိုမြို့ရဲ့ မီးရထားလမ်းကြောင်းဖြစ်ပါတယ်။ JR နဲ့အခြားမီးရထားလမ်းတွေလည်း အတူတူပဲဆိုပေမယ့် အစိမ်းရောင်နေရာကျယ်ကြီးတွေရှိပါတယ်။
အဲ့ဒီမှာ ဘုရင်မင်းမြတ်နေထိုင်တဲ့ နန်းတော်နေရာတွေရှိပါတယ်။
https://www.nikkei.com/article/DGXMZO43962910Z10C19A4000000/
အကျယ်က 1.15 million square meters လောက်ရှိပါတယ်။
တိုကျိုမှာရှိတဲ့အကျယ်ဆုံး နေရာတစ်ခုဖြစ်ပြီး Tokyo Dome ဘေ့စ်ဘောကွင်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် ၂၅ ဆ လောက်ကွာပါတယ်။
ဒီနေရာအကျယ်ကြီးမှာ လှပတဲ့သဘာဝရှု့ခင်းတွေရှိပါတယ်။
အဲ့ဒီထဲကတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ fukiage goen လို့ခေါ်တဲ့တောအုပ်ကြီးလိုကျယ်တဲ့နေရာကြီးမှာ အပင်အမျိုးပေါင်း ၁၆၀၀ ကျော်လောက်က အပင်ပေါင်း ၄၂၀၀ ကျော်လောက်ရှင်သန်နေပြီး မျိုးစက်အသစ်တွေနဲ့ မျိုးသုန်းတော့မယ့် မျိုးစိတ်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒီလိုမြို့ကြီးရဲ့အလယ်မှာ တောအုပ်ကြီးရှိနေတယ်ဆိုတာမျိုးက တိုကျိုအပြင်ဘယ်မှာမှမရှိပါဘူး။
ကမ်းခြေအပန်းဖြေစခန်းလည်းတိုကျိုမှာရှိတယ်
https://rtrp.jp/articles/123563/
တခြားနေရာမှာတော့ ရှိမယ်လို့မထင်ပါဘူး မဟုတ်ဘူးရှိတယ်ဆိုရင်တော့ မေ့သွားလောက်ပြီဆိုပေမယ့် တိုကျိုမှာ ဒီလိုလှတဲ့ကမ်းခြေမျိုးရှိပါတယ်။
တိုကျိုမြို့မှာ နယ်နိမိတ်ကန့်ထားတဲ့နေရာလေးဆိုပေမယ့် ကျွန်းလေးကလည်းတိုကျိုမြို့ဖြစ်ပါတယ်။
အဲ့ဒီအထိကို ရောက်သွားတယ်ဆိုရင်တော့..
https://rtrp.jp/articles/123563/
တိုကျိုဆိုတာထက် ဂျပန်နိုင်ငံရဲ့သင်္ကေတဖြစ်တဲ့ ကမ်းခြေလိုပုံစံမျိုးဖြစ်ပါတယ်။ အဲ့ဒီနေရာရဲ့လိပ်စာကိုကြည့်ရမယ်ဆိုရင်လည်း တိုကျိုမြို့ဖြစ်ပါတယ်။
အံ့ဩသွားရလောက်တဲ့ ကျေးလက်ဒေသဆန်တဲ့နေရာလေးတွေရှိနေပါတယ်။
ပုံလေးတွေအရင်ကြည့်လိုက်ပါဦး။
https://rtrp.jp/articles/123563/
ဒီနေရာလေးကတော့ တိုကျိုမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့檜原村(ひのはらむら) Hinowaramura ဆိုတဲ့နေရာလေးဖြစ်ပါတယ်။
အဲ့ဒီမှာမွေးတဲ့သူတွေဆိုရင်လည်း တိုကျိုဇာတိပါပဲ။
မြို့ကြီးမှာ တိုက်ကြီးအဆောက်အအုံကြီးတွေကိုပဲ မြင်နေရလို့ ငြီးငွေ့လာတဲ့အခါ တိုကျိုမြို့ရဲ့ဒီလိုနေရာလေးတွေကို သွားလည်ကြည့်ရင်ရော မကောင်းဘူးလား?