ဆာကူရာပန်းတွေ အဝကြည့်ဖို့အတွက် အထူးရထား

ဧပြီလ 16 ရက်နေ့ကစပြီး ပြေးဆွဲမယ့် JR Ban’etsu West Line
Kitakata မြို့က ဆာကူရာပန်းတွေနဲ့ အလွန်လှတဲ့ “ Nicchusen Weeping Cherry Tree” မှာ ပန်းတွေဝေဝေဆာဆာ ပွင့်ဖူးမယ့်အချိန်နဲ့ အချိန်ကိုက်ဖြစ်အောင် စီစဉ်ထားတဲ့ အထူးရထား “喜多方しだれ桜満喫号” ကိုပြေးဆွဲမှာပဲဖြစ်ပါတယ်။
အထူးရထားကို ဒီဇယ်စက်ခေါင်း “DE10” နဲ့ ရထားတွဲ ၇ တွဲ ပြေးဆွဲမှာဖြစ်ပါတယ်။ အားလုံးသီးသန့်ထိုင်ခုံဖြစ်ပေမယ့် ရှုခင်းကောင်းကောင်းမြင်ရတဲ့ တွဲနံပါတ် 4 ပေါ်မှာ လွတ်လပ်စွာထိုင်နိုင်မှာပဲဖြစ်ပါတယ်။
ရထားစီးရာမှာလည်း JR East View Tourism & Sales site မှာ ရောင်းချတဲ့ အထူးပစ္စည်းအမျိုးအစား လေးမျိုးရှိပြီး ရထားလက်မှတ်ဖြတ်တာနဲ့ Kitakata မြို့ရဲ့ ပင်ရင်းအရက်နဲ့ မူရင်းရာမန်ခေါက်ဆွဲတွေကို မြည်းစမ်းစားသောက်နိုင်မယ့် လက်မှတ်ကိုရရှိမှာပဲဖြစ်ပါတယ်။ စျေးနှုန်းကတော့ လူကြီးတစ်ဦးလျှင် ¥3,800 ကစပါတယ်။
လက်မှတ်သီးသန့်ဝယ်မယ်ဆိုရင်တော့ “ Midori no Madoguchi” သို့မဟုတ် အင်တာနက်ကနေ ကြိုတင်မှာပြီး ဝယ်နိုင်ပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: