ဆောင်ဦးရာသီရဲ့ ပန်းကလေးတွေသွားကြည့်ကြရအောင်!

ဂျပန်နိုင်ငံရဲ့ဆောင်းဦးရာသီဆိုတာက ပန်းကလေးတွေနဲ့လှပနေတဲ့ ရာသီဖြစ်ပါတယ်။

ပန်းချစ်သူတို့ရေ ဒီနေရာလေးတွေကို မသွားချင်ကြဘူးလား?

 

Arakawa Cosmos field

Cosmos ဆိုတာက ဆောင်းရာသီကိုကိုယ်စားပြုတဲ့ ပန်းနာမည်လေးလို့လည်းပြောလို့ရပါတယ်။

ဒီပန်းလေးတွေက ကွင်းပြင်တစ်ခုလုံးမှာ ပျံ့ပြီးပွင့်လန်းနေပါတယ်။

http://unimo-chiharadai.com/shopguide/detail/?id=49

 

Cosmos အပင်ပေါင်း 12,000,000 လောက်ကို စိုက်ပျိုးထားပြီး ဆောင်းဦးရဲ့လေပြေလေညှင်းလေးတွေလည်း တိုက်ခတ်လို့နေပါတယ်။

ပန်းကြည့်ဖို့သွားလို့ရမယ့်အချိန်ကတော့ ၁၀ လပိုင်းလလယ်လောက်ကနေ ၁၀ လပိုင်းအကုန်လောက်ထိဖြစ်ပါတယ်။

■荒川コスモス畑
[TEL]048-541-1008(鴻巣市商工会)
[住所]埼玉県鴻巣市明用636-1 コスモスアリーナふきあげ周辺
[アクセス]関越道東松山ICより30分

 

Yamanakago Hananomiyakokōen

https://www.jalan.net/news/article/388753/

ဖူဂျီတောင်ကားကားကြီးရဲ့အလှနဲ့ ပန်းခင်းကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

အဲ့ဒီအဝါရောင်ပန်းလေးတွေကလည်း Cosmos ပန်းလေးတွေဖြစ်ပါတယ်။

ဖူဂျီတောင်ကြီးနဲ့ တွဲဖက်နေတဲ့အလှက အရမ်းကိုတင့်တယ်ပြီး ဓာတ်ပုံရိုက်လို့အကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ မှာရှိတာကြောင့် ပန်းပွင့်တဲ့ရာသီက နည်းနည်းလေးစောနေပါတယ်။

၁၀ လပိုင်းလလယ်လောက်ထိပဲဆိုတော့ မြန်မြန်လေးသွားလိုက်ကြပါနော်။

 

■山中湖 花の都公園

[TEL]0555-62-5587

[住所]山梨県南都留郡山中湖村山中1650

[営業時間]~10/15は8時30分~17時30分、10/16~2020年3/15は9時~16時30分

[定休日]12/1~2020年3/15の祝日を除く火

[料金]入園料~10/15は高校生以上500円、小中学生200円、10/16~11/30は高校生以上300円、小中学生120円 ※12/1~2020年3/15は入園料無料

[アクセス]東富士五湖道路山中湖ICより5分

 

Hitachi Kaihin kouen

https://www.jalan.net/news/article/388753/

 

Ibaraki မှာရှိတဲ့ နာမည်ကြီး ပန်းခြံကြီးတစ်ခုဖြစ်ပါတယ်။

Cosmos ပန်းလေးတွေလည်းလှသလို နီရဲနေတဲ့ Kochia ပန်းခင်းကြီးကလည်း အရမ်းကိုလှပါတယ်။

■国営ひたち海浜公園
[TEL]029-265-9001(ひたち公園管理センター)
[住所]茨城県ひたちなか市馬渡字大沼605-4
[営業時間]9時30分~17時 ※季節により変動あり
[定休日]月(祝の場合は翌日)
[料金]入園料高校生以上450円、中学生以下無料
[アクセス]常陸那珂道路ひたち海浜公園ICよりすぐ

 

Sakura Furusato Square

https://www.jalan.net/news/article/388753/2

နယ်သာလန်ရဲ့ လေဒလက်အိမ်ပုံစံက ဂျပန်နိုင်ငံရဲ့ရှု့ခင်းပုံစံမျိုးမဟုတ်ဘူးလို့ခံစားရတဲ့နေရာဘေးမှာ စက်ဘီးသွားလမ်းလေးရှိနေပါတယ်။

စက်ဘီးလေးနင်းရင်း ဆောင်းဦးရဲ့လေပြေလေညှင်းကြားမှာ ပန်းလေးတွေရဲ့အလှကို ခံစားနိုင်ပါတယ်။

ဆောင်းဦးရာသီရဲ့အရသာကို အပြည့်အဝခံစားနိုင်တဲ့နည်းလမ်းအဖြစ် ဒီနေရာလေးကို အမှတ်ပြည့်ပေးပါတယ်။

■佐倉ふるさと広場
[TEL]043-486-6000(佐倉市観光協会)
[住所]千葉県佐倉市臼井田2714
[アクセス]東関東道佐倉香取ICより30分

 

Akao Herb & Rose Garden

https://www.jalan.net/news/article/388753/2

 

ဆောင်းဦးရာသီမှာ Cosmos ပန်းတွေပဲလှတာမဟုတ်ပါဘူး။ နှင်းဆီပန်းတွေလည်း အရမ်းကိုလှပါတယ်။

ဒီနေရာလေးမှာ နှင်းဆီအမျိုးပေါင်း ၂၀၀ လောက်ရှိပြီး နှင်းဆီအပွင့်ပေါင်း ၂၀၀၀ လောက်က ဆောင်ဦးရာသီရဲ့အလှကိုဖော်ဆောင်နေပါတယ်။

ပန်းကြည့်လို့ရတဲ့အချိန်ကတော့ ၁၀ လပိုင်းအကုန်လောက်ကနေ ၁၁ လပိုင်း လလယ်လောက်ထိဖြစ်ပါတယ်။

■アカオハーブ&ローズガーデン
[TEL]0557-82-1221
[住所]静岡県熱海市上多賀1027-8
[営業時間]9時~17時(最終入園16時)
[定休日]12月・2020年1月の火、2020年1/8~10
[料金]入園料中学生以上1000円、小学生500円
[アクセス]東名沼津ICより1時間

 

 

Keisei နှင်းဆီခြံ

https://www.jalan.net/news/article/388753/2

နှင်းဆီပျိုးထောင်တဲ့နေရာမှာ ဂျပန်နိုင်ငံရဲ့အကောင်းဆုံးနဲ့ နာမည်အကြီးဆုံး နေရာလေးတစ်ခုဖြစ်ပါတယ်။

အမျိုးပေါင်း ၁၆၀၀ နဲ့ နှင်းဆီပင်ပေါင်း ၁၀,၀၀၀ လောက်က ဆောင်းဦးရာသီမှာ တင့်တင့်တယ်တယ်နဲ့ ပွင့်လန်းနေတာဖြစ်ပါတယ်။

■京成バラ園
[TEL]047-459-0106
[住所]千葉県八千代市大和田新田755
[営業時間]10月~11月は9時~17時、12月~2020年2月は10時~16時(最終入園各30分前)
[定休日]10月~11月はなし ※ほか臨時休業は公式HPで確認を
[料金]入園料(10月~11月)高校生以上1000円、小中学生200円
[アクセス]東関東道千葉北ICより30分

 

ဆောင်းဦးရာသီရဲ့ပန်းလေးတွေနဲ့ ဓာတ်ဖမ်းဖို့ ဂျပန်နိုင်ငံကို မလာချင်ကြဘူးလာ ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: