ဒါဘာလုပ်နေတာလဲ ?!!!

ကမ္ဘာတစ်ဝှမ်းလုံးက နိုင်ငံတိုင်းမှာ အခြားတိုင်းပြည်ကနေကြည့်ရင် ထူးထူးဆန်းဆန်းတွေလို့ မြင်ရတဲ့ ပြစ်ဒဏ်တွေရှိပါတယ်။
အမေရိကမှာဆိုရင် ‌ကျောင်းကားကိုမှီဖို့ လမ်းဘေးကကားနဲ့ အ‌ပြေးလိုက်ရတဲ့ ယောက်ျားလေးအနေနဲ့ ၂ရက်မြောက်နေ့မှာ ကားတွေကြပ်နေတဲ့ လမ်းဆုံမှာ ဒီလို စာရွက်ကိုင်ပြီး မတ်တပ်ရပ်ခဲ့တယ်တဲ့။

“ ကျောင်းကားကိုရှောင်ရှားဖို့အတွက် လမ်းဘေးတွင်ကားမောင်းခြင်းသည်မိုက်မဲရာဖြစ်သည်”
ဒါဟာတော်တော်လေးချစ်စရာကောင်းတဲ့ပြစ်ဒဏ်ပါ။

ဒါကရော ဘာလုပ်နေလဲသိလား ?

これは耐えられない…江戸時代の僧侶の追放の様子が羞恥プレイ過ぎる…。

ဆာမူရိုင်းတွေရှိတဲ့ အဲဒိုခေတ်က ဂျပန်မှာဆိုရင် ဘုရားကျောင်းဗိမာန်တော်တွေမှာ ကိုယ်ပိုင်စည်မျဉ်းတွေရှိခဲ့တယ်လို့ဆိုပါတယ်။
ဗိမာန်တော်တွေကနေ နှင်ထုတ်ခံရလောက်တဲ့ ပြဿနာကို ကျူးလွန်တဲ့ တရားခံတွေကို ပြစ်ဒဏ်အနေနဲ့ ပြုလုပ်တာတဲ့။

ဒါဟာ ရယ်စရာမဟုတ်ဘဲရှက်စရာမဟုတ်ပေလော။
ဒါတင်ပဲမဟုတ် ဒီလို စတိုင်ဖြစ်လာရတဲ့ သေချာတဲ့အကြောင်းပြချက်ရှိခဲ့ပါတယ်။ဒီအဝတ်စည်းကို ဘောင်းဘီကဲ့သို့အသုံးပြုထားပြီး ဒါကအဝတ်တစ်ထည်ကိုယ်တစ်ခုအဓိပ္ပာယ်ပါပဲ။

ငါးသည်အစားအစာရဲ့ ပုံရိပ်ဖြစ်ပြီး ထီးသည်နေစရာနေရာတစ်ခုဖြစ်ပါတယ်။

လူတစ် ဦး နေထိုင်ရန် အလိုအပ်ဆုံးစားဝတ်နေရေးဆိုတာကို ဖော်ပြထားတဲ့ အဝတ်၊ အစားအစာနှင့်အမိုးအကာ သုံးခုကိုလူသားချင်းစာနာထောက်ထားမှုဖြင့်ထည့်သွင်းစဉ်းစားခဲ့ပုံပါပဲ။
ဒါတွေရှိလို သင့်ကို နှင်ထုတ်ပြီး အပြစ်ပေးရခြင်းက သနားစရာမခံရဘူးဆိုတဲ့ ပုံမျိုးနဲ့ အပြစ်ပေးခြင်းဖြစ်ပါတယ်။

အဲဒီတုန်းက ဘုန်းကြီးတွေကသက်သတ်လွတ်တွေပဲစားကြပြီး
ငါးကို ကိုက်ခိုင်းစေတယ်ဆိုတာက လူ့ပြန်ထွက်လာခြင်းကိုလည်းဆိုလိုတဲ့ အဓိပ္ပာယ်မျိုးလည်း ဖြစ်ပုံရပါတယ်။
ဒီပုံစံနဲ့ မြို့ပတ်လည် လမ်းလျှောက်စေတာ ဖြစ်နိုင်ပါတယ်။

လေးဖက်ထောက်ကာသွားတဲ့အတွက် ခြေလေးချောင်းရှိသည်ဟု ဟန်ဆောင်ခိုင်းခြင်းသည် သတ္တဝါနှင့်တူသည်ဟုဆိုလိုတာပါ။
ဒါကတကယ်ရှက်စရာကောင်းတယ်ဒီလောက်တောင် ဘုန်းကြီးတစ်ပါးအတွက် ဘယ်လိုအပြစ် လုပ်လို့ ဒီလိုပြစ်ဒဏ်ပေးရသလဲနော်. . .

သို့သော် ငါးတစ်ကောင်ကို သတ်ပြီး ဘုန်းကြီးကို ကိုက်ထားဖို့အတွက်က ဘယ်လိုကြောင့်လဲဆိုတာကို သံသယရှိပေမယ့် ဒီအကြောင်းကိုတော့ စာထဲမှာမရေးထားခဲ့ပါဘူး။

စွပ်စွဲမှုတွေ ရိုက်နှက်မှုတွေသာမက သေဒဏ်စီရင်ချက်များစွာရှိခဲ့တဲ့ အဲဒိုကာလမျိုးမှာ
ဒီပြစ်ဒဏ်ကတော့ ရယ်စရာကောင်းပြီး ချစ်စရာလည်းကောင်းတဲ့ လို့ မြင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: