တိုကျို Shinjuku က Giant Cat !!!
Shinjuku ဘူတာရဲ့ အရှေ့ဘက်ထွက်ပေါက်အနီးမှာ ဒစ်ဂျစ်တယ် display နဲ့ပြသထားတဲ့ ကြောင်လေးတစ်ကောင်ရှိတာကို သတိထားမိပါသလား?
အလားတူအလွန်သဘာဝကျတဲ့ 3D display များကိုယခင်က တရုတ်နိုင်ငံရဲ့ Chengdu နဲ့တောင်ကိုရီးယားရှိ Seoul တို့မှာ တပ်ဆင်းထားပြီးဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်အမြင်အာရုံကိုလှည့်စားတဲ့နေရာမှာ ယခင်ကလှိုင်းပုံစံကိုအသားပေးဖော်ပြခဲ့ပေမဲ့၊ ဂျပန်ကိုရောက်လာတဲ့အခါမှာတော့ ကြီးမားတဲ့ကြောင်တစ်ကောင်အဖြစ်ဗားရှင်းပြောင်းသွားပါတယ်။
https://www.avinteractive.com/news/
ဒါနဲ့ ဘာကြောင့်ဂျပန်ဗားရှင်းမှာတော့ ကြောင်ကိုအသုံးပြုရသလဲဆိုတာ စဥ◌်းစားမိပါသလား?
တစ်ခုသိထားရမှာက ဂျပန်ဟာ Hello Kitty ကိုဖန်တီးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဂျပန်မှာက cat cafe များလည်းရှိပြီး၊ ဗုဒ္ဓဘုရားကျောင်းတွေမှာ ကံကောင်းစေတဲ့ကြောင်ကို ဂါရဝပြုတာမျိုးလည်းရှိပါတယ်။
Nippon News Network သတင်းဌာနရဲ့ဖော်ပြချက်အရ၊ ၎င်း 4K ကွေးနေတဲ့ဖန်သားပြင်ဟာ အဆောက်အဦးရဲ့ ၂ လွှာစာအမြင့်ရှိပြီး၊ အလျားမှာ ၁၅၀ စတုရန်းမီတာကျော်ရှိပါတယ်။
ဒီကြောင်လေးဟာ မနက် ၇ နာရီဆိုနိုးနေပါပြီ။နေ့ဘက်မှာတော့ အပေါ်ကနေခုန်ချတော့မယ့်ပုံစံမျိုးဖြစ်ပြီး၊ ညသန်းခေါင်ယံကျော် နံနက် ၁ နာရီဆိုရင်တော့ သူကပြန်အိပ်ပျော်သွားပါတယ်။
Shinjuku မှာနေတဲ့လူတွေသတိထားမိမယ်ထင်တယ်နော်?
ဒီကွန်ပျူတာဖန်သားပြင်ကို Cross Shinjuku Vision လို့ခေါ်ပါတယ်။ နောက်ထပ်နာမည်တွေရှိပါသေးတယ်။
kyodai mikeneko (巨大三毛猫)
“giant calico cat”
“giant cat (kyodai neko, 巨大ネコ) စသဖြင့်…
Cross Shinjuku Vision ကိုတော့ဇူလိုင်လ ၁၂ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။
JAPO Myanmar