ဆာကူရာပန်းနဲ့ ပေါင်းစပ်ထားတဲ့ Sneaker

ဆာကူရာပန်းလေးတွေဟာ တစ်ခဏအတွင်းမှာပဲ ကြွေကျသွားတတ်ကြပါတယ်။
ဒီလိုကြွေကျနေတဲ့အလှကို တစ်ကမ္ဘာလုံးက နှစ်သက်ကြပါတယ်။
ဂျပန်လူမျိုးတွေဟာလည်း ဆာကူရာဆိုရင် သိပ်ကြိုက်ကြတာသေချာပါတယ်။
ဒီလိုဆာကူရာပန်းလေးတွေကို နှစ်သက်တဲ့သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကုန်ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။
https://mag.japaaan.com/archives/97116
ဆာကူရာပန်းရောင် sneaker ဖြစ်ပါတယ်။
အရောင်လေးက ပန်းရောင်လေးဆိုတော့ချစ်စရာလေးနော်…
ဒါပေမယ့် ဘာမှလည်းစိတ်ဝင်စားဖို့မကောင်းပါဘူး… လို့တွေးနေမိရင် ခဏနေပါဦး….
သေချာကြည့်ကြည့်လိုက်နော် …
https://mag.japaaan.com/archives/97116
သေချာကြည့်ပြီးပြီ ! ဘာမှလည်းမထူးခြားဘူးနော်…
တကယ်တော့ ကြည့်ရုံနဲ့မသိနိုင်တဲ့ ဆာကူရာပန်းအစစ်တွေကနေရလာတဲ့ အရောင်ကိုဆိုးဆေးအနေနဲ့ သုံးထားတာဖြစ်ပါတယ်။
ဆာကူရာပန်းရဲ့အလှဆုံးအချိန်ကိုကျော်လွန်သွားတဲ့ ပန်းပွင့်တွေကြွေကျလာတာကို စုဆောင်းထားပြီး ပန်းရောင်ကိုထုတ်လုပ်ပါတယ်။
အဲ့ဒီရလာတဲ့ အရောင်နဲ့အရောင်ဆိုးပြီး ဒီပန်းရောင် Sneaker ကိုရရှိလာတာဖြစ်ပါတယ်။
ALL STAR FOOD TEXTILE HI ဆိုတဲ့စီးရီးမှာ အရောင် ၃ မျိုးထွက်ပါတယ်။
https://mag.japaaan.com/archives/97116
ဒါကို လွင့်ပစ်ဖို့ဖယ်ထားတဲ့ အသီးအရွက်တွေနဲ့ အစားအစာတွေကနေရတဲ့ အရောင်တွေကို အသုံးပြုထားပါတယ်။
ညာဘက်ခြမ်းက အပြာရောင်ကို Blue Mallow ဆိုတဲ့ ဆေးဘက်ဝင်အပင်နဲ့ရနံ့ကို ပေါင်းစပ်ပြီးပြုလုပ်ထားတာဖြစ်ပါတယ်။
ဆေးဖင်ဝင်ရေနွေးကြမ်းပြုလုပ်တဲ့အခါမှာ ကျန်ရှိနေခဲ့တဲ့စွန့်ပစ်ပစ္စည်းကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။
အလယ်ကတော့ ကော်ဖီကနေ လုပ်ထားတာဖြစ်ပါတယ်။
စစ်ပြီးကျန်ခဲ့တဲ့ ကော်ဖီစေ့တွေကို လွင့်ပစ်မယ့်အစား အဲ့ဒီကနေရတဲ့ အရောင်ကို အသုံးပြုထားတာဖြစ်ပါတယ်။
နောက်ပြီး ညာဘက်ကအရောင်နဲ့ ပတ်သက်ပြီးမိတ်ဆက်ပေးမှာဖြစ်ပါတယ်။
https://mag.japaaan.com/archives/97116
ဆာကူရာပန်းကို ၂၀၁၁ ခုနှစ်မှာ ဂျပန်နိုင်ငံအရှေ့ပိုင်းက ငလျင်ကြီးကျရောက်ခဲ့ရာ ချယ်ရီပင်စိုက်ပျိုးရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေလှုပ်ရှားမှုလုပ်ကိုင်ခဲ့ပါတယ်။
လူတွေက အဲ့ဒီဖိနပ်ကိုဝယ်ရင် ရလာတဲ့ငွေကို ငလျင်ဘေးသင့်နယ်မြေအတွက် ဆာကူရာပန်းတွေ ပြန်လည်စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။
ဝယ်ယူတဲ့သူကတော့ ချယ်ရီပင်တွေအများကြီး ကိုယ်ဆီကိုရောက်နေသလို ခံစားရမှာဖြစ်ပါတယ်။
နောက်ပြီး ဒီလိုလုပ်တာက ဆာကူရာပင်တွေကို ပိုပြီးတိုးပွားစေတာကြောင့် အရမ်းကိုကောင်းတဲ့ အကြံဉာဏ်ဖြစ်ပါတယ်။
ဆာကူရာပန်းကြိုက်သူတို့ရေ ဆာကူရာနဲ့လုပ်တဲ့ဖိနပ်ကို မစီးချင်ကြဘူးလား?