ဆာကူရာပန်းနဲ့ ရဲတိုက်ကြီးတွေရှိတဲ့ ဂျပန်နိုင်ငံရဲ့ ရှုခင်းတွေဆီ သွားကြစို့

၃ လပိုင်းအကုန် ၄ လပိုင်းလို့ပြောလိုက်တာနဲ့ ဆာကူရာပန်းတွေရဲ့ရာသီဆိုတာကို သိကြလိမ့်မယ်ထင်ပါတယ်။

ဂျပန်နိုင်ငံကိုသွားရောက်တဲ့သူတွေအများဆုံးအချိန်လည်းဖြစ်ပါတယ်။

ပန်းတွေကိုနှစ်သက်တဲ့သူတွေအတွက် အရမ်းကိုလှပတဲ့ရှုခင်းတွေဖြစ်တဲ့အတွက်ကြောင့် အံ့သြစရာကောင်းလောက်အောင်လှတဲ့ နေရာလေးတစ်နေရာရှိပါတယ်။

 

ဆာကူရာနဲ့ရဲတိုက်

 

ဂျပန်နိုင်ငံရဲ့အလှတရားလို့တောင် မှတ်ယူရလောက်တဲ့ အကောင်းဆုံးနေရာလေးတွေရှိပါတယ်။

အခုပဲမိတ်ဆက်ပေးပါမယ်။

 

弘前公園(ひろさきこうえん)ဟိရိုဆခိ ပန်းခြံ

https://www.jalan.net/news/article/321023/

အပင်ရဲ့သက်တမ်းက နှစ်ပေါင်း 100 လောက်ကျော်လွန်နေပြီဖြစ်ပြီး ချယ်ရီပင်ကြီးတွေနဲ့ ရဲတိုက်ကြီးနဲ့ယှဥ်တွဲထားတာကိုမြင်တွေ့ရတာက အကောင်းဆုံးပါပဲ။

ရဲတိုက်ရဲ့ပတ်ဝန်းကျင်မှာ ကျုံးကြီးရှိပြီး ရေမျက်နှာပြင်ပေါ်မှာ ပန်းတွေကြွေကျနေပြီး ကျုံးရေတလျှောက် ပန်းရောင်သန်းနေပါတယ်။

https://www.jalan.net/news/article/321023/

ဟိရိုဆမ ပန်းခြံမှာ အမျိုးအစား ၅၂ မျိုးရှိတဲ့ ဆာကူရာပန်းတွေကို စိုက်ပျိုးထားပြီး ပန်းပွင့်တဲ့အချိန်မှာဆိုရင် မှင်သက်သွားရလောက်အောင်ကို လှပပါတယ်။

青森県 (あおもりけん) အအိုမိုရိစီရင်စုမှာအေးတဲ့အတွက်ကြောင့် ဆာကူရာပန်းတွေပွင့်တာ နောက်ကျပါတယ်။

၄ လပိုင်းလောက်နေ ၅ လပိုင်းအစပိုင်းလောက်ထိ ပန်းတွေအပြည့်ပွင့်တဲ့ရာသီဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ၃ လပိုင်းအကုန်လောက်ကနေ ၄ လပိုင်းလလယ်လောက်မှာ လေယာဥ်လက်မှတ်တွေဈေးကြီးတာက ဆာကူရာပန်းတွေအပြည့်ပွင့်နေတဲ့အချိန် ဖြစ်တာကြောင့်ဖြစ်ပါတယ်။

တိုကျိုမြို့ကနေအနည်းငယ်ကွာဝေးပေမယ့် ဒီလိုရှု့ခင်းတွေကိုမြင်ရမှာဖြစ်တာကြောင့် အချိန်နဲ့ ငွေကြေးကိုတော့ အကုန်ကျခံရပါလိမ့်မယ်။

 

霞城公園(かじょうこうえん)ခဂျောပန်းခြံ

https://jp.zekkeijapan.com/spot/index/789/

山形県(やまがたけん) ယမဂတ စီရင်စုမှာရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။

ကျုံးရဲ့ဘေးမှာစိုက်ထားတဲ့ ဆာကူရာပန်းတွေအပြည့်ပွင့်နေတဲ့အပင်ကြီးရဲ့ ညနေခင်းဟာ အရမ်းကိုတောက်ပနေပါလိမ့်မယ်။

မီးတွေထွန်းထားပြီး ရေမျက်နှာပြင်မှာ အရိပ်ပေါ်နေတဲ့ ဆာကူရာပန်းတွေဟာ အရမ်းကိုဆန်းကြယ်တဲ့အလှတစ်ခုအနေနဲ့ ရှိနေပါတယ်။

ဒီနေရာဟာလည်း အအိုမိုရိလောက်မရှိဘူးဆိုပေမယ့် မြောက်ပိုင်းမှာရှိတာကြောင့်ပန်းပွင့်တဲ့အချိန်နောက်ကျတာဖြစ်ပါတယ်။

 

大多喜城(おおたきじょう)အအိုတခိဂျော

http://blog.livedoor.jp/tktms/archives/51783682.html

အအိုမိုရိ၊ ယမဂတတို့နဲ့အလှမ်းဝေးနေတယ်ဆိုရင် ဒီရဲတိုက်ကိုသွားလည်မယ်ဆိုရင်ရော ဘယ်လိုလဲ?

တိုကျိုကနေဆိုရင် နေ့ချင်းပြန်ခရီးသွားလို့ရပါတယ်။

တကယ်တော့ ပန်းပွင့်တဲ့အချိန်က မတ်လနှောင်းပိုင်းကနေ ဧပြီလအစောပိုင်းမှာဖြစ်ပါတယ်။

ဒီအချိန်က လေယာဥ်လက်မှတ်ဈေးအကြီးဆုံးအချိန်နဲ့တိုက်နေပေမယ့် အဲ့ဒီအချိန်ကိုမှ ရွေးပြီးသွားမယ်ဆိုရင်တော့ ဒီနေရာလေးက အကောင်းဆုံးပါပဲ။

ဆာကူရာပန်းတွေပွင့်တဲ့အချိန်ကနေ ကြွေကျသွားတဲ့အချိန်ဟာ တစ်ပတ်လောက်ပဲအချိန်ရပါတယ်။

နောက်ပြီးတော့ ၃ လပိုင်းဟာ အပူချိန်အတက်အကျပြောင်းလဲနေပြီး ဘယ်အချိန်ပွင့်လာမလဲဆိုတာကို အတိအကျတွက်ချက်လို့မရပါဘူး။

ဆာကူရာပန်းတွေကိုကြည့်ဖို့အတွက် ဂျပန်နိုင်ငံကိုသွားခဲ့ပေမယ့် မမြင်ခဲ့ရတဲ့သူတွေလည်းများပါတယ်။

ဒါပေမယ့် အပေါ်မှာတွေ့ခဲ့ကြတဲ့အတိုင်း တိုဟိုကုဒေသကိုသွားမယ်ဆိုရင် ပန်းပွင့်ချိန်ဟာ ၄ လပိုင်းအကုန်နဲ့ ၅ လပိုင်းအစဖြစ်ပါတယ်။

၃ လပိုင်းအကုန်နဲ့ ၄ လပိုင်းအစ တိုကျိုအနီးနားတစ်ဝိုက်မှာ ဆာကူရာပန်းတွေပွင့်ပြီးနောက်မှာမှ မြောက်ပိုင်းမှာရှိတဲ့ ဆာကူရာပန်းတွေပွင့်တာဖြစ်ပါတယ်။

၄ လပိုင်းအစကနေ အကုန်လောက်ကိုတွက်ချက်ပြီး ဂျပန်နိုင်ငံကိုသွားရောက်တဲ့အခါ တိုဟိုကုကို ဦးတည်မယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် အပြည့်ပွင့်နေမှာဖြစ်တဲ့အတွက်ကြောင့် ဆာကူရာပန်းတွေကို မြင်နိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးအချိန်ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ခရီးစဥ်တွေကို ဒီလိုပြောင်းလဲလို့မရပေမယ့် ဆာကူရာကြည့်ချင်တဲ့သူတွေများမယ်ဆိုရင် JAPO ခရီးစဥ်မှာပါဝင်ဖို့ စိတ်ဝင်စားပါသလား?

ဆာကူရာပန်းတွေအပြည့်ပွင့်နေတာကို မြင်ရမယ့်ခရီးစဥ်ကို စိတ်ဝင်စားတယ်ဆိုရင်တော့ JAPO ကို ချက်ချင်းဆက်သွယ်လိုက်ပါနော်။

[email protected]

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: