Steve jobs ကိုယ်တိုင်ဘုန်းကြီးဝတ်ချင်ခဲ့တဲ့ဘုရားကျောင်းမှာ ဂျပန်ဘုန်းကြီးတို့ မည်သို့သီတင်းသုံးရသနည်း ?

ဂျပန်နိုင်ငံမှာယုံကြည်သက်ဝင်တဲ့ဗုဒ္ဓဘာသာဟာ အခြားသောနိုင်ငံတို့ရဲ့ဗုဒ္ဓဘာသာနဲ့အတူတူပဲလို့ဆိုနိုင်ပေမဲ့၊ အာရှနိုင်ငံတို့နဲ့တော်တော်လေးမတူညီကွဲပြားမှုတွေရှိနေပါတယ်။
ဗုဒ္ဓရုပ်ပွားတော်အပြင် ဘုန်းကြီးကျောင်းဆောင်ဆောက်လုပ်ခြင်းမှာပါ ကွဲပြားခြားနားရုံသာမကဘဲ၊ လက်ထပ်ထမ်းမြှားခြင်းအမှုပါပြုလုပ်နိုင်တယ်ဆိုတာက ကြီးမားတဲ့ထူးခြားချက်ပင်ဖြစ်ပါတယ်။

“ ဂျပန်ရဲ့ ဘုန်းကြီးဘဝဟာ, လောကီကိလေသာနဲ့ဆက်နွယ်မနေဘူးလား?”

လို့မေးခွန်းထုတ်လာသူတွေရှိပါတယ်….
ဒီလိုဘုန်းကြီးတွေက ဘယ်လိုသီတင်းသုံးနေထိုင်နေကြသလဲ? လေ့လာကြည့်ကြရအောင်…

စည်းကမ်းတင်းကျပ်လွန်းတဲ့နေရာမှာကျော်ကြားတဲ့ Fukui စီရင်စုက 永平寺Eiheiji ဘုရားကျောင်းကို ဥပမာထားပြီး ကြည့်ကြပါစို့…

 

https://ja.wikipedia.org/wiki/永平寺

 

ဒီဘုရားကျောင်းဟာ ၁၂၄၄ ခုနှစ်ကနေ ယနေ့တိုင်တည်ရှိနေတဲ့ သမိုင်းဝင်ဘုရားကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပေမဲ့၊ ခရီးသွားဧည့်သည်တို့ကို ဆူညံ့မှုမပြုလုပ်ခိုင်းပဲတိတ်ဆိတ်စွာနေခိုင်းခြင်းကြောင့် ၎င်းရဲ့စည်းကမ်းတင်းကျပ်မှုဖြင့်နာမည်ကြီးပါတယ်။
ထိုနေရာမှာ ဘုန်းကြီးတွေရဲ့ ၁ ရက်တာသီတင်းသုံးမှုကတော့ ဒီလိုပဲဖြစ်ပါတယ်။

နံနက် ၃ နာရီခွဲအုန်းမှုတ်ခေါက်တယ်။ (ဆောင်းတွင်းဆို ၄ နာရီခွဲ)
အုန်းမှုတ်ခေါက်ပြီးတာနဲ့ချက်ချင်း တရားထိုင်ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ မနက်ပိုင်းဘုန်းတော်ကြီးက မေတ္တာသုတ်ကိုရွတ်ဖတ်ပါတယ်။

 

https://daihonzan-eiheiji.com/unsui.html

 

ထို့နောက် မနက်စာဆွမ်းစားပြီးနောက်မှာတော့ နံနက်ပိုင်းတရားထိုင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်း၊ စာပေကျမ်းဂန်လေ့လာခြင်းများပြုလုပ်ပါတယ်။

နေ့လည်ဆွမ်းစားပြီးနောက်မှာလည်း နံနက်ကလိုပဲ၊ တရားထိုင်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကျမ်းဂန်များလေ့လာခြင်းတို့ကို ဆက်လုပ်ဆောင်ပါတယ်။
ညနေပိုင်းမှာလည်း နောက်တစ်ကြိမ်သုတ်ကိုရွတ်ဖတ်ပူဇော်ပြီးနောက်မှ ဆွမ်းစားပါတယ်။
ထို့နောက်မှာတော့ တရားထိုင်ခြင်းဖြင့်စိတ်တည်ငြိမ်စေပြီးမှ ၉ နာရီလောက်မှာအိပ်စက်ပါတယ်။

နေ့လည်ခင်းအိပ်စက်ခြင်းကရော?? ဟုတ်ပါတယ်။ မရှိပါဘူး။
ကျောင်းဆောင်သန့်ရှင်းရေးလုပ်ငန်းစဥ်မှာ အခြေခံအားဖြင့်ဝင်ရောက်ပါဝင်အားဖြည့်ရပါတယ်။
ထိုလှုပ်ရှားမှုတွေကိုကြည့်လိုက်ပါ။

 

 

 

နေ့စဥ် စေ့စပ်စွာသန့်ရှင်းရေးလုပ်ခြင်းကြမ်းတိုက်ခြင်းတို့ကြောင့် ကျောင်းဆောင်ရဲ့ကြမ်းပြင်ဟာ တလဲ့လဲ့လင်းလဲ့တောက်ပလို့နေပါတယ်။
မိမိမျက်နှာပြန်လည်မြင်ရသည်အထိ ကြမ်းပြင်ရဲ့လှပမှုဟာလည်း 永平寺Eiheiji ဘုရားကျောင်းရဲ့ အဓိကအချက်များထဲက တစ်ခုပင်ဖြစ်ပါတယ်။
ကျောင်းဆောင်အပြင်ဘက် အားလုံးပြီးပြည့်စုံတဲ့သန့်ရှင်းရေးကြောင့် တစ်စုံတစ်ရာအပြစ်ဆိုဖွယ်မရှိ ပြည့်စုံနေပါတယ်။
ဒါကြောင့် ဘယ်လိုပဲကြည့်ကြည့် ဘုန်းကြီးဘဝဟာပျော်စရာကောင်းတယ်လို့မမြင်ရပါဘူး။

 

 

 

永平寺Eiheiji ဘုရားကျောင်းကို ကျောင်းဆောင် ဆောင်ဖြင့်ဆောက်လုပ်ထားပါတယ်။ ထိုအထဲကတစ်ခုကို ဖော်ပြလိုက်ပါတယ်။
ကြီးမားကျယ်ပြောလှတဲ့မျက်နှာကျက်မှာ 昭和Shōwa ခေတ်အစောပိုင်း နာမည်ကြီးပန်းချီပညာရှင် ၁၄၄ ဦးတို့ရဲ့ ပန်းချီလက်ရာပေါင်း ၂၃၀ ခုကိုစီတန်းထားပါတယ်။

 

 

https://gurutabi.gnavi.co.jp/a/a_2012/

 

အခန်းတစ်ခန်းချင်းစီကိုဖွဲ့ထားတဲ့အပေါ်ဘက်မှာတော့ ဒီလိုလှပတဲ့သစ်သားပန်းပုများကိုပါတွေ့နိုင်ပါတယ်။


နောက်ပြီးသေချာတာကတော့ ဖုန် ၁ မှုန်တောင်မရှိပါဘူး။

ဒီအပြင်ခန်းမမှာလည်းရှိခိုးနိုင်ပါတယ်။


ပရဝုဏ်ရဲ့အပြင်အဆင်ကလည်း သေသပ်လှပါတယ်။

 

ခရီးသွားတွေရဲ့ စိတ်အတွင်းထဲကနေသဘောကျကျေနပ်ရခြင်းကတော့ သီတင်းသုံးနေတဲ့ဘုန်းကြီးတို့ရဲ့စေ့စပ်လှတဲ့လုပ်ဆောင်မှုနဲ့ သန့်ရှင်းရေးရဲ့ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်။

ဒီအပြင်အရေးကြီးဆုံးကတော့ ဒီဂိတ်တံခါးပါ။

 

 

ဒီဂိတ်တံခါးမှာ လူသားကို ၂ ကြိမ်သာလျှင်ဖြတ်သန်းဖို့ခွင့်ပြုထားပါတယ်။
ပထမတစ်ကြိမ်က အဝင်ဖြစ်ပြီး…
ဒုတိယတစ်ကြိမ်ကတော့ လာရောက်လေ့လာခြင်းပြီးနောက် 永平寺Eiheiji ဘုရားကျောင်းကနေ ပြန်ထွက်ခွာချိန်ဖြစ်ပါတယ်။
ဒီ ၂ ကြိမ်သာခွင့်ပြုထားပါတယ်။

ဒီလိုစည်းကမ်းတင်းကျပ်တဲ့ဘုရားကျောင်းဟာ တကယ်တော့ Steve jobs ကိုယ်တိုင်မကြာခဏလာရောက်လည်ပတ်ခြင်းကြောင့်လည်း နာမည်ကြီးပါတယ်။
သူဟာ ဒီဘုရားကျောင်းမှာဘုန်းကြီးဝတ်ဖို့ကြိုးစားခဲ့ဖူးတယ်တဲ့……
သို့သော် ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီးထံမှ နားချခြင်းကိုခံယူပြီး လက်လျှော့ခဲ့ပါတယ်။

“ ဒကာကြီးမှာလုပ်စရာတွေရှိနေသေးတယ်။ ဒါကိုအရင်ဆုံးလုပ်ပါ”

လို့ ကျောင်းထိုင်ဆရာတော်က မှာကြားလိုက်ပါတယ်။

ဤကဲ့သို့ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ဘုရားကျောင်းကို တစ်ဖက်ကနေပုံဖော်ပေးနေတဲ့ဘုန်းကြီးတို့ရဲ့ လုံ့လထုတ်မှုဟာ သာမန်ထက်ကြီးမားတယ်လို့ဆိုရပါမယ်။
စာဖတ်သူတို့တိုင်းပြည်နဲ့ယှဥ်ကြည့်မယ်ဆိုရင်ရော ဘယ်လိုသဘောရပါသလဲ?
စာဖတ်သူတို့ယဥ်ကျေးမှုကိုလည်း သိချင်ပါသေးတယ်။

တိုကျို၊ အိုဆာကာတို့ကနေဆို နည်းနည်းတော့ဝေးပါတယ်။ ဒါပေမဲ့ 永平寺Eiheiji ဘုရားကျောင်းကို သေချာပေါက်သွားလည်ပတ်ကြည့်စေချင်ပါတယ်။
အမှန်တကယ် စိတ်လှုပ်ရှားသွားမယ်လို့ အာမခံပါတယ်။

大本山 永平寺
福井県吉田郡永平寺町志比5-15

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: