ဂျပန်နိုင်ငံရဲ့ နွေဦးပန်းကလေးများ

ဂျပန်နိုင်ငံရဲ့ နွေဦးလို့ဆိုလိုက်တာနဲ့ ဆာကူရာပန်းရဲ့ ပုံရိပ်ကို မြင်ယောင်ကြတဲ့သူတွေများမယ်လို့ထင်ပေမယ့် ဆာကူရာပန်းအပြင် ဂျပန်ရဲ့နွေဦးပန်းကလေးတွေက အမျိုးအစားစုံစုံလင်လင်နဲ့ သိပ်ကိုလှပပါတယ်။

ဆာကူရာပန်းတွေက တစ်ပတ်အတွင်းမှာကြွေကျသွားပြီး ပွင့်တဲ့အချိန်ကို ခန့်မှန်းရခက်ပါတယ်။

ကြည့်ဖို့အခွင့်ရေးရှိရင်တောင် ကံကောင်းလှပြီဆိုပြီး ဂျပန်နိုင်ငံကိုသွားတဲ့သူတွေက စိန်ခေါ်မှု တစ်ခုကို လုပ်လိုက်ရသလိုပါပဲ။

ဂျပန်နိုင်ငံကိုသွားရောက်လည်ပတ်ချင်တဲ့သင့်အတွက် သိပ်ကိုလှပတဲ့တောတောင်ရှုခင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

https://retrip.jp/articles/82882/

https://www.gnavi.co.jp/amex/miharashinooka/

ဘယ်လိုလဲ ? သွားချင်နေပြီမလား ?

Nemophila လို့ခေါ်တဲ့ပန်းတွေက မြက်ခင်းပြင်မှာ အပြာရောင်ပန်းကလေးတွေအဖြစ် အပြည့်ပွင့်နေပါတယ်။

ကမ္ဘာ့နံပါတ်တစ် Nemophila ရှုခင်းကို 茨城県 အီဘရခိ စီရင်စုရဲ့  ဟိတချိနကာ ပင်လယ်ကမ်းခြေပန်းခြံကြီးမှာ ကြည့်ရှု့ခံစားနိုင်ပါတယ်။

Nemophila ပန်းပွင့်ပေါင်း 4,500,000 ပွင့်နေပြီး မျက်နှာပြင်ကျယ်ကြီးလိုမျိုး အပြည့်ဖြစ်နေပါတယ်။

ပန်းပွင့်တဲ့ရာသီကတော့ ၄ လပိုင်းကုန်ခါနီးလောက်ကနေ ၅ လပိုင်းလလယ်လောက်အထိ ဖြစ်ပါတယ်။

တစ်လလောက်တောင်အချိန်ရှိပြီး ဆာကူရာထက် ပွင့်မယ့်အချိန်ကိုပိုပြီးခန့်မှန်းရ လွယ်တာကြောင့် မမြင်လိုက်ရဘူးဆိုတာမျိုးဖြစ်ခဲတဲ့ ဒီပန်းလေးတွေကိုကြည့်ဖို့ အကောင်းဆုံးနေရာလေးဖြစ်ပါတယ်။

ကောင်းကင်ပြာကြီးနဲ့ မြေပြင်ပေါ်မှာ Nemophila အပြာရောင်ပန်းပွင့်တွေအပြည့်ဖြစ်နေတဲ့ ရှုခင်းရဲ့ရင်သပ်ရှုမောဖွယ်အလှကို ခံစားရမှာဖြစ်ပါတယ်။

အပြာရောင်ကမ္ဘာလေးထဲကို တစ်ခါလောက်မသွားကြည့်ချင်ဘူးလား ?

အလားတူ ဟိတချိနကာ ပင်လယ်ကမ်းခြေပန်းခြံမှာ Nemophila တစ်ခုတည်းမဟုတ်ပါဘူး။

ပွင့်တဲ့ရာသီက အတူတူလောက်ဖြစ်ပြီး 水仙 ဆူအိဆန်း နဲ့ Tulip ပန်းတွေလည်း လှလှပပ ပွင့်လန်းလျက်ရှိပါတယ်။

https://www.gnavi.co.jp/amex/miharashinooka/

နွေရာသီရောက်လာရင်တော့ တခြားအပင်လေးတွေပေါက်လာပါတယ်။

コキア ခိုခိအ ဆိုတဲ့အပင်တွေကလည်း အရမ်းကိုလှပါတယ်။

https://tabizukan.com/images/B21DD60C200E142F4054182A7B884C4B

အဲ့ဒီခိုခိအ အပင်တွေက ဆောင်းဦးမှာဆို ဒီလိုအရောင်မျိုးဖြစ်ပါတယ်။

https://retrip.jp/articles/82882/

မြန်မာနိုင်ငံက ပန်းကြိုက်တဲ့မမတို့ အခုချက်ချင်းထသွားချင်လောက်အောင် လှတဲ့နေရာက ひたちなか海浜公園 ဟိတချိနကာ ပင်လယ်ကမ်းခြေနားက ပန်းခြံဖြစ်ပါတယ်။

တိုကျိုအနီးအနားကို ရောက်တဲ့အချိန်ကျရင် သေချာပေါက်ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော်။

 

国営ひたちなか海浜公園

茨城県ひたちなか市馬渡大沼605-4

029-265-9001

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: