နာမည်ကြီး ဖူဂျီတောင်ပန်းချီကားကို ရေးဆွဲခဲ့သော ပန်းချီဆရာ၏ ဘဝအကြောင်းတစ်စေ့တစ်စောင်း
စာဖတ်သူတို့ ဒီပန်းချီကားတွေကိုမြင်ဖူးပါသလား?
ဂျပန်ကိုကိုယ်စားပြုတဲ့ ပန်းချီကား လို့ပြောကြတဲ့အတွက်၊ လူတော်တော်များများ မြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ဒီပန်းချီကားကို 富嶽三十六景(ふがくさんじゅうろっけい)Thirty-six views of Mt. Fuji လို့ခေါ်ပြီးတော့၊ စာရွက်ပေါင်း ၄၆ ရက်နဲ့ရေးဆွဲထားတဲ့ ဖူဂျီတောင်ရဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။
富嶽ဆိုတာ ဖူဂျီတောင်ကိုခေါ်ထားခြင်းဖြစ်ပါတယ်။
三十六景ကတော့ တစ်နည်းအားဖြင့် ရှုခင်းပေါင်း ၃၆ ခုလို့အဓိပ္ပါယ်ရပေမဲ့၊ ရောင်းအားကောင်းစေဖို့အတွက် ထည့်ပေါင်းပြီး ၄၆ ရွက်ဆိုပြီးဖြစ်သွားပါတယ်။
ဒီပန်းချီကိုဆွဲခဲ့တဲ့ပုဂ္ဂိုလ်ကတော့ 葛飾北斎(かつしか ほくさい)Katsushika Hokusai ဆိုသူဖြစ်ပါတယ်။
ပန်းချီအတိုင်းပဲ ပန်းချီဆရာကလည်း နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးပဲဖြစ်တဲ့အတွက် မသိသူတွေရှားကောင်းရှားနိုင်ပေမဲ့၊ တကယ်တော့ ၎င်းရဲ့သမီးဖြစ်သူကလည်း ပါရမီရှင်တစ်ဦးပဲဖြစ်တယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။
ဒီဆောင်းပါးမှာတော့ ထိုပုဂ္ဂိုလ်ရဲ့သမီးဖြစ်သူ ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ သူ့ဘဝကိုမီးမောင်းထိုးပြသွားချင်ပါတယ်။
Katsushika ၏သမီးဖြစ်သူ Katsushika Ōi
Katsushika မှာ သား ၂ ယောက်နဲ့ သမီး ၃ ယောက်ရှိပြီး၊ အခုပြောမှာကတော့ တတိယမြောက်သမီးအကြောင်းဖြစ်ပါတယ်။
Ōi ဆိုတဲ့နာမည်က ဂျပန်မှာရှားတယ်။ ဒါပေမဲ့ Katsushika ဟာ အမြဲတမ်း သူမကို အိုး..အိ လို့ခေါ်တာကနေ နာမည်တွင်သွားပါတယ်။ သူမမှာထူးခြားချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမဟာ မေးရိုးအနည်းငယ်ကြီးပြီး အရှေ့ကိုထွက်နေတဲ့အတွက် အဖေကသူမကို အာဂေါ့(မေးရိုးကြီး) လို့လည်းစနောက်ပြီး ခေါ်ခဲ့ပါတယ်။
ဒီအဖေ တော်တော်ဆိုးတယ်နော် …
အနောက်တိုင်းပန်းချီစတိုင်တွေကိုပါ ထည့်ပေါင်းထားတဲ့ လှပတဲ့ပန်းချီကားတွေကိုလည်း ရေးဆွဲခဲ့ပါတယ်။
သူမရဲ့ပန်းချီဆွဲပုံဟာ အဖေဖြစ်သူနဲ့အတော်လေး ကွဲပြားပါတယ်။ ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့အလုပ်တွေကို ကူညီပေးခဲ့တဲ့အတွက် ဖခင်ဖြစ်သူရဲ့ အနုပညာအမွေကို ကောင်းကောင်းကြီးလက်ခံရရှိခဲ့ပါတယ်။
လူဖြစ်ရတာ တခါတလေတော့ ဒုက္ခရောက်ရတယ်။
Ōi ဟာ ပန်းချီဆရာတစ်ယောက်နဲ့ပဲ လက်ထပ်သွားခဲ့ပြီး၊ ခင်ပွန်းဖြစ်သူကို ပါရမီရှင်အဖေနဲ့နှိုင်းယှဥ်ကာ သိက္ခာချ၊ကဲ့ရဲ့တာတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ကွဲကာ မိဘအိမ်ကိုပြန်လာခဲ့ပါတယ်။
မိဘနဲ့သားသမီးကြား ဆိုးရွားတဲ့ ဘဝနေထိုင်ပုံ…
ဒီမှာစတော့တာပါပဲ…။
သားအဖနှစ်ယောက်လုံးဟာ အိမ်သန့်ရှင်းရေးတွေမလုပ်ကြပါဘူး။ အိမ်ထဲအမှိုက်တွေပြည့်နေတာတောင် မသိသလိုပဲ နေထိုင်ကြတယ်။ အဝတ်အစားလည်း ဘယ်လိုတွေဝတ်ဆင်ကြလဲ လုံးဝကိုကရုမစိုက်ကြပါဘူး။ အိမ်ထဲအမှိုက်တွေပြည့်လို့ ဆက်နေမရရင် အိမ်ပြောင်းရုံပေါ့ဆိုပြီး အဖေဖြစ်သူ Katsushika တစ်ယောက် အိမ်ပြောင်းရွေ့လာခဲ့တာ အိမ်ပေါင်း ၉၃ အိမ်တိတိကို ပြောင်းရွေ့ခဲ့ပါသတဲ့…
အိုအိကတော့ ကျန်ရှိနေတဲ့လူ့ဘဝသက်တမ်းမှာ သေဆုံးခြင်းကိုကြောက်ရွံ့ပြီး သာသနာ့ဘောင်ဝင်သွားပါတယ်။ ကခုန်ရင်းနဲ့ဘုရားစာရွတ်တဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် နေထိုင်သွားပြီး၊ ဒီအပြင် ကြွေကျပြီးသားထင်းရှူးစေ့ အပေါ်မှာပေါက်တဲ့ မှိုတစ်မျိုးကို ဆေးဖက်ဝင်အပင်အဖြစ်စားသုံးကာ၊ လူရုပ်ကလေးတွေလည်း ဖန်တီးခဲ့ပါတယ်။
ထိုလူရုပ်လေးတွေကို လူအများကသဘောကျကြပြီး ဝယ်ယူရင်းကနေ သူမမှာပိုင်ဆိုင်မှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
အိုအိပြောခဲ့တဲ့ နာမည်ကြီးစကား။
သူမဟာ ပါရီရှင်အဖေဖြစ်သူကိုပိုင်ဆိုင်ထားသလို ကိုယ်တိုင်ကလည်း အရည်အချင်းတွေနဲ့ ပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်။ သူမပြောခဲ့တဲ့စကားတွေကတော့
“ အဖေဟာ ငယ်စဥ်ကတည်းကနေ အသက် ၈၀ ကျော်တဲ့အထိ နေ့တိုင်းပန်းချီပဲဆွဲနေပေမဲ့၊ ကြောင် ၂ ကောင်ကို သူကျေနပ်တဲ့အထိ မဆွဲနိုင်တဲ့အခါ ကလေးတစ်ယောက်လိုငိုနေခဲ့တယ်။ ပန်းချီတစ်ခုတည်းတင်မကဘဲ တခြားအရာလည်းအတူတူပါပဲ။ သို့သော် ကျရှုံးမှုနဲ့တွေ့ရလို့ စိတ်ဓါတ်ကျသွားတဲ့အချိန်ဟာ၊ တိုးတက်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးသာဖြစ်တယ်”
ထူးချွန်တဲ့ပါရမီရှင်ဆိုပေမဲ့ သောကရောက်ရချိန်မျိုးလည်းရှိပါတယ်။
ကျွန်တော်တို့သာမန်လူတွေဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့…
ဒါကို ဒီပြဿနာဟာ နောက်တစ်ဆင့်ကို တက်လှမ်းဖို့လှေကားပဲ လို့စဥ်းစားလိုက်ရင် ဒါတွေဟာ ဘာမှမဟုတ်တော့ပါဘူး…
ABE KENGO