လက်ထပ်ပြီးစအမျိုးသားကို နှင်းထဲပစ်ချတဲ့ရိုးရာ “ むこ投げすみ塗り”

ဂျပန်မှာလက်ထပ်ပြီးခါစအမျိုးသားကို နှင်းထဲပစ်ချတဲ့ရိုးရာတစ်ခု ရှိပါတယ်။
ဒီရိုးရာပွဲကိုတော့ ဂျပန်လို むこ投げすみ塗り (မုခိုနဂဲစုမိနုရိ) လို့ခေါ်ပါတယ်။

 

https://sea.mashable.com/culture/14124/theres-a-reason-women-in-this-japanese-town-toss-their-new-husbands-into-snow

 

むこ投げすみ塗り (မုခိုနဂဲစုမိနုရိ) ကို Niigata စီရင်စု Tokamachi မြို့မှာသာကျင်းပလေ့ရှိပြီး၊ အချိန်ကာလအားဖြင့်တော့ ဇန်နဝါရီ ၁၅ ရက်နေ့လောက် ပုံမုန်ဆိုသလိုကျင်းပကြပါတယ်။
ယခုနှစ် ကိုရိုနာဗိုင်းရပ်စ်အရှင်းမပျောက်သေးတဲ့အတွက် မင်္ဂလာပွဲတွေရွေ့ဆိုင်းရခြင်း၊ ပျက်သွားခြင်းများရှိနေသော်ငြားလည်း အစဥ်အလာမပျက်ဒီရိုးရာပွဲလေးကတော့ မင်္ဂလာပွဲရှိနေသမျှကာလပတ်လုံး ကျင်းပသွားကြမှာပါ။

 

https://niigata-kankou.or.jp/event/2083#

 

ဒီရိုးရာကိုနှစ်စဥ်နှစ်တိုင်း Tokamachi မြို့မှာတွေ့ရမှာဖြစ်ပြီး၊ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ မတိုင်ခင်ကတည်းကရှိခဲ့တဲ့ တစ်မူထူးခြားတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။
မြို့တစ်ခွင်လုံးရှိ လက်ထပ်ပြီးစခင်ပွန်းအသစ်များကို ယောက်ျား ၃ ယောက်စီကထမ်းပိုးကာ ပါဝင်ကျင်းပသောလူအုပ်ကြီးနှင့်အတူ Matsunoyama Onsen ရဲ့တောင်ပေါ်ကိုခေါ်သွားကြပါတယ်။
ထိုကဲ့သို့ တောင်ကုန်းပေါ်ကနေ မပစ်ချခင်မှာတော့ တောင်ကုန်းပေါ်ကနေလိမ့်ကျတဲ့အချိန် ပိုပြီးအရှိန်ကောင်းအောင်လို့ဆိုကာ သတို့သားကိုဂျပန်အရက်ဆာကေး အနည်းငယ်တိုက်ထားပါတယ်။

 

https://niigata-kankou.or.jp/event/2083#

 

ဒီလိုပဲ ထမ်းပို့ပေးမယ့်အမျိုးသားတွေလည်းဆာကေးသောက်ထားပါတယ်။ ဆာကေးသောက်ခြင်းဟာ သတို့သားအသစ်ကို နှင်းတောထဲပစ်ချဖို့ ပိုပြီးအားပါစေတယ်လို့ ယုံကြည်ကြပါတယ်။
တောင်ကုန်းရဲ့အပေါ်ကနေ ပစ်ချခံရတဲ့သတို့သားဟာ တောင်ခြေမှာသတို့သမီးစောင့်နေတဲ့နေရာရောက်သည်ထိ ကိုယ်ကိုလိမ့်ချရပါတယ်။

 

https://niigata-kankou.or.jp/event/2083#

 

ဒါပြီးတဲ့အခါ လက်ထပ်မောင်နှံတို့ဟာ ဘုန်းတော်ကြီးဆီမှာမင်္ဂလာသြဝါဒခံယူပြီး သတို့သားတွေက ကောက်ရိုးမီးပုံကိုမီးညှိရပါတယ်။
ကောက်ရိုးမီးပုံပြာကျသွားချိန်မှာတော့ ပါဝင်ဆင်နွှဲကြသူအားလုံးဟာ ထိုပြာမီးသွေးများကိုနှင်းအနည်းငယ်ဖြင့်ရောစပ်ပြီး တစ်ဦးမျက်နှာတစ်ဦးခြယ်သကြရင်း ရယ်မောပျော်ရွှင်ကြကာအမှတ်တရနေ့ကို ဖန်တီးကြပါတယ်။ ကံကောင်းစေခြင်အတွက်လို့ ယူဆကြပါတယ်။

 

https://niigata-kankou.or.jp/event/2083#

 

ဒီလိုချစ်စရာကောင်းတဲ့ယဥ်ကျေးမှု အစပြုလာခဲ့ပုံကတော့ လက်စားချေခြင်း၊ မနာလိုခြင်းကနေ စခဲ့ခြင်းပဲတဲ့…!!!
နှစ်သစ်မှာလက်ထပ်ကြတဲ့ဇနီးမောင်နှံတွေဟာ သူတို့ရဲ့ဟန်းနီးမွန်းခရီးစဥ်အတွက် တစ်နေရာရာကိုသွားအပန်းဖြေကြပါတယ်။ ကျန်ရစ်ခဲ့တဲ့ရွာသူရွာသားတွေဟာ သူတို့ရဲ့သမီးကိုခေါ်သွားခြင်းအတွက် လက်စားချေမယ်ဆိုပြီးမှတ်ထားကြပါတယ်။

 

https://niigata-kankou.or.jp/event/2083#

 

မင်္ဂလာဇနီးမောင်နှံတို့ ရွာကိုပြန်ရောက်တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့လောက်မှာတော့ ခင်ပွန်းအသစ်စက်စက်ကို Matsunoyama Onsen တောင်ပေါ်ကိုပထမဆုံးခေါ်သွားပြီး ‌တောင်ပေါ်ရောက်တဲ့အခါမှာတော့ နှင်းပုံထဲကိုပစ်ချလိုက်ပါတော့တယ်။ အာဃာတအမုန်းတရားတွေကြောင့်မဟုတ်ဘဲ သူငယ်ချင်းအပေါင်းအသင်းအချင်းချင်းပညာပေးခြင်းသက်သက်ပဲဖြစ်ပါတယ်။
ထိုကနေတစ်ဆင့် ယခုမျက်မှောက်ခေတ်မှာတော့ ဇနီးမောင်နှံတို့ရဲ့ဘဝခရီးလမ်းမှာ ‌ပျော်ရွှင်ခြင်း၊ ရယ်မောစရာအမှတ်တရများဖြင့်ဖြတ်သန်းနိုင်ရဖို့ ဆက်လက်ဆင်းနွှဲလာခဲ့ကြပါတယ်။

 

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: