ဆာကူရာပန်းတွေကို တခြားနိုင်ငံမှာတွေ့နိုင်ပေမယ့် ဂျပန်နိုင်ငံနဲ့ လုံးဝမတူပါဘူး

ဂျပန်နိုင်ငံလို့ပြောလိုက်တာနဲ့ ဆာကူရာပန်းတွေကို ပြေးမြင်ကြတဲ့သူတွေ များမယ်လို့ထင်ပါတယ်။

ဒါပေမယ့် ဆာကူရာပန်းတွေရဲ့ မူလနေရာကတော့ ဂျပန်နိုင်ငံမဟုတ်ဘဲ တရုတ်နိုင်ငံနဲ့ ဟိမဝန္တာတောင်စတဲ့နေရာတွေမှာဖြစ်ပါတယ်။

စာ‌ရေးသူက အားလပ်ရပ်မှာ နီပေါနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး ဆာကူရာပန်းတွေရဲ့မူလအနေနဲ့ ရှိတဲ့နေရာလေးမှာ ဆာကူရာပန်းတွေပွင့်နေတာကို တွေခဲ့ရပါတယ်။

ဒါပေမယ့် အားလုံးထင်ထားတဲ့ စိတ်ကူးထဲမှာရှိတဲ့ဆာကူရာပန်းနဲ့ ထင်ထားတာက အကြီးကြီးကိုလွဲနေပါတယ်။

ဒါကို ဂျပန်နိုင်ငံမှာတော့ ချယ်ရီပင်ရိုင်းလို့ ခေါ်ကြပြီး သဘာဝအတိုင်းပေါက်နေတဲ့ ဆာကူရာပင်တွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ ဆာကူရာပင်က ဒီလိုပုံစံမျိုးပါ။

တစ်ပွင့်လုံးနီးနီး အဖြူရောင်ရှိပြီး ပန်းရောင်နည်းနည်းလေးပါပါတယ်။

နောက်ပြီးတော့ အရွက်လုံးဝမရှိဘဲ တစ်ပင်လုံးအပြည့်ပွင့်နေတဲ့အတွက် အရမ်းကိုလှပါတယ်။

ဒါကတော့ Yoshino ချယ်ရီပင် ဆိုတဲ့အမျိုးအစားဖြစ်ပြီး ဒီအမျိုးအစားကို ဂျပန်နိုင်ငံကဆက်ပြီးတော့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဂျပန်ဆာကူရာပန်းအမျိုးအစားကို  နှစ်ပေါင်း ၂၀၀ ကနေ ၃၀၀ မတိုင်ခင်လောက်မှာ ဂျပန်လူမျိုးတွေက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းစိုက်ပျိုးခဲ့ပေမယ့်

မျိုးအောင်ခြင်းမရှိခဲ့ပါဘူး ။

အများအားဖြင့်တော့ စက်ရုံတွေမှာ မျိုးစိတ်တွေကိုစမ်းသပ်ပြီး မျိုးအောင်ခဲ့ပါတယ်။

ပုံမှန် ဆာကူရာပန်းအစစ်ဖြစ်လာတာက ဒါကိုတိရိစ္ဆာန်တွေ စားသောက်သယ်ဆောင်လာတဲ့အခါမှာ အဝေးကြီးကနေလာရောက် စုပုံပြီး ရှင်သန်လာနိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် Yoshino ချယ်ရီပင်တွေကတော့ ဒီလိုမဟုတ်ပါဘူး ။

Yoshino ချယ်ရီပင်အချင်းချင်းမဟုတ်ဘဲ တခြားချယ်ရီပင်နဲ့ ပေါင်းစပ်ပြီး အမျိုးအစားတစ်ခုဖြစ်လာပြီး Yoshino ချယ်ရီပင် အမျိုးအစားကနေပြောင်းလဲသွားတာဖြစ်ပါတယ်။

 

ဒါနဲ့ဘယ်လိုအပင်တွေများလာခဲ့လဲဆိုတော့ ကိုင်းကူးတဲ့ပုံစံနဲ့ ပွားလာအောင်ပြုလုပ်တာပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ Yoshino ချယ်ရီပင်ကို တခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာလည်း ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ ပို့ဆောင်ခဲ့ပြီး အပင်ကို ကိုင်းကူးပြီးစိုက်ပျိုးခဲ့ကြပါတယ်။

Yoshino ချယ်ရီပင်ရဲ့အကိုင်းကိုခုတ်ပြီး မြေပေါ်မှာကြီးထွားလာအောင်ပြုစုပျိုးထောင်ပြီးတဲ့နောက် အဲ့ဒီခုတ်လာတဲ့အကိုင်းကို တခြားဆာကူရာပင်နဲ့ဆက်ပြီး အစားထိုးတဲ့ လက်ဆောင်ပင်ပုံစံနဲ့ နှစ်ခုပေါင်းစပ်မျိုးပွားစေတာဖြစ်ပါတယ်။

လက်ဆောင်ပင်ရဲ့အပေါ်ပိုင်းက သီးသန့်အပင်တစ်မျိုးဖြစ်လာခဲ့ပါတယ်။

 

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နဲ့ ၃၀၀ မတိုင်ခင်က ဂျပန်နိုင်ငံရဲ့ ဇီဝနည်းပညာတစ်စိတ်တစ်ပိုင်းရှိခဲ့တာကလည်း တကယ်ကို အံ့သြဖို့ကောင်းပါတယ်။

လက်တွေ့မှာ ဘယ်လိုအပင်ကို ဘယ်လိုနည်းလမ်းမျိုးနဲ့ စိုက်ပျိုးပြီး Yoshino ချယ်ရီပင် ဖြစ်လာတယ်ဆိုတဲ့  DNA စစ်ဆေးချက်ရလဒ်ကို ခုထိတိတိကျကျမသိရသေးပါဘူး ။

နောက်တစ်ခုက Yoshino ချယ်ရီပင်တွေက နေမကောင်းဖြစ်တဲ့အခါမှာ အားနည်းတတ်တဲ့အတွက်ကြောင့် သက်တမ်းနုတာက အနုတ်သဘောဆောင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

လက်တွေ့ဂျပန်နိုင်ငံမှာ ဒီ Yoshino ချယ်ရီပင်အမျိုးအစားတွေ တိုးပွားဖြစ်ထွန်းလျက်ရှိပါတယ်။

သဘာဝအတိုင်းပေါက်တဲ့အပင်တွေဖြစ်လာပြီး တစ်ကမ္ဘာလုံးမှာ ဆာကူရာပန်းတွေအပြည့်ဆိုရင် ပျော်စရာကောင်းမှာပဲနော် !

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: