“ Spirited Away” ရုပ်ရှင်ထဲက နတ်ဘုရားအစားအစာ Puni Puni !!!

Studio Ghibli ရဲ့ရုပ်ရှင်တွေမှာပါဝင်တဲ့ စားချင်စဖွယ်အစားအစာအမျိုးမျိုး..
အားပါးတရစားနေတဲ့ ဇာတ်ကောင်တွေကပိုပြီးတောင် ဆွဲဆောင်မှုရှိနေပါသေးတယ်။

Ghibli ရဲ့အနုပညာရုပ်ရှင်တွေမှာ ပြသထားတဲ့ဟင်းပွဲတွေကို “ Ghibli အစားအစာ” လို့ခေါ်ကြပြီး အခုရက်ပိုင်မှာတော့ တစ်ခုသောဓါတ်ပုံက အွန်လိုင်းမှာပါနာမည်ကြီးနေပါတယ်။
ရုပ်ရှင်တွေကြည့်လိုက်တာနဲ့ ဟန်မဆောင်နိုင်လောက်အောင် စားချင်လာတဲ့ “ Ghibli အစားအစာ”
ဒီအစားအစာတွေကို တစ်ပတ်လုံးကိုယ်တိုင်ချက်စားတဲ့ challenge ပေါ့နော်…
အဲ့ဒီ ဗီဒီယိုက YouTube channel မှာရှာကြည့်ရ၈င် “ Kita no Uchishi” နာမည်နဲ့တွေ့ရမှာပါ…

https://grapee.jp/wp-content/uploads/64328_01.jpg

“ Ponyo on the Cliff by the Sea” ရုပ်ရှင်ထဲက ဝက်ပေါင်ခြောက်နဲ့ Ramen
“ Castle in the Sky” ကားထဲမှာ shīta နဲ့ pazū တို့စားကြတဲ့ Laputa ပေါင်မုန့်
“ My Neighbor Totoro” ကားထဲက Satsuki ရဲ့ ချယ်ရီသီးထည့်ထားတဲ့ ထမင်းဘူးလေး…
“ Kiki’s Delivery Service” ထဲမှာတော့ ငါးပေါင်မုန့် ကဲ့သို့ အမျိုးအစား ၁၃ မျိုးပါဝင်ပါတယ်။

အဲ့ဒီလို စားချင်စဖွယ်ကောင်းလှတဲ့ Ghibli အစားအစာထဲမှာ “ Spirited Away” ထဲမှာပါတဲ့ အစားအစာတွေရှိပါတယ်။

ထူးဆန်းတဲ့မြို့ထဲမှာ လမ်းပျောက်ရင်းရောက်သွားတဲ့ Chihiro ဆိုတဲ့ကောင်မလေးရဲ့ဖခင်ဟာ ဆိုင်ရှင်မရှိပေမဲ့ အရသာရှိလှစွာသောအစားအစာတွေ ခင်းကျင်းထားတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်သွားခဲ့ပါတယ်။
အဲ့ဒီမှာစားခဲ့တာက အိအိတုံတုံပုံစံမျိုးရှိတဲ့ ထူးထူးဆန်းဆန်းဟင်းတစ်မျိုးဖြစ်ပါတယ်။ (အဲ့ဒီနေရာလေးကို ခဏခဏပြန်ကြည့်မိတယ်။ ဗိုက်ဆာလာလို့ !!!)

 

https://soranews24.com/wp-content/uploads/sites/3/2014/11/bawan-top1.jpg

ရုပ်ရှင်ထဲမှာ‌တော့ “ နတ်ဘုရားတွေရဲ့အစားအစာ” လို့သိကြတဲ့ အိအိတုံတုံ အစားအစာကိုအပြင်မှာတကယ်စားနိုင်မယ့်ဆိုင်ရှိပါတယ်တဲ့…
ဗီဒီယိုထဲမှာလည်း သွားစားခဲ့တဲ့အတွေ့အကြုံကိုပြန်ပြီးရှင်းပြထားတယ်။

နည်းနည်းလေးတော့ထူးဆန်းတယ် ဒါပေမဲ့ အရသာရှိမယ့်ပုံလေးပါ.. နာမည်ကိုတော့ Puni Puni လို့ခေါ်ပါတယ်။
ဘယ်လိုလေးလဲဆိုတာတော့ ဗီဒီယိုမှာပဲကြည့်လိုက်ပါ….

Chihiro ရဲ့ဖခင်လို တစ်လုပ်တည်းနဲ့တော့မစားနိုင်ပေမဲ့ Puni Puni လေးဟာဘယ်လိုလဲဆိုတာ သိသွားတာပေါ့…

Puni Puni ကိုပြင်မှာလည်းစားကြည့်ချင်တဲ့လူများ ဂျပန်မှာရှိတဲ့ဆိုင်တွေမှာလိုက်ရှာကြည့်ပါ…
“ Spirited Away” ထဲကလို့ မှော်ဆန်တဲ့ကမ္ဘာထဲရောက်သွားချင်လည်း ရောက်သွားနိုင်မှာပါ….!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: