သင်ပို့လိုက်သောပစ္စည်းကြောင့်၊ သင်ချစ်ရသူအပြစ်ပေးခံရနိုင်သည် !!

ကိုရိုနာကိုအရှုံးမပေးဘဲအလုပ်ကြိုးစားနေတဲ့သားအတွက် ချစ်မေတ္တာ‌တွေပို့ပေးမယ် !!

လွတ်လပ်စွာခရီးသွားလာခွင့်မရသေးတဲ့အချိန်အတွင်း ဂျပန်မှာအလုပ်ကြိုးစားနေတဲ့သားနဲ့ သားရဲ့ကောင်မလေးအတွက် အနည်းငယ်ပဲဖြစ်ဖြစ် မြန်မာအစားအစာပို့ပေးချင်ကြတာ မိဘတိုင်းလိုလိုပါပဲ။

သားကလည်း၊ ဂျပန်ရဲ့နှစ်သစ်ကူးရုံးပိတ်ရက်ရောက်ရင် အမြဲလိုမြန်မာနိုင်ငံကိုပြန်လာလေ့ရှိခဲ့ပေမဲ့၊ ဒီနှစ်ကတော့ အဲ့ဒီလိုမလုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့်သင်ဟာသားသမီးစိတ်နဲ့ စာတိုက်ကနေပစ္စည်းအမျိုးမျိုးပို့ပေးမယ်လို့ တွေးနေမိရင်တော့ ခဏစောင့်ပါအုံး…

အခု ဗူးထဲထည့်လိုက်တဲ့အရာ..!!!!
အဲ့ဒါဟာထည့်ပေးလိုက်လို့မရပါဘူး !!!!

ဝက်ဆီဖက်ကြော် !!!!
ကြွပ်ကြွပ်ရွရွအိအိလေးနဲ့ ဝက်ဆီဖက်ကြော်ကို၊ သားကတော့ အရမ်းကြိုက်တာ၊ သမီးကအရမ်းကြိုက်တာ..!
ထမင်းနဲ့တွဲပြီးစားလည်းလိုက်ဖက်သလို၊ ဘီယာအတွက်အမြည်းအနေနဲ့ကလည်း လိုက်ဖက်လွန်းပြန်ပါတယ်။
ကိုရိုနာကြောင့် အပြင်ထွက်ဖို့အတော်လေးခက်ခဲသွားရတဲ့ဂျပန်မှာ၊ နည်းနည်းလေးပဲဖြစ်ဖြစ် ကျန်းကျန်းမာမာနဲ့ရှိစေချင်မိတယ်။

ဟုတ်ကဲ့ အဲ့ဒီခံစားချက်ကိုကောင်းကောင်းနားလည်ပါတယ်။ ဒါပေမဲ့ လုံးဝမရပါဘူး။
အသားထုတ်ကုန်ကဲ့သို့ မွေးမြူရေးထွက်ပစ္စည်းတွေကို ဂျပန်သို့ယူသွားဖို့တားမြစ်ထားပါတယ်။
ပြုပြင်ထားတဲ့အသား၊ အသားခြောက်များဆိုလည်း တားမြစ်ပါတယ်။
အမေ့လက်ရာအပါအဝင်၊ လေအလုံပိတ်ထုတ်ပိုးထားသော်လည်း သေချာပေါက်မရပါဘူး။

လက်နဲ့ကိုင်သွားမှာမဟုတ်လို့ အဆင်ပြေမလား?
မိသွားလို့ ပစ္စည်းမရောက်လာတော့ရုံလေးပဲဆိုရင်ရော OK တယ်မဟုတ်လား?

ဒီလိုတွေးပုံမျိုးဟာ မကောင်းပါဘူး …
တကယ်တော့ အထုပ်ကိုလက်ခံရရှိသူဘက်က ပြစ်ဒဏ်နဲ့သက်ဆိုင်နေနိုင်ပါတယ်။

ဒီတရားမဝင်လုပ်ရပ်မှာ ထောင်ဒဏ် ၃ နှစ်အထိ၊ သို့မဟုတ် ယန်း ၃ သန်းထက်မပိုသောငွေဒဏ် (စီပွားဖြစ်ဆိုရင် ယန်းသန်း ၅၀ ထက်မပိုသောငွေဒဏ်) စတဲ့ဒဏ်ငွေတွေ ချမှတ်ခံရနိုင်ပါတယ်။
ဂျပန်မှာအလုပ်ကြိုးစားနေတဲ့ကလေးတွေနဲ့ ချစ်သူကို ဒီလိုအန္တရာယ်မျိုးပေးချင်ပါသလား?

အရသာရှိတာကိုလည်းနားလည်သလို၊ အရသာရှိတာကို စားစေချင်တဲ့စိတ်ကိုလည်း အပြည့်အဝနားလည်ပါတယ်။
သို့ပေမယ့် ဒီတစ်ကြိမ်မြန်မာကိုပြန်လာမှပဲ ကျွေးကြရအောင်နော်….

နောက်ပြီး ဂျပန်မှာအလုပ်ကြိုးစားနေတဲ့ မိမိတန်ဖိုးထားရတဲ့လူတွေကို အားပေးကြပါစို့နော်….

 

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: