သခင်သေတဲ့အခါလိုက်ပြီးသတ်သေခြင်းကို တားဆီးနိုင်ခဲ့သူအမျိုးသား !!

မိမိကအသုံးတော်ခံခဲ့တဲ့တစ်ဖက်လူ ဥပမာမြေရှင်သခင်ကြီးတို့ ဧကရာဇ်တို့…
သူတို့တွေသေဆုံးပြီးနောက်..ကိုယ်တိုင်လည်းလိုက်ပြီး သတ်သေတာကို 殉死(じゅんし)Junshi  လို့ခေါ်ပါတယ်။
သေဆုံးပြီးနောက်ဘဝတစ်ပါးမှာဒုက္ခမရောက်ဖို့ လိုက်ပြီးစောင့်ရှောက်ချင်တဲ့ဆန္ဒနဲ့ အသုံးတော်ခံခဲ့တဲ့သခင်နဲ့အတူ မိမိရဲ့အလုပ်တွေကိုပါအဆုံးသတ်လိုက်တယ်ဆိုတဲ့ နောက်လိုက်ငယ်သားတွေအများကြီးရှိခဲ့ပါတယ်။


https://intojapanwaraku.com/culture/121871/

သို့သော် သခင်ကြီးနဲ့အတူနှစ်ရှည်လများအတူနေခဲ့တဲ့ အရည်အချင်းရှိသူတွေပါဆုံးရှုံးသွားတာက တိုင်းပြည်ရဲ့စီမံအုပ်ချုပ်မှုနဲ့ပါသက်ဆိုင်နေတယ်။ ဒီအတွက် လိုက်ပြီးသတ်သေခြင်းဟာ ချီးကျူးစရာစိတ်ဓါတ်လို့ခံယူရသလို တစ်ချိန်တည်းမှာပဲ ပြဿနာတွေကြုံလာရပါတယ်။
ထိုကဲ့သို့ အတူလိုက်သေခြင်းကိုဘယ်လိုကာကွယ်တားဆီးမလဲဆိုတာကို အရင်ဆုံးမအောင်မြင်ခဲ့သူအကြောင်းကနေပြောပြပေးပါမယ်။

 

လူ ၁၃ ဦးကိုအတူလိုက်သေစေခဲ့တဲ့ 島津義弘(しまづ よしひろ)Yoshihiro Shimazu

Shimadzu မိသားစုဟာတောင် Kyushu ဒေသကိုအချိန်ကြာမြင့်စွာလွှမ်းမိုးခဲ့သည့်မင်းမျိုးနွယ်စုဖြစ်ပါတယ်။
1619 ခုနှစ်မှာ ထိုအချိန်ရဲ့ သခင်ဖြစ်တဲ့ Shimazu ဟာ အသက် 85 နှစ်နဲ့ဆုံးပါးသွားခဲ့ပါတယ်။

ကာလကြာရှည်တဲ့ Shimazu မိသားစုသမိုင်းထဲမှာ အတော်လေးခွန်အားကြီးတဲ့ဦးဆောင်နိုင်စွမ်းရှိသူတွေများပြီး၊ လက်အောက်ငယ်သားအများစုကနေ ထောက်ခံအားပေးမှုများကိုလည်းရရှိခဲ့ပါတယ်။
Yoshihiro ဟာလက်အောက်ငယ်သားတွေရဲ့ အကျပ်အတည်းပြဿနာကို ကိုယ်တိုင်ဖြေရှင်းပြီးကယ်တင်ပေးတတ်တာကြောင့်၊ သူသေရင်လိုက်သေကြမယ့်လူတွေရှိမယ်ဆိုတာကို ကြိုသိနေတဲ့ Yoshihiro ဟာ ထိုအရာအပေါ်မှာတင်းကျပ်စွာတားမြစ်ခဲ့ပါတယ်။

ဒါကြောင့် သူနဲ့အတူလိုက်သေကြမယ်ဆိုရင် “ မိမိရဲ့ပိုင်ဆိုင်မှုနဲ့နေရာအဆင့်အတန်းကိုပါ ပြန်နုတ်ယူခံရမယ်။ ဒါကြောင့် မိသားစုကိုတန်ဖိုးထားရင် 殉死(じゅんし) မလုပ်ရ” လို့အမိန့်ထုတ်ပြန်ခဲ့တယ်။ ဒီလိုထုတ်ပြန်ခဲ့တာကိုတောင်မှ လူ ၁၃ ယောက် သူနဲ့အတူလိုက်သေခဲ့ပါတယ်။
ဒီလို တားမြစ်ရုံနဲ့တော့ မတားဆီးနိုင်ခဲ့ပါဘူး။
ဘာပဲပြောပြော လေးစားရတဲ့သခင်နဲ့အတူရှိချင်တယ်ဆိုတဲ့ လက်အောက်ငယ်သားတွေရဲ့ စိတ်အားထက်သန်မှုကို တားဆီးလို့မရခဲ့ပါဘူး။

 

နောက်ထပ်အောင်မြင်သွားတဲ့ဥပမာဖြစ်သူ 黒田官兵衛(くろだ かんべぇ)Kuroda Kanbei ရဲ့အကြောင်းကိုကြည့်ရအောင်..


သူအသက်ရှင်ခဲ့စဥ်က ဒီလိုပြောသွားခဲ့ပါတယ်။

လောကမှာ သခင်အတွက်အသေခံခြင်းက တကယ်ပျင်းစရာပင်။
ရင်ကိုခွဲပြီးသေသွားလည်း ကျွန်ုပ်နဲ့အတူငရဲသို့လည်းကောင်း၊ နတ်ပြည်သို့လည်းကောင်း လိုက်စရာအကြောင်းမရှိ။
ကျွန်ုပ်ဟာတစ်ယောက်တည်းဖြစ်ခဲ့ရင်လည်း ထူးချွန်တဲ့ဆာမူရိုင်းတွေကိုလောကမှာထားခဲ့ပြီး အဖိုးတန်ကျွန်ုပ်၏ကလေးများအား ဤရာထူးကိုလွှဲအပ်လိုသည်။
ထို့ကြောင့် 殉死(じゅんし) အားလုံးဝတားမြစ်သည်။

ဘယ်လိုပဲပြောပြော လက်အောက်ငယ်သားတွေဟာ 殉死(じゅんし) လိုက်လုပ်ကြမှာပဲလို့ကြိုသိနေတဲ့ Kyubei က သူ့ဘက်ကနေပဲ သံယောဇဥ်အားလုံးကိုဖြတ်လိုက်ပါတယ်။
အဲ့ဒီလို စွန့်လွတ်အနစ်နာခံမှုဟာ မိမိကိုယ်ကိုလေးစားမှုပါပဲ..

Kyubei ဟာလည်း လူတော်တစ်ယောက်အနေနဲ့ယနေ့တိုင်အသိအမှတ်ပြုခံရပါတယ်။
ငယ်သားတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိထားပြီး ဒီအတိုင်းဆက်သွားမယ်ဆို လိုက်ပြီးအသေခံကြမယ့်လူအများကြီးရှိမယ်ဆိုတာကို သူကိုယ်တိုင်သိနေခဲ့ပါတယ်။
ဒါဆို မိမိအားလေးစားမှုတွေကို မိမိကိုယ်တိုင်ဖျက်ဆီးဖို့ပဲရှိပါတယ်။

ဒါနဲ့ပဲ Kyubei ဟာ မသေခင်ရက် ၃၀ အလိုကနေစပြီး ငယ်သားတွေကို ကြမ်းတမ်းပြီးကြောက်လန့်စေမယ့်စကား ရိုင်းစိုင်းတဲ့စကားများကိုပြောခဲ့ပါတယ်။
ဘယ်လိုရိုင်းစိုင်းတဲ့စကားလဲဆိုတာတော့ မှတ်တမ်းတင်ထားခြင်းမရှိပေမဲ့၊ ငယ်သားတွေဟာ “ ချက်ချင်းပဲ ရူးသွားတယ်” လို့သားဖြစ်သူ Nagamasa ဆီကနေ မှတ်တမ်းရရှိခဲ့ပါတယ်။

ဖခင်ရဲ့ရည်ရွယ်ချက်အမှန်ကိုနားမလည်တဲ့သားဖြစ်သူ Nagamasa ဟာဒေါသတကြီး သူ့ရဲ့ထင်မြင်ချက်ကိုပြောဖို့ ဖခင်ဆီကိုသွားခဲ့ပါတယ်။
ဖခင်ဆီရောက်တဲ့အခါမှာတော့ သူ့ကိုတိုးတိုးလေးပြောလိုက်တဲ့အမှန်တရားက

“ မင်းလိုနောက်မျိုးဆက်တွေချောချောမွေ့မွေ့နဲ့အောင်မြင်စေဖို့ ရူးဟန်ဆောင်နေတာ” တဲ့….

ပါရမီရှင်သူရဲကောင်းလို့သတ်မှတ်ခြင်းခံရတဲ့ Kuroda Kanbei ဟာ အဆုံးတိုင်အောင် သူရဲ့ပါရမီကိုပြသခဲ့ပါတယ်။
အဲ့ဒါရဲ့ ရလဒ်ကတော့ သူ့နောက်လိုက်ပြီး အသေခံသူတွေလုံးဝမရှိတော့ပါဘူး။
Kyubei ရဲ့အကြံကိုမသိခဲ့တဲ့သားဖြစ်သူကတော့ ဖခင်ကဲ့သို့လူတော်တစ်ယောက်မဖြစ်ခဲ့ပေမဲ့၊ အမှုထမ်းဟောင်းလက်အောင်ငယ်သားတွေရဲ့ တိုက်ခိုက်တာခံရပြီး သူ့နေရာအတွက်ပြန်ပြီးတောင်ခုခံကာကွယ်ရပါသေးတယ်။

ဘယ်သူပဲဖြစ်ဖြစ် အခြားသူတစ်ဦးရဲ့လေးစားခြင်းကိုခံရတဲ့အခါ မပျော်ရွှင်တဲ့လူမရှိပါဘူး။
ဒါကိုမှမဟုတ် အရူးလုပ်ခံရရင်တော့ စိတ်ဆိုးဒေါသထွက်တတ်ကြတာချည်းပဲဖြစ်ပါတယ်။
သို့သော် ဒါကိုရဲဝံ့ပြတ်သားစွာလုပ်ခဲ့တဲ့ Kuroda Kanbei ရဲ့ကြီးမြတ်မှုဟာ အရည်အချင်းရှိသူလက်အောက်ငယ်သားတစ်ဖွဲ့လုံးကိုကယ်တင်ခဲ့ခြင်းပဲလို့ ထင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: