စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ပညာရေးကိုမြင့်တင်ခဲ့သူ

ကျွန်တော်အလယ်တန်းနှစ်လောက်တုန်းက ယောက်ျားလေးမှန်ရင် ကတုံးတုံးရပြီး၊ မိန်းကလေးဆိုရင်တော့ ပုခုံးအထိ ဆံပင်အရှည်ထားရမယ် ဆိုတဲ့စည်းမျဥ်းချမှတ်မှုရှိခဲ့ပါတယ်။

အ၀တ်အစားလည်းပဲ သေချာပေါက် ကျောင်းအ၀တ်အစားပဲ ဖြစ်ပါတယ်။

အတန်းမစခင် ကျောင်းကိုမရောက်ထားနှင့်လို့ကတော့ အလွန်အမင်းဆူပူကြိမ်းမောင်းခြင်းကို ခံရမှာဖြစ်ပါတယ်။

 

ဒီလိုကျောင်းသားဘ၀က ကြီးကြီးမားမားပြောင်းလဲမှုဆီသို့ ဦးတည်သွားခဲ့ပါတယ်။

တိုကျိုရဲ့ Setagaya မြို့မှာရှိတဲ့ ဆာကူရာဂအိုက အလယ်တန်းကျောင်းကတော့ ပုံမုန်ကျောင်းတွေရဲ့ စည်းကမ်းတွေကို ပယ်ဖျက်ခဲ့ပါတယ်။

 

 

https://www.news-postseven.com/archives/20190228_877555.html

 

 

ဒီလိုဆုံးဖြတ်ချက် ချခဲ့တာကတော့ 西郷(saigou) ဆိုတဲ့ ကျောင်းအုပ်ကြီးပဲဖြစ်ပါတယ်။

ကျောင်း၀တ်စုံလည်း လွတ်လပ်စွာ၀တ်နိုင်ပြီး၊ အတန်းစချိန် နှိုးဆော်မယ့်သူလည်းမရှိပါဘူး။

ကျောင်းအုပ်ကြီးရဲ့ အခန်းတံခါးကလည်း အမြဲဖွင့်လျက်ရှိပြီး၊ ကျောင်းသားတွေက အမြဲ၀င်ထွက် သွားလာနိုင်ပါတယ်။ ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ဖုန်းအားသွင်းကြတဲ့ ကျောင်းသားတွေလည်းရှိကြပါတယ်။

 

ခုတလော ကိုယ်ပိုင်ကျောင်းတွေ တော်တော်များများက ပြိုလဲပြီး၊ တိုကျိုမြို့ထဲမှာရှိတဲ့ ကိုယ်ပိုင်အလယ်တန်းကျောင်းတွေကို မပို့ချင်တဲ့ ကျောင်းသားမိဘတွေကလည်း များလာပါတယ်။

ဒီကျောင်းလည်းပဲ အရင်အချိန်က ယခုလိုအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီး၊ အရင်ကျောင်းအုပ်များကလည်း ကြာကြာမနေနိုင်ဘဲ ပြောင်းရွေ့ခဲ့ကြပါတယ်။

 

ဒါပေမဲ့၊ ယခုလိုအခြေအနေမှာတော့ ဒီကျောင်းကိုတက်စေချင်ပြီး၊ တကူးတက အိမ်ပြောင်းရွေ့လာကြတဲ့ မိသားစုတွေလည်း များလာကြပါတယ်။

 

ကျောင်းအုပ်ဆရာကြီး西郷(saigou) ရောက်လာခဲ့တာကတော့ ၂၀၁၀ ခုနစ်ကပဲဖြစ်ပါတယ်။

ဒီ ၉ နှစ်တာအတောအတွင်းမှာ ဒီလိုလွတ်လပ်စွာတက်ရောက်နိုင်တဲ့ ကျောင်းကို တည်ထောင်ခဲ့ပါတယ်။

ကျောင်းရောက်ချိန်မှာ ဆရာတွေဆီက အော်ဟစ်သံတွေ ကြားရပြီး၊ အတင်းအကျပ် ဖိအားပေး ညွှန်ကြားမှုတွေ ရှိခဲ့ပုံရပါတယ်။

 

အရင်ကတည်းက ကျွန်တော်လည်းပဲ တင်းကျပ်တဲ့စည်းမျည်းတွေဆို မကြိုက်ဘူးဗျ။

 

ဒီလိုပြောခဲ့တာကတော့ 西郷(saigou) ကျောင်းအုပ်ကြီး ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

မိမိကိုယ်တိုင် မလိုက်နာချင်တဲ့ စည်းကမ်းတွေက ကျောင်းသားတွေဆို ပိုပြီးတော့တောင် မလိုက်နာချင်တာ အသေအချာပါပဲ။

ဒီစည်းမျည်းဘောင်တွေကို တစ်ခုချင်းစီ ပယ်ဖျက်လိုက်ပြီးမှ စည်းကမ်းအသစ်တွေကို ပြန်ချမှတ်ခဲ့ပါတယ်။

ကျောင်းသားများ ကျောင်းတွင် ပျော်ရမည်။ ဆိုတာပဲဖြစ်ပါတယ်။

 

ဒီကျောင်းမှာတော့ အခြားကျောင်းတွေမှာ မစဥ်းစားနိုင်တဲ့အရာတွေကိုလည်းပဲ ခွင့်ပြုပေးထားပါတယ်။

  • သင်ခန်းစာအချိန် အခန်းပြင်ပတွင်ရှိနေလည်းပဲ ရသည်။
  • အခြားဘာသာရပ်များကို လေ့လာရန် English lauguage တစ်မျိုးထဲကိုသာ သုံးစေသည်။
  • ညစာပါ၀င်သည့် ညဘက်စာလေ့လာနိုင်တဲ့ sessions များလည်းရှိသည်။

 

ကျောင်းသားတွေ စာကိုစိတ်မ၀င်စားကြတဲ့အဓိကအကြောင်းအရင်းကတော့ ဆရာတွေရဲ့ သင်ပြမှုဟာ ငြီးငွေ့စရာ ကောင်းလို့ပဲ ဖြစ်ပါတယ်။ ဆူပူဆုံးမပြီး အတင်းအကျပ်နားထောင်စေလည်း အကျိုးရှိလာမှာ မဟုတ်ပါဘူး။ ကလေးတွေဆိုတာ စိတ်၀င်စားစရာကောင်းမှ သူတို့ကိုယ်တိုင် စာသင်ခန်းထဲကို ရောက်လာကြမှာ ဖြစ်ပါတယ်။

 

အိမ်မြန်မြန်ပြန်ချင်နေပြီး ဆိုတာကလည်း ကျောင်းမျာမပျော်လို့ပဲ ဖြစ်ပါတယ်။

ကျောင်းမှာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ စာလေ့လာနိုင်ရင်၊ ညဘက် စာဖတ်၀ိုင်းမှာလည်းပဲ သေချာပေါက် ပျော်ရွှင်စွာနဲ့ ပါ၀င်ကြပါလိမ့်မယ်။

 

၉ နှစ်တာကာလအတွင်း ပျိုးထောင်ခဲ့တဲ့ ဒီကျောင်းရဲ့ ရလဒ်ကတော့၊ ကျောင်းသားတော်တော်များများရဲ့ အမှတ်တွေကလည်း အလျင်အမြန် မြင့်တက်လာပြီး၊ နာမည်ကြီးအထက်တန်းကျောင်းမှာ စာမေးပွဲအောင်မြင်တဲ့ ကျောင်းသားတွေကလည်း အရမ်းကိုများလာခဲ့ပါတယ်။

 

အောင်မြင်မှုအနေနဲ့ ထူးချွန်တဲ့ လူတော်များကိုမွေးထုတ်ပေးနိုင်ခဲ့ပေမဲ့၊ 西郷(saigou) ကျောင်းအုပ်ကြီးရဲ့ ရည်ရွယ်ချက်ကတော့ ဒါမဟုတ်ခဲ့ပါဘူး။

 

အလယ်တန်းစာသင်နှစ် ၃ နှစ်တာကာလအတွင်း ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်တဲ့ကျောင်း ဖြစ်ရမည်။

 

ဒီဟာကိုပဲ ဖြစ်ချင်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။

မကြာခဏ ပြဿနာဖြစ်နေတဲ့ ဂျပန်ရဲ့ ပညာရေးလောကမှာ  ပညာရေးပုံစံအသစ်တစ်ခု မွေးဖွားလာတယ်လို့ ထင်ပါတယ်။

 

西郷(saigou) လိုဆရာမျိုး နောက်တစ်ယောက်ရှိဖို့ မျှော်လင့်နေကြပါတယ်…………..။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: