ကမ္ဘာ့ပထမဦးဆုံး အထွေထွေမေ့ဆေးခွဲစိတ်မှုကို ‌ပြုလုပ်ခဲ့တဲ့ ဂျပန်လူမျိုး !!!!

အနောက်တိုင်းဆေးပညာမှာ ခွဲစိတ်ကုသမှုပြုလုပ်တဲ့အခါ မေ့ဆေးကတော့ မရှိမဖြစ်လိုအပ်ပါတယ်။
အထူးသဖြင့် အကြီးစားခွဲစိတ်မှုအတွက် အထွေထွေမေ့ဆေးသည် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ဒါပေမယ့် ဒီမေ့ဆေးကို ကမ္ဘာ့ ပထမဆုံးအတွေ့အကြုံယူပြီး ပြုလုပ်ခဲ့တဲ့သူကတော့ ဂျပန်လူမျိုးဖြစ်နေတာ သိကြလား?

https://gigazine.net/news/20200602-mechanism-of-general-anesthesia/

ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ဧaရိယာကိုဖြတ်တောက်ပြီးကုသတယ်ဆိုတာ
ဂျပန်ရဲ့ဆေးပညာရိုးရာဆေးမရှိခဲ့ဘဲ ဒါဟာ အနောက်နိုင်ငံများမှလာတဲ့ ဆေးယဉ်ကျေးမှုအပေါ်အခြေခံထားတဲ့ ကုသမှု ဖြစ်ပါတယ်။

အထွေထွေမေ့ဆေးသုံးပြီး ခွဲစိတ်ကုသမှု့ပြုလုပ်တာတွေကိုတော့ အနောက်နိုင်ငံများမှာ ၁၈၄၆ ခုနှစ်မှစပြီး ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဂျပန်မှာတော့ ၁၈၀၄ ခုနှစ် မှာ ပြုလုပ်အောင်မြင်ခဲ့ပြီး
ဆိုလိုသည်မှာ ဂျပန်သည် မေ့ဆေးကို အနောက်နိုင်ငံများထက် အနှစ် ၄၀ ကျော်စောကာ ပြုလုပ် ကျင့်သုံးခဲ့တယ် လို့သိရှိရပါတယ်။

ကမ္ဘာ့ပထမဆုံး မေ့ဆေးဖြင့် ခွဲစိတ်ကုသမှုတွင် အောင်မြင်ခဲ့သူကတော့  Seishu Hanaoka ဖြစ်ပါတယ်။လူနာမှာ ရင်သားကင်ဆာရှိနေခဲ့ပါတယ်။

https://intojapanwaraku.com/culture/105385/

ရင်သားကင်ဆာသည်ကျယ်ပြန့်သောနေရာတွင်ပျံ့နှံ့နေသောကြောင့် ဖယ်ရှားရမည့်ဧရိယာမှာကြီးမားပါတယ်။
မေ့ဆေးမပါဘဲ လူနာသည်းခံ၊အနာခံပြီး ခွဲစိတ်လို့မရပါဘူး။ဥရောပမှာလည်း ရင်သားကင်ဆာကုသမှုကို လေ့လာထားသော်လည်း မပြီးပြည့်စုံသေးပါဘူး။

 

Hanaoka သည် သူ့ရဲ့ ကိုယ်ပိုင်သုတေသနကို ထပ်မံတလဲလဲပြုလုပ်ခဲ့ပြီး
ဘယ်ကနေဘယ်လိုဖြတ်ဖို့၊ ဘာကိုယူဖို့ ဆိုတာကို သုတေသနပြုခဲ့ပါတယ်။ဒါကတော့ Hanaoka ရဲ့ လေ့လာထားတဲ့ မှတ်စုတစ်ခုဖြစ်ပါတယ်။

ဒါကကလေးတစ်ယောက်ရဲ့ရေးခြစ်မှု မဟုတ်ပါဘူးနော် ?

Hanaoka က မေ့ဆေးကို သူကိုယ်တိုင် တီထွင်ခဲ့ပါတယ်။

အမျိုးမျိုးသော အရင်က စာအုပ်တွေကနေ
မေ့ဆေးအကျိုးသက်ရောက်မှုရှိပုံရတဲ့ အရာတစ်ခုခုကို ရအောင် ကြိုးစားတီထွင်ခဲ့ပါတယ်။

သူဟာ မေ့ဆေးတီထွင်ဖို့ ရွေးချယ်ခဲ့တဲ့ ပန်းကတော့
Chosun Asagao နှင့် Aconite လို့ဆိုတဲ့ အပင်များရဲ့ အမြစ်များမှဖြစ်ပါတယ်။

Hanaoka ဟာအကျိုးသက်ရောက်မှုကိုတကယ်ရှိမရှိ စမ်းသပ်ဖို့အတွက်
သူ့ရဲ့ဇနီးနဲ့ မိခင်ကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့မိခင်ကတော့ သေဆုံးခဲ့ပြီး ဇနီးသည်မှာ အမြင်အာရုံဆုံးရှုံးသွားပါတယ်။

သို့သော်အရှုံးမပေးပဲ ဆက်ပြီး သုတေသနပြုလုပ်ခဲ့တဲ့ရလဒ်ကြောင့် ကမ္ဘာ့ပထမဦး မေ့ဆေးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ဇနီးနဲ့အမေဟာ လုံးဝသားကောင်ဖြစ်သွားရလို့၊ ဒီသုတေသန ကောင်းခဲ့သလားဆိုတာကတော့ အငြင်းပွားစရာရှိပါတယ်။
ဒါပေမယ့် ဒါဟာကမ္ဘာကြီးကို အကူအညီဖြစ်စေတဲ့ အံ့အားသင့်စေတဲ့ နည်းပညာတစ်ခုကိုတော့ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

စကားမစပ် ဒီ အထွေထွေမေ့ဆေးဆိုတာက သတိပျောက်သွားတာဖြစ်ပြီး
တကယ်က ဘာကြောင့် အချိန်အတန်ကြာ သတိလစ်သွားတာလဲဆိုတဲ့
ဒီယန္တရားကို ရှင်းလင်းမထားဘူးဆိုတာကို သိပါသလား?

အဆိုပါယန္တရားကို မေလ 2020 ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသေးစိတ် ရှင်းပြဖို့က ခက်ခဲတဲ့အတွက်ကြောင့် မပြောတော့ပါဘူးနော်။
နှစ်ပေါင်း ၂၀၀ ကျော်က လေ့လာဆန်းစစ်နိုင်ခြင်းမရှိသော အရာတစ်ခုခုကို
Hanaoka က တီထွင်နိုင်ခဲ့တာ အံ့သြစရာပါပဲနော်။

နောက်ထပ်. . .အကယ်၍ သင်ဟာနှစ်ပေါင်း ၂၀၀ ကျော်က မသိသေးသော လျှို့ဝှက်ဆန်းကြယ်သောအရာတစ်ခုကို အသုံးပြုနေသည်ဟုသင်ထင်လျှင် ခေတ်သစ်ဆေးပညာရဲ့ ကြောက်ရွံ့မှုကို သင်တွေ့နိုင်မှာပါ။

ဒါပေမယ့် သင်မေ့ဆေးမသုံးဘဲ အခုချိန်မှာ ခွဲစိတ်မှုပြုလုပ်ရမယ်ဆိုတာသာ စဉ်းစားကြည့်လိုက်ရင်တော့ . . .မေ့ဆေးကို သုံးလို့ရပြီးခွဲစိတ်လို့ရရင် အသုံးပြုကြမှာပါပဲနော်။

အနောက်တိုင်းဆေးပညာတွေကိုကျွန်တော်လေ့လာခဲ့ပါတယ်။
ပြီးတော့ ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ခဲ့သူ Hanaoka ဆိုတဲ့သူကတော့
တကယ်ကို အံ့သြဖွယ်ကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: