ကိုဗစ်ကာလအတွင်း ဂျပန်တက္ကသိုလ်တစ်ခုဟာ ကျောင်းသားများကို အစားအစာများကူညီပေးခဲ့

ဂျပန်ရဲ့အဓိကတက္ကသိုလ်ဟာ ယခုလိုကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ကျောင်းသားများကိုသူတို့လိုအပ်သလောက်ယူနိုင်ဖို့ အစားအစာတွေကိုအခမဲ့ပေးဝေခဲ့ပါတယ်။

 

https://www3.nhk.or.jp/nhkworld/en/news/20210124_06/

 

Tsukuba တက္ကသိုလ်ဟာ ဒီလိုကူညီဖြစ်ခဲ့ပုံကတော့ ကိုရိုနာကာလအတွင်း ကျောင်းသားတွေဟာ စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်ရပြီး၊ အထောက်အပံ့ပေးမှုအတွက် တောင်းဆိုလာကြပါတယ်။
တက္ကသိုလ်ရဲ့ ဒီဇင်ဘာလအတွင်းစစ်တမ်းကောက်ထားချက်အရ ဌာနအချို့ရဲ့ဖြေဆိုခဲ့သူ ၇၀ ရာခိုင်နှုန်းမှာ သူတို့ရဲ့ဝင်ငွေကျဆင်းနေပြီဖြစ်ကြောင်း သိခဲ့ရပါတယ်။

တက္ကသိုလ်ဟာ ထိုဝန်းကျင်ရှိကုမ္ပဏီများနဲ့ လယ်ယာလုပ်ငန်းရှင်တွေကိုခေါ်ယူတွေ့ဆုံပြီး ကျောင်းသားများလိုအပ်တဲ့အစားအစာတွေပေးလှူဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီလိုတွေ့ဆုံခြင်းကြောင့် ခေါက်ဆွဲထုတ်များနှင့် ဟင်းသီးဟင်းရွက်များ၊ ဆန် ၇ တန်အပါအဝင်၊ အစားအစာများ တန် ၂၀ ကျော် ရရှိခဲ့ပါတယ်။

ကျန်ခဲ့တဲ့သောကြာနေ့ကပဲ ကျောင်းသားပေါင်း ၂၅၀၀ ကျော်ကိုပေးဝေနိုင်ခဲ့ပါတယ်။

ဒီလိုထဲမှာ နိုင်ငံခြားသားကျောင်းသားတစ်ဦးထံမှ “ ရောဂါတွေဖြစ်နေတာကြောင့် အချိန်ပိုင်းအလုပ်လည်းဆုံးရှုံးသွားတယ်။ အိမ်ကလည်းမထောက်ပံ့ပေးနိုင်ဘူး။ ဒီလိုအကူအညီကိုရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး ကျေးဇူးတင်ကြောင်းပြောပြသွားခဲ့ပါတယ်။

ထိုတက္ကသိုလ်ကတော့ ကျောင်းသားတွေအတွက် လာရောက်လှူဒါန်းမှုကိုကြိုဆိုလျှက်ရှိပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: