ဘီလူးလိုကြောက်စရာကောင်းတဲ့ ဆာမူရိုင်းနဲ့ ကြောင်ကလေးတွေ ကြားကဆက်ဆံရေး

ဂျပန်နိုင်ငံကြီး ငြိမ်းချမ်းရေးမရခင်တုန်းက Sengoku ခေတ်လို့ခေါ်ကြပြီး ဆာမူရိုင်းတွေအများကြီးရှိတဲ့ခေတ်ဆိုတာ ရှိခဲ့ပါတယ်။

ဂျပန်ဆိုတဲ့ ကြီးမားတဲ့ဘောင်တွေရှိပေမယ့် အဲ့ဒီထဲမှာ သေးငယ်တဲ့ပတ်ဝန်းကျင်လေးအဖြစ်ခွဲထွက်ပြီး ကိုယ်ပိုင်နိုင်ငံအသီးသီးဖွဲ့စည်းကြပြီး စစ်ပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် 島津義弘(しまず よしひろ)Shimazu Yoshihiro ဆိုတာကလည်း ဒီလိုလူထဲက တစ်ယောက်ပါပဲ။

ရဲရင့်မှုနဲ့လွှမ်းမိုးမှုအားကောင်းတာကြောင့် “鬼島津(おにしまず)” Onishimasu လို့ခေါ်တဲ့လူဖြစ်ပြီးဲမှာ့မူာမူရိုင်းနဲ့ ကြောင်ကလေးတွေ ကြားကဆက်ဆံရေးပါတယ်။ ကိုးရီးယားနဲ့ တစ်ချိန်တုန်းက တရုတ် စတဲ့နိုင်ငံတွေနဲ့ စစ်ပွဲတွေကို ဆင်နွှဲခဲ့ပြီး သူတို့ဆီကနေလည်း “鬼” ဘီလူး လို့ခေါ်ခံခဲ့ရတာဖြစ်ပါတယ်။

https://mag.japaaan.com/archives/103618

အဲ့ဒီအားကောင်းမှုက တော်ရုံတန်ရုံမဟုတ်တာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ဆာမူရိုင်းတွေဆီမှာလည်း လေးစားခံခဲ့ရတယ်ဆိုပေမယ့် ကြောင်တွေကိုအရမ်းချစ်တတ်တယ်ဆိုတာက ချစ်စရာကောင်းသွင်ပြင်ရှိခဲ့တယ်လို့သိရပါတယ်။

သူက ကိုးရီးယားနိုင်ငံကို စစ်ကြောင်းထွက်ခဲ့တဲ့အချိန်မှာ ကြောင် ၇ ကောင်ကို အတူတူခေါ်သွားခဲ့ပါတယ်။

အဲ့ဒါက ကုစားဖို့အတွက်မဟုတ်ဘဲ အချိန်ကိုတိုင်းတာဖို့အတွက်ဖြစ်ပါတယ်။

မှောင်တဲ့အချိန်တွေမှာ မျက်လုံးကဝိုင်းလာပြီး လင်းတဲ့အချိန်တွေမှာဆိုရင် ရှည်ရှည်လေးဖြစ်သွားတယ်ဆိုတဲ့ ကြောင်တွေရဲ့မျက်လုံးရဲ့သိသာထင်ရှားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကျင့်သားမရသေးတဲ့ နိုင်ငံခြားဒေသတွေမှာ စစ်ပွဲတွေကိုဆက်ပြီး ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

ခက်ခဲတဲ့တိုက်ပွဲတွေကြားထဲမှာ စိတ်ဖိစီးမှုတွေများနေမယ်မဟုတ်လား ?

အိမ်ကိုလုံလုံခြုံခြုံနဲ့ ပြန်ရောက်နိုင်ခဲ့တာက ကြောင်လေးနှစ်ကောင်တည်းလို့လည်း ပြောကြပါတယ်။

ပြန်ရောက်လာခဲ့တဲ့ ကြောင်လေး ၂ ကောင်ရဲ့နာမည်ကတော့ Yasu နဲ့ Mike ဖြစ်ပါတယ်။

Yasu က Yoshihiro Shimazu ရဲ့ဒုတိယသားက အရမ်းကိုချစ်စရာကောင်းတယ်ဆိုပြီး သူ့နာမည်တစ်လုံးကိုထည့်ပြီး Yasu လို့မှည့်ထားခဲ့တာဖြစ်ပါတယ်။

https://mag.japaaan.com/archives/103618

ဟိုအရင်တုန်းက Shimazu ဒေသမှာရှိတဲ့ Kagoshima ခရိုင်မှာ ပုံထဲကလိုကြောင်လေးကို “ヤス猫” “Yasu Neko” လို့ခေါ်တာဖြစ်ပါတယ်။

လုံလုံခြုံခြုံနဲ့ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ Yoshihiro ပြန်ခေါ်သွားခဲ့တဲ့ ကြောင်လေးတွေကို နတ်ဘုရားအနေနဲ့ ကိုးကွယ်ခဲ့ကြပါတယ်။

အမျိုးမျိုးသောအရာတွေနဲ့ တိရိစ္ဆာန်တွေကို ကိုးကွယ်နေတဲ့ဂျပန်နိုင်ငံဖြစ်ပေမယ့်ကိုးကွယ်နေတဲ့ဂျပန်နိုင်ငံဖြစ်တာကြောင့် ကြောင်တွေကိုကိုးကွယ်တာတော့ သူပဲရှိပါတယ်။ောကြပါတယ်။ါတယ်။ိရပါတယ်။ ကြောင်တွေကိုကိုးကွယ်တာတော့ သူပဲရှိပါတယ်။

ရလဒ်အနေနဲ့ 猫神神社(ねこがみじんじゃ)Nekogami Jinnjya ဆိုတဲ့နတ်ကွန်းကို ဆောက်လုပ်နိုင်ခဲ့ပါတယ်။

https://mag.japaaan.com/archives/103618

 

ကြောင်လေးတွေကိုအရမ်းချစ်ပြီး အထောက်အကူဖြစ်စေတဲ့ ကြောင်ကလေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ နတ်ကွန်းကို တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

ဘီလူးလိုကြောက်စရာကောင်းပဲမဟုတ်ဘူးဆိုတာ နာမည်ကြီးတဲ့လျို့ဝှက်ချက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: