အလိုအလျောက်ပေးစက်တွေမှာ လစဥ်ကြေးဝန်ဆောင်မှုတွေစလာပြီ

လစဥ်ကြေးဝန်ဆောင်မှု လို့ခေါ်ကြတဲ့  subscription ဆိုတာကို သိပါသလား ?

စမတ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေကို ကမ္ဘာပေါ်မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြပြီး၊ ဥပမာ Apple Music ဆိုတာက လစဥ်ကြေးဝန်ဆောင်မှုအနေနဲ့ တေးသီချင်းတွေကို အကန့်အသတ်မရှိနားထောင်လို့ရပါတယ်။

Microsoft မှာဆိုရင်လည်း Excel တို့ Word တို့ရဲ့ နောက်ဆုံးဗားရှင်းတွေကို လတိုင်းပိုက်ဆံထပ်သွင်းပြီးမှ စိတ်ကြိုက်သုံးလို့ရမှာဖြစ်ပါတယ်။

သုံးရင်သုံးသလောက် တွက်ချေကိုက်တဲ့ subscription ဖြစ်တာကြောင့် ဂျပန်နိုင်ငံရဲ့ အလိုအလျောက်အအေးရောင်းစက်တွေမှာလည်း စသုံးလာကြပါပြီ။

ဒါကတော့ ဒီလိုအလိုအလျောက်ရောင်းစက်တွေဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1908/29/news128.html

တံဆိပ် ၂ မျိုးရှိရာ ပစ္စည်းတွေကို အကန့်အသတ်နဲ့ရောင်းချပေးတာကြောင့် တစ်လကို ယန်း ၉၈၀ လောက်ပဲပေးရပါတယ်။

ဒါပေမယ့် ရှိသမျှအကုန်လုံးထဲက အကန့်အသတ်မရှိရွေးချယ်ဝယ်ယူလိုတယ်ဆိုရင် တစ်လကို ယန်း ၂,၄၈၀ ပေးသွင်းထားရမှာဖြစ်ပါတယ်။

မဝယ်ခင် ဘယ်တံဆိပ်မှာ မှတ်ပုံတင်ထားတဲ့ပေါ်မှာမူတည်ပြီး ဒီလိုစမတ်ဖုန်းမှာ QR code ကိုဖတ်လိုက်ရုံနဲ့ ပေးချေနိုင်မှာဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1908/29/news128.html

ပုံထဲကလို ဖျော်ရည်ပုလင်းဆိုရင် ဂျပန်မှာ တစ်ပုလင်းကို ယန်း ၁၅၀ ပေးရပါတယ်။

ဒါကို ရက် ၃၀ ဝယ်မယ်ဆိုရင် ယန်း ၄,၅၀၀ ဖြစ်လို့ ဒီ subscription က မဆိုးဘူးနော်…

စိတ်မကောင်းပေမယ့် တစ်ရက်ကို တစ်ပုလင်းအနေနဲ့ ကန့်သတ်ထားပါတယ်။

ဒီလိုမလုပ်ဘူးဆိုရင် သူငယ်ချင်းတွေအတွက် ဝယ်ဖို့ဖြစ်လာရင် အများဆုံးကန့်သတ်ချက်ဖြစ်နေမှာကြောင့် ….

ဒါပေမယ့် အလုပ်လုပ်တဲ့ရက်တွေကို တွက်ချက်လိုက်မယ်ဆိုရင်တော့ ရက် ၂၀ လောက်ပဲရှိတော့ အတော်ပဲနော်။

မနက်တိုင်းကော်ဖီသောက်တတ်တဲ့သူ၊ အသီးအရွက်ဖျော်ရည်သောက်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပြီး အကြွေလည်းမလိုတာကြောင့် အလုပ်ရှုပ်သက်သာတာပေါ့နော်။

နေ့လည်စာတွေလည်း subscription ဖြစ်မလာနိုင်ဘူးလားနော် ? ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: