စီးပွားရေးအောင်မြင်မှုကို အပြုံးလေးနဲ့ သိမ်းပိုက်လိုက်ပါ !

အလုပ်စလုပ်တဲ့အချိန်မှာ တစ်ယောက်ယောက်နဲ့ ပက်သတ်ဆက်နွယ်ရတော့မှာဖြစ်ပါတယ်။

တစ်ယောက်တည်း အနုပညာရှင်အနေနဲ့ခံယူထားပြီး အနုပညာရှင်တစ်ယောက်ဖြစ်နေရင်တောင် ကိုယ့်ပစ္စည်းတွေကို ဝယ်မယ့်သူတွေနဲ့ ပြောဆိုဆက်ဆံဖို့လည်းလိုပါတယ်။

သင်က ဝယ်သူ၊ အထက်လူကြီး၊ လက်အောက်ငယ်သားတွေနဲ့ ပက်သတ်ဆက်နွယ်မှုတွေကြားမှာ ကောင်းမွန်စွာဆက်ဆံနိုင်ရဲ့လား ?

အထက်လူကြီးတွေနဲ့ စကားပြောရတာရှည်လွန်းတယ်။

လက်အောက်ငယ်သားတွေက အူကြောင်ကြောင်နဲ့…

Customer တွေကလည်း အမြဲတမ်းအရစ်ရှည်နေတယ်။

ဒီလိုမျိုးတွေတွေးမိနေတဲ့သင်က လူတွေကြားမှာ ဆက်ဆံရေးတွေအဆင်မပြေပါဘူး။

ဒါတွေကို ဖုံးကွယ်ထားနိုင်တာက “အပြုံး” ဖြစ်ပါတယ်။

လူရွှင်တော်ဟောင်းတစ်ယောက်ဖြစ်တဲ့ Nakakita က ဒီရယ်မောပျော်ရွှင်ခြင်းနဲ့ စီးပွားရေးမှာ အသုံးပြုဖို့နည်းလမ်းတွေကို သုတေသန ပြုလုပ်ခဲ့ပါတယ်။

https://nikkan-spa.jp/1592496?cx_clicks_art_mdl=2_title

 

ရယ်ရတဲ့သူတစ်ယောက်ဖြစ်ချင်ရင် ကိုယ်ကအရင်ပြုံပြပါ

လူတွေကို ပြုံးပြလိုက်မယ်ဆိုရင် ကိုယ်တိုင်ကလည်း အမြဲပြုံးရယ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။

ပထမဆုံးတွေ့တဲ့သူနဲ့ စကားပြောရတာဟာ ပိုပြီးတော့စိတ်လှုပ်ရှားနေတတ်ပါတယ်။

အရင်ဆုံး ဒါကို ပျော့သွားအောင်လုပ်ဖို့လိုပါတယ်။

ဒီလိုလုပ်ဖို့အတွက်လိုတာက အပြုံးမျက်နှာပါ။

မျက်နှာမှာအပြုံးနဲ့လူတွေက စိတ်ကိုနည်းနည်းလောက်တော့ ဖွင့်ထားလိမ့်မယ်နော် ?

နောက်ပြီး အပြုံးကောင်းတစ်ပွင့်ကို ထည့်ထားရပါမယ်။

ဒါပေမယ့် အားလုံးဖြစ်ချင်တာက လူရွှင်တော်မဟုတ်တာကြောင့် စိတ်ပါမှပြုံးပြဖို့ မလိုပါဘူး။

Nakakita ဆိုရင် ဥပမာ လိပ်စာကဒ်ကို ဒီလိုပုံစံတွေလုပ်ပါတယ်။

ဘယ်ဘက်က Nakakita ရဲ့ လိပ်စာကဒ်ဖြစ်ပြီး ညာဘက်ကတော့ ပုံမှန်လိပ်စာကဒ်ဖြစ်ပါတယ်။

https://nikkan-spa.jp/1592496?cx_clicks_art_mdl=2_title

 

အရင်ဦးဆုံးချင်တာ အရွယ်အစားက iPad လောက်တောင် ကြီးနေပါတယ်။

 

အဲ့ဒီမှာမှ ဟင် ? လို့ထင်သွားရလောက်တဲ့ ဘယ်ဘက်က စကားလုံး “俺” Ore ငါ ဆိုတဲ့စကားလုံးကို ထည့်ထားပါတယ်။

ပြက်လုံးတွေအများကြီးပါတဲ့ လိပ်စာကဒ်ဖြစ်ပါတယ်။ ရတဲ့သူက အဲ့ဒီအတိုင်းသိမ်းပြီးယူသွားလို့မရဘဲ တစ်ခုခုပြောပေးရပါတယ်။

အဲ့ဒါက communication ရဲ့အစဖြစ်ပါတယ်။

 

ဪ,, ဟိုလိပ်စာကဒ်အကြီးကြီးနဲ့ လူပဲနော် ?

 

ဒါနဲ့ Nakakita ရဲ့ ဆက်ဆံရေးက တကယ်ကိုပြေပြစ်တယ်နော် ?

ယူသွားယူလာရတာ ခက်ခဲပေမယ့်လည်း…

ခက်ခဲပေမယ့်လည်း “ရယ်ရခြင်း” နဲ့ “ထူးခြားခြင်း”ဆိုတဲ့ ဘောင်တွေရှိပါတယ်။

ရယ်ရတာ ကောင်းပေမယ့် ထူးခြားနေတာကတော့ ပယ်ထားခံရတတ်ပါတယ်။

ဥပမာ ယဥ်ယဥ်ကျေးကျေးမပြောတတ်တဲ့သူတွေဖြစ်ပါတယ်။

ကိုယ့်အကြောင်းကို ပြောရင်းရယ်တာရပါတယ်။

တစ်ခုခုရယ်စရာလေး စပြောလိုက်လို့ရပေမယ့် တစ်ဖက်လူရဲ့အကြောင်းကိုတော့ လုံးဝပြောလို့မဖြစ်ပါဘူး။

နောက်ပြီး ကောင်မလေးချောချောလေးတွေက “ブス” Busu ရုပ်ဆိုးတယ် လို့ပြောရင် မကြိုက်တဲ့အဓိပ္ပာယ်ကလွဲပြီး မကြားမိကြပါဘူး။ ဒါကိုလည်း လုံးဝပြောလို့မဖြစ်ပါဘူး။

သူကနည်းနည်းလေးဝလို့

 “ဟာ…နွေရာသီက ဝတဲ့သူတွေအတွက် ဒုက္ခများတာပဲနော် ”

လို့ပြောရင် ရယ်ကောင်းရယ်နိုင်ပေမယ့် တစ်ဖက်လူက ကိုယ့်ထက်ပိုကြီးနေတဲ့အချိန်မှာ အဲ့ဒီစကားကိုသုံးလို့မရပါဘူး။

တစ်ဖက်လူကို သေချာကြည့်ပြီးမှ သုံးပါနော်။

နောက်ပြီးတစ်ဖက်လူရဲ့တုံ့ပြန်မှုကို ကြည့်ရင်းနဲ့ ပြုံးပြဖို့ကလည်း အရေးကြီးပါတယ်။

အားလုံးကလည်း သင့်တင့်တဲ့အပြုံးလေးနဲ့ ပြောဆိုဆက်ဆံရတာတွေကို အဆင်ပြေအောင် ကြိုးစားကြည့်ပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: