ဂျပန်နိုင်ငံမှာရှိတဲ့ သစ်သားအဆောက်အဦတွေရဲ့ ကြာရှည်တည်တံ့နေရတဲ့ အကြောင်းအရင်း

နရ စီရင်စုမှာ Houruuji ဆိုတဲ့ဘုရားကျောင်းရှိပါတယ်။
အဲ့ဒီဘုရားကျောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ မတိုင်ခင်တုန်းက သစ်သားနဲ့တည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။
https://cloudfrontcdn.waca.ec/
ရှေးဟောင်းသစ်သားအဆောက်အဦဖြစ်ပြီး အခုချိန်ထိ နဂိုအတိုင်းကျန်ရှိနေသေးတဲ့ အဆောက်အဦဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ငလျင်ဒဏ်တွေများတာတောင်ပြိုကျမသွားဘူးလား ?
လျို့ဝှက်ချက်ကတော့ သံကို အသုံးမပြုတဲ့နည်းပညာနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
သံဆိုတာက အိမ်ဆောက်တဲ့အခါမှာ အသုံးပြုတဲ့ အိမ်ရိုက်သံကို ဆိုလိုချင်တာဖြစ်ပါတယ်။
အဲ့ဒီသံချောင်းတွေက ကြာလာရင်သံချေးတက်ပြီး သစ်သားတွေကို တိုက်စားတာကြောင့် အဆောက်အဦကို ပျက်စီးစေပါတယ်။
သစ်သားတွေကို လုံးဝခြောက်သွေ့အောင်ထားမယ်ဆိုရင် ကြာရှည်ခံနိုင်ပြီး၊ ပုံမှန်အတိုင်းဆိုရင်တော့ အဆောက်အဦတွေကို သံချောင်းမပါဘဲနဲ့ တည်ဆောက်လို့မရပါဘူး။
ဘာကြောင့်လဲဆိုတော့ အိမ်တွေ၊ ကျောင်းတွေရဲ့ အရွယ်အစားက ကြီးမားတဲ့အတွက်ကြောင့် တည်ဆောက်တဲ့အခါမှာ အပင်တစ်ပင်တည်းနဲ့တင်မဟုတ်ဘဲ အပင်တွေအများကြီးနဲ့ ပေါင်းစပ်တည်ဆောက်ဖို့လိုအပ်ပါတယ်။
ပေါင်းစပ်ထားတဲ့သစ်သားတွေကို ထောင်ထားဖို့ဆိုအတွက် အိမ်ရိုက်သံတွေကိုလိုအပ်ပါတယ်။
အရင်တစ်ချိန်တုန်းကတော့ ဂျပန်နိုင်ငံမှာ အိမ်ရိုက်သံတွေကို အသုံးမပြုဘဲ အဆောက်အဦတွေကို ဆောက်လုပ်တဲ့နည်းပညာရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၁၀၀၀ မတိုင်ခင်တုန်းက ဂျပန်နိုင်ငံမှာ ….
သံတွေဟာအရည်အသွေးမကောင်းတဲ့အတွက်ကြောင့် သစ်သားတွေကို တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်ရမလဲဆိုတာကို သေသေချာချာစဥ်းစားခဲ့တဲ့အခါ ဒီနည်းပညာရရှိခဲ့ပါတယ်။
သစ်သားကိုထွင်းပြီးတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတာဖြစ်ပါတယ်။
အဲ့ဒီနည်းပညာကို “木組み(きぐみ)” ခုဂုမိ လို့ခေါ်ပါတယ်။
ဒီလို အထူးနည်းပညာက အဆောက်အဦတွေအားလုံးမှာ အသုံးပြုနိုင်တာမျိုးမဟုတ်ဘဲ အရေးကြီးအဆောက်အဦတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း ၊ နတ်ကွန်း စတဲ့အဆောက်အဦတွေမှာပဲ အဓိကထားပြီးအသုံးပြုတာဖြစ်ပါတယ်။
ဒီလိုလုပ်ငန်းမျိုးကို လုပ်နိုင်တဲ့ လက်သမားတွေကို 宮大工(みやだいく)မိရဒိုင်းခု လို့ခေါ်ပါတယ်။
သစ်သားအဆောက်အဦတွေက နှစ် ၁၅၀ ကနေ ၂၀၀ အတွင်းကြာလာတဲ့အခါမှာ ပြုပြင်ဖို့လိုအပ်လာပြီး သစ်သားတွေနဲ့ဆက်ပြီးဆောက်ထားတဲ့အဆောက်အဦတွေရဲ့ ပျက်စီးနေတဲ့အစိတ်အပိုင်းတွေပဲ ဖြုတ်ပြီးပြုပြင်လို့ရပါတယ်။
သံချောင်းတွေကို အသုံးမပြုထားတဲ့အတွက်ကြောင့် သစ်သားတွေကိုလည်းမပျက်စီးစေပါဘူး။
နောက်ပြီးတော့ သစ်သားတွေက ပြုပြင်ရလွယ်ပါတယ်။
အုတ်တွေသံတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေက ငလျင်လှုပ်တဲ့အခါမှာ ပြိုကျနိုင်ပါတယ်။
သစ်သားတွေနဲ့ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေက လှုပ်ရမ်းနေတာကို ဖြည်းဖြည်းချင်းထိန်းထားပေးနိုင်ပါတယ်။
ဂျပန်နိုင်ငံကငလျင်ဒဏ်တွေများတာကြောင့် ဒီလိုအထူးကောင်းမွန်တဲ့ နည်းပညာတွေ ပေါ်လာခဲ့တယ်ထင်ပါတယ်။