တီဗွီအစီအစဥ်မှာ ပါဝင်ခွင့်မရတော့တဲ့ ဖျော်ဖြေရေးသမား Egashira

အခုပြောပြမယ့်အကြောင်းအရာကတော့ ရိုင်းပြတဲ့ Spoiler တွေကိုပဲလုပ်နေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်တဲ့ 江頭2:50  ( Egashira Niji go juppun ) အကြောင်းပဲဖြစ်ပါတယ်။

နာမည်ကလည်း နည်းနည်းတစ်မျိုးကြီးဖြစ်နေတယ်နော်။

မြန်မာလိုဆိုရင်တော့ “ အဲဂရှိရ  ၂ နာရီ မိနစ် ၅၀ “ပါ။

ဒီလူဟာ အိင်္ကျီဝတ်တယ်ဆိုတာကို မတွေ့ရပါဘူး။ အမြဲတမ်း ဘောင်းဘီတစ်ထည်ပဲ ဝတ်တာကို မြင်ရမှာပါ။

 

 

 

http://geinoutokudane.blog.jp/archives/5872433.html

 

နောက်ပြီး တီဗွီအစီအစဥ်မှာ မှတ်တမ်းတင်နေစဥ် ဘောင်းဘီချွတ်ချပြတတ်တဲ့ ပြဿနာရှာသူတစ်ယောက်လည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဘာပဲဖြစ်နေပါစေ သူဟာမမုန်းနိုင်တဲ့ ဇာတ်ကောင်လိုကိုဖြစ်နေတာပါ။

၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံရဲ့ အရှေ့ပိုင်းမှာကျရောက်ခဲ့တဲ့ ငလျင်အကြီးစားဖြစ်ခဲ့တဲ့အချိန် ချက်ချင်းကားငှားရမ်းတဲ့နေရာမှာ truck ငှားပြီး သူကိုယ်တိုင် ကယ်ဆယ်ရေးပစ္စည်းတွေကို သယ်သွားပြီး ဘေးအန္တရာယ်ကျရောက်ရာနေရာက ဒုက္ခသည်တွေကို ပေးခဲ့တယ်ဆိုတဲ့ သတင်းကြောင့်၊ စာနာထောက်ထားတတ်တဲ့ လူသားတစ်ဦးအနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပေမဲ့၊

ဒီတစ်ခေါက် တီဗွီအစီအစဥ်မှာ ဖျော်ဖြေခွင့်တောင်ပိတ်ပင်ခံလိုက်ရတဲ့ အဖြစ်က ဘာကြောင့်များပါလိမ့် ??

 

အကြောင်းကတော့ သူဖြစ်နေလို့ပါပဲ တဲ့…

သူဟာ သူ့ရဲ့ ရိုက်ကူးရေးအတွက် တူရကီကိုသွားတဲ့အချိန်၊ နပန်းပွဲကျင်းပတဲ့နေရာမှာ ဂျပန်လူမျိုးအမျိုးသားတွေဝတ်တဲ့ အောက်ခံဘောင်းဘီ လန်ကွတ်တီနဲ့ ရိုက်ကူးခဲ့ပြီး သူကိုယ်သူပြသခဲ့ပါတယ်။

ထင်ထားတာထက်ပိုပြီး တုံ့ပြန်မှုတွေ အားပေးမှုတွေကကောင်းနေတဲ့အတွက်၊ အဲ့ဒီအပေါ်မှာ Egashira တစ်ယောက် ပိုပြီးလုပ်ပြချင်ဇော်နဲ့ အဲ့ဒီ လန်ကွတ်တီ ကိုတောင်ချွတ်ချလိုက်ပြီး ကိုယ်တုံးလုံးအနေအထားကို ပြသခဲ့ပါတယ် !!!!!

အရမ်းကိုကျယ်လောင်တဲ့ ရယ်သံအားပေးသံတွေကြားမှာ Egashira တစ်ယောက် အပျော်ကြီးပျော်နေခဲ့တာပေါ့။ မကြာပါဘူး တူရကီရဲတွေ ချက်ချင်းရောက်လာပြီး Egashira ကို ဖမ်းဆီးလိုက်ပါတော့တယ်။ (ရယ်လျက်)!!!

 

အဲ့ဒီနောက် ဂျပန်နိုင်ငံရဲ့ Weekdays တွေရဲ့ နေလည်ခင်းအချိန်မှာလွှင့်တဲ့ လူကြိုက်များတဲ့ ဒဏ္ဍာရီ တီဗွီအစီအစဥ်ဖြစ်တဲ့ “ 笑っていいとも” “ You may laugh” ဆိုတဲ့ Program မှာရိုက်ကူးရေးလုပ်နေတဲ့အချိန်၊

အသံလွှင့်နာမည်ကြီးစာရေးဆရာ ဖြစ်တဲ့ 橋田壽賀子(はしだ すがこさん)Sugako Hashida ဆိုသူဆီက “ ဝါး တူရကီမှာ နာမည်ကြီးဖြစ်လာသူပဲ!” လို့ပြောခြင်းခံရပြီးတဲ့နောက်၊ တိုက်ရိုက်ထုတ်လွင့်တင်ဆက်မှု လုပ်နေစဥ်မှာပဲ သူဟာ Sugako Hashida ကို ကြမ်းတမ်းစွာနမ်းရှုပ်လိုက်ပြီး သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းတွေလည်း မရှိတော့တာတွေ့ရပါတယ်။

Sugako Hashida က အသက် ၈၇ နှစ်ပါ။

ဒါကိုအကြောင်းပြုပြီးတော့ ဒဏ္ဍာရီလူကြိုက်များတဲ့ တီဗွီအစီအစဥ် ကတားမြစ်ခြင်းခံလိုက်ရပါတယ်။

 

“Vocabulary heaven ” ဆိုတဲ့အစီအစဥ်မှာလည်းပဲ လူကြိုက်များတဲ့ Program တစ်ခုအဖြစ် သူဟာ အချိန်တိုင်းရိုက်ကူးရေးတွေလုပ်ခဲ့ပါတယ်။

အမြဲတမ်းချွတ်ပြပြီးဟာသ လုပ်တတ်တဲ့ သူဟာ ကြည့်ရှုသူတွေကြားမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

တစ်ရက်တော့ Program Sponsor က အစီအစဥ်ရိုက်ကူးရေးမှာ ကိုယ်တိုင်လာရောက်ကြည့်ရှု့တဲ့အတွက် ဝန်ထမ်းက “ ဒီနေ့တော့ မချွတ်ပါနဲ့” လို့ပြောတာကို အဓိပ္ပါယ်ပြောင်းပြန်ယူလိုက်ပြီး ရိုက်ကူးရေးလုပ်နေတဲ့ နေရာမှာပဲ အကုန်ချွတ်ချလိုက်ပြီး ကိုယ်တုံးလုံးတီးနေပြလိုက်တယ်တဲ့။

အဲ့ဒါနဲ့ပဲ အဲ့ဒီရိုက်ကူးရေး Program ကလည်း ဖျတ်သိမ်းခြင်းခံလိုက်ရပါတယ်။

 

ဒီအထိဆိုရင်တော့ သူဟာရူးကြောင်ကြောင်ဖြစ်နေတာလာလို့ တွေးမိကောင်းတွေးမိနိုင်ပေမဲ့၊ နောက်ထပ်ရှိပါသေးတယ်။

Shinjuku မှာရှိတဲ့ Tower records လို့ခေါ်တဲ့ အခွေဆိုင်ကြီးမှာ သူ့ရဲ့  DVD ရောင်းချတဲ့အထိမ်းအမှတ်ပွဲကို လုပ်နေချိန်၊ underware ဘောင်းဘီ တစ်ထည်တည်းနဲ့ ခုန်ပေါက်ဖျော်ဖြေပြီး ဘောင်းဘီတောင်ပြဲသွားရတဲ့အတွက် ကိုယ်လုံးတီးဖြစ်သွားရပြန်ပြီး လာကြတဲ့ ပရိသတ် ၃၀၀ လောက်ရှေ့မှာ ထွက်ပြေးခဲ့ရပါတယ်တဲ့…

 

 

နောက်ထပ်လည်း အမျိုးမျိုးသော Program မှာ ရုတ်တရက်ကြီး ကိုယ်တုံးလုံးကြီးနဲ့ ခဏခဏပြေးဝင်လာတတ်လို့  ဘယ်လိုပဲဖြစ်ဖြစ် Egashira တစ်ယောက်ကတော့ လူပြောများတဲ့ အကြောင်းအရာတစ်ခုလိုကို ဖြစ်နေပါပြီး (ရယ်လျက်) !!

စကားတစ်ခွန်းပဲ ပြောရရင် “ ရူးနေတာပဲနော်….” လို့ပြောရုံလွဲပြီးမရှိတော့ပေမဲ့၊

စာဖတ်သူတို့လည်း သူ့အကြောင်းတွေကိုစုံစမ်းပြီး သူ့ရဲ့ ရိုက်ကူးရေးတွေကို ကြည့်ချင်လာမယ်ဆိုရင်တော့ ဒါက Egashira ရဲ့ စာဖတ်သူတို့ကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုပါပဲ။

 

အခုအချိန်မှာ Egashira တစ်ယောက် ဂျပန်နိုင်ငံရဲ့ တီဗွီအစီအစဥ်မှာ ပါလို့မရတော့တဲ့အတွက် သူဟာ Youtuber တစ်ယောက်အနေနဲ့တော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို တွေ့နိုင်ပါတယ်။

 

တီဗွီမှာ စည်းမျဥ်းတွေရှိနေမယ်ဆိုရင်တောင် သူဟာကရုမစိုက်တတ်တဲ့ လူသားပဲဖြစ်ပါတယ်။

အင်တာနက်မှာတော့ သူ့ကိုလာပြီး ပိတ်ပင်မယ့်သူ ကန့်သတ်မယ့်သူတွေ မရှိတဲ့အတွက် အခုသူဘာတွေလုပ်နေလဲ ဆိုတာကို တစ်ချက်လောက်ကြည့်လိုက်ပါအုံး !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: