အီဂျစ်ပြည်မှာတွေ့ခဲ့တဲ့ ဂျပန်အကြွေစေ့

ကမ္ဘာလှည့်ပြီးခရီးသွားနေတဲ့ ဂျပန်လူမျိုးက အီဂျစ်မှာရှိတဲ့ လက်ဆောင်ပစ္စည်းဆိုင်မှာ အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကိုတွေ့ခဲ့ပါတယ်။

အဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းလေးက အောက်ကပုံထဲမှာပါတယ်နော်…

https://www.daily.co.jp/society/life/2019/05/15/0012331893.shtml

 

ဘယ်တစ်ခုလဲဆိုတာကိုသိပါသလား ?

ဟုတ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကြွေစေ့တွေကို ဖြတ်ထုတ်ပြီးပုံထွင်းထားတာဖြစ်ပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံရဲ့အကြွေစေ့တွေကိုလည်း တွေ့လိုက်တယ်နော်။

https://www.daily.co.jp/society/life/2019/05/15/0012331893.shtml

 

ဒီလိုပုံစံမဖြစ်လာခင်က အကြွေစေ့တွေပါ။

ဒီလိုဖြစ်လာအောင် တစ်ခုချင်းကို လက်နဲ့သေချာထွင်းထားတာဖြစ်ပါတယ်။

https://www.daily.co.jp/society/life/2019/05/15/0012331893.shtml

 

ဒီလိုဖြတ်ထွင်းတဲ့အခါမှာ သုံးဖက်မြင်ပန်းပုပညာနဲ့ ပုံတွေကြွနေအောင်လုပ်ထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြွေစေ့ဒီဇိုင်းတွေက တော်တော်လေးကိုအသေးစိတ်ပေမယ့် သေချာကိုထွင်းထားပါတယ်။

တစ်စုံကို ၄ စေ့နဲ့ ယန်း ၁၅,၀၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။

ဆန်းကြယ်ပြီး ဒီဇိုင်းကလည်းလှလို့ ဂျပန်လူမျိုးတွေ လက်ဆောင်အဖြစ်နဲ့ဝယ်သွားမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။

ဒါတွေကို ဂျပန်နိုင်ငံထဲယူဆောင်ခွင့် ပိတ်ပင်ထားလို့ပါ။

နိုင်ငံခြားမှာပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံကအကြွေစေ့တွေကို ပြန်မယူလာရဘူးဆိုတဲ့ ဥပဒေနဲ့တားမြစ်ထားတာဖြစ်ပါတယ်။

ယူသွားမိမယ်ဆိုရင် ပြစ်မှုမြောက်မှာဖြစ်ပါတယ်။

၁၀ နှစ်အတွင်းထောင်ကျနိုင်ပြီး ဒဏ်ကြေးဆိုရင် ယန်း 30,000,000 လောက်ပေးဆောင်ရမှာဖြစ်ပါတယ်။

တော်တော်လေးကို လေးနက်တဲ့အမှုပဲနော် ?

ဒါပေမယ့် ဖမ်းမိမယ်လို့မထင်မိဘူးမလား။

မဟုတ်ဘူးနော်။ ၂၀၀၇ ခုနှစ်တုန်းက တစ်ခါဖမ်းမိခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံရဲ့မျက်လှည့်ပညာရှင်းတစ်ယောက်က ယန်း ၅၀၀ တန်အကြွေစေ့ကို နိုင်ငံခြားကနေ ပြန်ယူလာလို့ ဖမ်းခံခဲ့ရပါတယ်။

 

ဂျပန်နိုင်ငံမှာလုပ်တဲ့အကြွေစေ့ဆိုရင်တောင်မှ ပြန်ယူလာရင် ဖမ်းတာလား ?

 

နည်းပညာအရလုပ်နိုင်တယ်လို့ထင်ပေမယ့် ဒီလိုယူလာတဲ့အကြွေစေ့ဟာ တရားမဝင်တာကြောင့် ပြစ်မှုမြောက်သွားတာဖြစ်ပါတယ်။

နိုင်ငံခြားမှာ ဒီလိုဥပဒေတွေမရှိတာကြောင့် နိုင်ငံခြားကဆိုင်တွေမှာလုပ်ပြီး ရောင်းရင်လည်း ဘာမှမဖြစ်ပါဘူး။

ဝယ်သွားမယ်ဆိုရင်လည်း ဘာမှမဖြစ်ပေမယ့် ဂျပန်နိုင်ငံထဲကိုယူသွားလို့မရဘူးဆိုတာက တရားဝင်ဥပဒေစည်းမျဥ်းတစ်ခုဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေလည်း ဒါလေးတွေကို လက်ဆောင်အနေနဲ့ ယူသွားချင်ကြပါတယ်။

ဂျပန်လူမျိုးတွေကို လက်ဆောင်ပေးချင်ရင် အကြွေစေ့လက်ဆောင်လေးကနေ ဒဏ်ကြေးအများကြီးဆောင်ရမယ့်အဖြစ်ကိုမရောက်ဖို့ အထူးသတိထားကြပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: