ရွေ့လျားနိုင်တဲ့ Life-size Gundam စက်ရုပ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ဖွင့်လှစ်မည်

၁၈ မီတာအမြင့်ရှိပြီး ၂၅ တန်အလေးချိန်ရှိတဲ့ရွေ့လျားနိုင်တဲ့ Life-size Gundam စက်ရုပ်ကို Yokohama ဆိပ်ကမ်းမှာရှိတဲ့ (Yamashita Pier) မှာကျန်ခဲ့တဲ့နိုင်ဝင်ဘာ ၃၀ ရက်နေ့က မီဒီယာများရှေ့ကိုချပြလိုက်ပါတယ်။

 

https://english.kyodonews.net/news/2020/11/78edcc1608c5

 

Gundam ရဲ့တရားဝင်ပြပွဲကတော့ ယခုလဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒီအပြင် လာရောက်လည်ပတ်လေ့လာသူတွေဟာလည်း လှုပ်ရှားနေတဲ့ Gundam model ကိုအနီးကပ်ကြည့်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။

ဒီလှုပ်ရှားနိုင်တဲ့စက်ရုပ်ဟာ Yokohama မြို့ Bandai Namco Group နဲ့အခြားသောအဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်တဲ့ အဓိက Gundam စက်ရုံ Yokohama ပရောဂျက်ဖြစ်ပါတယ်။ ၎င်းဟာ နာမည်ကြီး animation TV စီရီးဖြစ်တဲ့ “Mobile Suit Gundam” ရဲ့နှစ် ၄၀ ပြည့်အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။

 

https://english.kyodonews.net/news/2020/11/78edcc1608c5

 

ဒီဇိုင်းပိုင်းမှာတော့ ၁၉၇၉ ခုနှစ်က ပထမဆုံးထုတ်လွှင့်ခဲ့တဲ့မူရင်းစီးရီးထဲက Gundam ရဲ့ပုံစံအတိုင်းပြုလုပ်ထားတာဖြစ်ပြီး TV ရှိုးနဲ့မတူတာကတော့ ၎င်းရဲ့အထဲမှာမောင်းနှင်ထိန်းကွပ်ပေးမယ့်သူမရှိတာပါ။
ပညာရှင်တွေက အဝေးထိန်းထိန်းချုပ်ခန်းထဲကနေ နောက်ဆုံးပေါ်စက်ရုပ်နည်းပညာတွေအသုံးပြုပြီး စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။
မိနစ် ၃၀ တိုင်းမှာမတူညီတဲ့လှုပ်ရှားမှုကိုပြုလုပ်နေမှာဖြစ်ပြီး၊ ဖွင့်လှစ်ချိန်ကတော့ နံနက် ၁၀း၃၀ ကနေ ည ၈း၃၀ အထိရှိမှာဖြစ်ပါတယ်။

 

 

ဝင်ကြေးအနေနဲ့ကတော့ အသက် ၁၃ နှစ်နှင့်အထက်ဆို ယန်း ၁၆၅၀ ($15.9) ကျမှာဖြစ်ပြီး၊
အသက် ၇ နှစ်မှ ၁၂ နှစ် = ၁၁၀၀ ယန်း၊
အသက် ၆ နှစ်နှင့်အောက်ကတော့ ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။
ဒီအပြင် အနီးကပ်လေ့လာကြည့်နိုင်ဖို့ observation deck ထဲဝင်မယ်ဆိုရင်တော့ အသက် ၇ နှစ်နှင့်အထက်ဆို တစ်ဦးကို ယန်း ၃၃၀၀ ထပ်ပြီးပေးရမှာဖြစ်ပါတယ်။
၂ ခုလုံးအတွက်ကတော့ အခွန်ပါဝင်ပြီးသားဖြစ်ပါတယ်။

 

http://www.asahi.com/ajw/articles/13979163

 

စိတ်မကောင်းစရာကတော့ observation deck ထဲဝင်ရောက်ဖို့အထူးလက်မှတ်တွေက ဒီဇင်ဘာလအတွက်ရောင်းကုန်သွားပြီတဲ့…..ဒါပေမဲ့ ၂၀၂၂ ခုနှစ် မတ်လအထိရှိအုံးမှာဖြစ်လို့ ဝယ်နိုင်အုံးမယ်ထင်ပါတယ်။
အကယ်၍ ဒီအထူးလက်မှတ်ကိုအလိုရှိတယ်ဆိုရင်တော့ အွန်လိုင်းနဲ့အခြားသောအထူး အပလီကေးရှင်းတွေမှာ ရောင်းပေးလျှက်ရှိတယ်လို့သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: