Bonsai လေးတွေ လုပ်ကြည့်ရအောင်!!!!!

မြန်မာမှာလည်း ဘွန်းစိုင်း Bonsai လို့ ပဲခေါ်တဲ့ သက်ကြီးပင်ပုလေးတွေ ကိုသိကြမှာပါနော်။

ဒါလေးတွေစိုက်ပျိုးရတာကို သဘောကြတဲ့သူတွေရှိကြလား?
ဂျပန်ရဲ့ Bonsai ကတော့ တရုတ်နဲ့ အခြားနိုင်ငံတွေနဲ့ မတူပဲ သေးငယ်တဲ့ Bonsai ထဲမှာကိုပင် သေးငယ်ပြီး လှပတဲ့ အရာလေးတွေကို ထပ်ထည့်ပြီး ပြုလုပ်ရတဲ့ Bonsai ပါ။ လှသလောက် လုပ်ရတာလက်ဝင်တဲ့ Bonsai လေးပေါ့။

https://ja.wikipedia.org/wiki/盆栽

အခုအချိန်မှာတော့ ပြင်သစ်၊ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေမှာ Bonsai တွေကို တန်ဖိုးကြီး၊ ဈေးကြီးပေးပြီး ရောင်းဝယ်နေကြပါတယ်။
ဂျပန်နိုင်ငံမှာတော့ သက်ကြီးရွယ်အိုတွေရဲ့ ဝါသနာတစ်ခုအနေနဲ့ သာမြင်တွေ့ရတာများပြီး လူငယ်တွေကြားမှာတော့ သိပ်ပြီးရေပန်းမစားပါဘူး။
ဒါပေမယ့် ဒီ ၁၀ နီးပါး အတောအတွင်းမှာတော့ ဆန်းသစ်တဲ့ Bonsai တစ်မျိုး ပေါ်ထွက်လာပါတယ်။
အဲဒါကတော့ Man Bonsai ပါ။

ဒါကတော့ သာမှန် bonsai သစ်ပင်ပေါ်မှာ သေးငယ်တဲ့ အရာလေးတွေကို အသုံးပြုပြီး ရှုခင်းတစ်ခုဖန်တီးတဲ့ ပုံစံလေးပါ။
ဘယ်လိုမျိုးလဲဆိုတာ ကြည့်လိုက်ပါဦး. .


.http://blog.livedoor.jp/hidekibushido/archives/51932853.html

 

 

http://www.wabisabi-bonsai.com/SHOP/BD00006AB.html

 

 

https://www.pinterest.com/pin/819444094670311313/

 

https://blog.goo.ne.jp/yappi27/e/a374f056a1cf02e9d243446af9617cbd

https://rdlf.jp/news/201605.html

 

https://crea.bunshun.jp/articles/-/13314

ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေလိုမျိုး မြင်ကွင်းတွေကိုလည်း ပြုလုပ်လို့ရပါတယ်။
ဒီလိုမျိုးလေးတွေလုပ်ရတာ ပျော်ပျော်ကောင်းတယ်မထင်ဘူးလား?

ဂျပန်မှာ Gacha လို့ခေါ်တဲ့အရာရှိပါတယ်။

https://www.gachagachanomori.com

ဒါတွေကတော့ ဆေးတောင့်ထဲ ထည့်လို့ရတဲ့ အရွယ်သာရှိတဲ့ ပိစိကွး ပစ္စည်းလေးတွေ အများကြီးရှိပြီး ဒီအတိုင်းအသုံးပြုလို့ ရတဲ့ ပိစိကွေး ပစ္စည်းလေးတွေလည်း အများကြီးရှိပါတယ်။
နောက်ပြီးတော့ ရထားလမ်းအစိတ်အပိုင်းတွေ ပလပ်စတစ်မော်ဒယ်တွေလည်းရှိတယ်။
ဂျပန်မှာဆိုရင်တော့ မုန့်တွေထဲမှာ အပိုဆုအဖြစ် အရုပ်သေးသေးလေးတွေပါတတ်ပြီး ဖျော်ရည်နဲ့ ရှန်ပိန်းတို့မှာလည်း ဒီလို ပိစိကွေး ပစ္စည်းတွေ အများကြီး ပါလာတတ်ပါတယ်။
ဒါဆို ဂျပန်မှာ ဒီလိုပစ္စည်းလေးတွေကို ရဖို့ လွယ်တာပေါ့နော်။

ဒီ Man Bonsai ဆိုတာကတော့ ဂျပန်ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့
Paradise Mr. Yamamoto ထံမှာ စီးဆင်းလာတဲ့ အရာတစ်ခုပါ။

သူက လက်တင်ဂီတကိုပြုလုပ်နေပြီး Mambo နှင့် Bonsai ကို ပေါင်းစပ်ကာ ပြုလုပ်ခဲ့တာဖြစ်လို့
Man Bonsai ဆိုတဲ့ နာမည်ဖြစ်လာတာပါတဲ့။

ဒီဟာ Bonsai ကို အရူးလုပ်တာ သရော်တာဆိုပြီး သဘောမကျတဲ့ သက်ကြီးရွယ်အိုတွေလည်း အများကြီးရှိပါတယ်။
တကယ်တော့ဒါဟာလည်း သမိုင်းရှိတဲ့ ပျော်စရာကောင်းတဲ့ ဝါသနာ တစ်မျိုးပါပဲ။

ဆာမူရိုင်းခေတ်တုန်းကလည်း ဟာရီယာမ လို့ခေါ်တဲ့သူဆီမှာလည်း အဲဒိုခေတ်တုန်းက လူကြိုက်များခဲ့တဲ့
အရုပ်သေးသေးလေးတစ်ခုရှိပုံရခဲ့ပါတယ်။

ဟုတ်တယ်၊ တကယ်တော့ဒါဟာသမိုင်းရှိခဲ့ပါတယ်နော်။
Bonsai ဆိုတာ ကိုယ်တိုင်သေချာ ဂရုတစိုက်နဲ့ စိုက်ပျိုးရတဲ့ အရာမို့ အံ့သြစရာကောင်းပါတယ်။ အဲလိုပဲ Man Bonsai ဟာလည်း ပျော်စရာကောင်းပါတယ်။

မြန်မာမှာလည်း Man Bomsai လေးတွေလုပ်ကြည့်လို့ရမယ် ထင်တယ်နော်။ စမ်းကြည့်ကြပါဦးလို့။
ပစ္စည်းပိစိကွေးလေးတွေမရှိရင်တောင် ရွှံ့နဲ့ လုပ်လို့ရတဲ့ အတွက် ပျော်စရာကောင်းမှာ အသေအချာပဲနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: