ကိုလိုနီလက်ထဲကနေ ဂျပန်ကိုကယ်တင်ပေးခဲ့သော သူလျှိုမိန်းကလေးတစ်ဦး

၁၅၄၃ ခုနှစ်၊ Kagoshima စီရင်စု Tanegashima ကနေ ပေါ်တူဂီတွေရောက်လာခဲ့ပါတယ်။
သူတို့တွေဟာ ဖော်ရွေတဲ့နည်းလမ်းနဲ့သေနတ်ကိုယူဆောင်လာကြပြီး၊ ထိုသေနတ်ရဲ့စွမ်းအားကိုပြသခဲ့ပါတယ်။
ရုတ်တရက်ဆိုလိုပဲ သေနတ်ကိုပထမဆုံးမြင်လိုက်ရတဲ့ ဂျပန်တို့ ထိန့်လန့်သွားခဲ့ပါတယ်။

 

https://mag.japaaan.com/archives/

 

ဟုတ်ပါတယ်။ ဒါဟာအခြားသောနိုင်ငံတွေမှာ လုပ်နေကြသူတို့ရဲ့ ကိုလိုနီလမ်းစဥ် အစပဲဖြစ်ပါတယ်။
ဖော်ရွေတဲ့ပုံစံနဲ့တိုင်းပြည်ထဲဝင်လာပြီး၊ လက်နက်ကိုင်တပ်နဲ့မတူညီမှုကိုပြသကာ ခြိမ်းခြောက်ပြီးလိုက်နာစေပါတယ်။
ဒီအတွက်အသုံးချခံရတာကတော့ သေနတ်နဲ့ခရစ်ယာန်ဘာသာပင်ဖြစ်ပါတယ်။
ဂျပန်ကိုလည်း အဲ့ဒီလိုနိုင်ငံထဲကတစ်ခုဖြစ်အောင်လုပ်ကြမယ်ဆိုတဲ့အတွေးနဲ့ ရောက်လာခဲ့တဲ့ပေါ်တူဂီလူမျိုးတွေဟာ အတွေးနဲ့လက်တွေ့ တစ်ထပ်တည်းမကျဘဲ၊ ဆန့်ကျင်ဘက် ဘာမှမလှုပ်ရှားနိုင်တဲ့အခြေအနေသို့ ရောက်သွားခဲ့ရပါတယ်။

ဂျပန်ဟာ ထိုသေနတ်ကိုကိုယ်တိုင်ထုတ်လုပ်နိုင်သွားပြီး၊ ပိုပြီးကောင်းမွန်ကာ ဥရောပရဲ့သေနတ်ထက်ပင် စွမ်းဆောင်ရည်မြင့်မားခဲ့ပါတယ်။
အဲ့ဒီနောက် ပမာဏများစွာထုတ်လုပ်ပြီးချိန်မှာတော့ ကမ္ဘာရဲ့သေနတ်တစ်ဝက်လောက်ဟာ ဂျပန်မှာရှိတယ်လို့ပြောနိုင်သွားတဲ့အထိ လက်နက်ကိုင်ဖြစ်သွားပါတယ်။
ပေါ်တူဂီတို့ရဲ့စစ်ဆင်ရေးကတော့ အရေးနှိမ့်သွားခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားခဲ့ရသလဲ?
ထိုနေရာမှာ မိန်းကလေးတစ်ဦးရဲ့ ချိုမြိန်တဲ့လှည့်စားမှုရှိခဲ့ပါတယ်။

ဒေသခံအာဏာရှင် 種子島時尭(たねがしま ときたか) ဟာ ပေါ်တူဂီတို့ထံကနေ သေနတ် ၁ လက် ဝယ်ယူလိုက်တယ်။
၎င်းရဲ့တန်ဖိုးဟာ မျက်မှောက်ခေတ်ပေါက်ဈေးနဲ့ဆို 1,000,000usd နှင့်အထက်ရှိပါတယ်။
တော်‌တော်လေးမတန်တဆပေးရတဲ့ဈေးပါ။ သို့သော် ထိုနည်းလမ်းကလွဲပြီး လက်ထဲရောက်လာဖို့အခြားနည်းမရှိတဲ့အတွက် မတတ်သာဘဲဝယ်လိုက်ပါတယ်။

အလွန်ယုံကြည်ရသော 篠川小四郎秀重(ささがわ こしろう ひでしげ)နဲ့ ဓါးသမား ပန်းပဲဆရာ 八板金兵衛清定(やいた きんべえ きよさだ)ထံမှာ ထိုသေနတ်ကိုပုံစံတူလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။

သို့သော် တစ်စစီမဖြုတ်ရ ဆိုတဲ့အမိန့်နဲ့ပေါ့…
ဒါအမှန်ပါပဲ။ ဒီလောက်ဈေးကြီးတဲ့အရာ၊ အကုန်ဖြုတ်ပြီး မူလလိုပြန်မတပ်ဆင်နိုင်ရင် ဒုက္ခရောက်သွားရပါမယ်။
ဒါပေမဲ့၊ ပြုလုပ်ရမယ့်သူဘက်ကနေပြန်ကြည့်ရင် ပထမဆုံးမြင်ဖူးတဲ့အရာကို အတွင်းထဲကအရာတွေအထိ ပုံစံတူကူးယူဖို့ တစ်စစီမဖြုတ်ရဘူးဆိုတဲ့အမိန့်က အင်မတန်ဂွကျပါတယ်….
အမိန့်ကိုလည်းမလိုက်နာရင်မဖြစ်တဲ့အတွက်၊ ရဲစွမ်းသတ္တိဖြင့်ကျော်လွှားရန်ကြိုးစားရပါတော့တယ်။

 

နောက်ဆုံးတော့ copy လုပ်နိုင်ခဲ့ပါပြီး။ လှုပ်ရှားနိုင်တာက အစစ်နဲ့တစ်ထပ်တည်းပါပဲ။
ယမ်းမှုန့်အဆင်သင့်ဖြစ်တဲ့နေရာအထိ ပစ်ကြည့်မယ်လို့လုပ်ခဲ့ပါတယ်။

 

 

ပစ်ခက်သံပါထွက်လာတဲ့ သေနတ်။
သို့သော် စိတ်မကောင်းစရာကတော့ ကြည်ဆံကအရင်မထွက်ဘဲ သေနတ်ပဲပျက်ဆီးသွားခဲ့ပါတယ်။
သေနတ်ကိုယ်ထည် အနိမ့်ပိုင်းဟာ တောင့်တင်းဖို့လိုအပ်နေသေးတယ်။

အဲ့ဒီကနေ 金兵衛 ဟာ ဆက်ပြီးစိုးရိမ်ပူပန်နေခဲ့တယ်။
အပ်နှံထားတဲ့မူရင်းသေနတ်ကို တစ်စစီဖြုတ်ခွင့်လည်းမရှိ၊ ဒါဆို ကိုယ်ကိုတိုင်ဝယ်ပြီး ဖြုတ်ကြည့်မယ်ဆိုတော့လည်း အဲ့ဒီလောက်အရင်းအနှီး‌ငွေကမရှိနဲ့….
ဒုက္ခရောက်နေတာပေါ့…

အဲ့ဒီလို့ စိတ်သောကရောက်နေတဲ့ 金兵衛 ကို အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ 若狭Wakasa ဟာတွေ့သွားပြီး၊ ဒီလိုပြောလိုက်ပါတယ်။

“ အဖေ၊ သေနတ်ရဲ့လျှို့ဝှက်ချက်ကို သမီးမေးလာခဲ့ပေးမယ်”

ရုတ်တရက် ဒီလိုစကားကိုကြားလိုက်ရတဲ့ 金兵衛 တစ်ယောက် အံ့သြသွားပါတယ်။

ဘယ်သူ့ကိုမေးမလို့တုန်း? (ပေါ်တူဂီကို)
အသိရှိလို့လား? (မရှိလည်း ဆက်ဆံရေးတစ်ခုလုပ်လိုက်ရင်ဖြစ်တာပဲ….)

အဲ့ဒီလိုပြောပြီး မိမိကပေါ်တူဂီနဲ့လက်ထပ်ပြီး၊ အဲ့ဒီကနေ သေနတ်ရဲ့ထုတ်လုပ်မှုလျှို့ဝှက်ချက်ကိုရှာမယ်လို့ ပြောလိုက်ပါတယ်။

လက်ထပ်မယ့်သူက သေနတ်ရဲ့ထုတ်လုပ်မှုအကြောင်းမသိဘူးဆိုရင်ရော?
အဲ့ဒါဆိုရင် ထိုလူနဲ့ရင်းနှီးကျွမ်းဝင်သူဆီ မေးလိုက်မယ်။

သို့သော် ဖခင်ကဘယ်လောက်ပဲတားတား Wakasa ဟာ နားမထောင်ခဲ့ပါဘူး။

ရလဒ်အနေနဲ့ ၁၅၄၃ ခုနှစ်မှာ Wakasa ဟာ ပေါ်တူဂီလူမျိုးနဲ့လက်ထပ်ပြီး၊ ကျွမ်းကျင်မှုကိုအသုံးချကာ နောက်ဆုံးပေါ်နည်းပညာနဲ့သေနတ်ထုတ်လုပ်မှုအကြောင်း အဖေဖြစ်သူကိုပြောနိုင်ခဲ့ပါတယ်။
ဒါဟာတကယ်ကို ချိုမြိန်သောလှည့်စားမှုပါပဲ….
ယခုခေတ်မှာရှိတဲ့ ချောချောလှလှမိန်းကလေးကို သူလျှိုလုပ်ခိုင်းတယ်ဆိုတာ သူတို့ခေတ်အချိန်အခါမှာWakasa ဟာလက်တွေ့ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။

လျှိုဝှက်ချက်ကတော့ ဝက်အူပဲဖြစ်နေပါတယ်။
ဂျပန်မှာ ဝက်အူလိုပုံစံကိုအသုံးမပြုဖူးတာကြောင့် ဒီအဆင့်ကိုမရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဂျပန်မှာပထမဆုံးဖြစ်လာတဲ့ screw နည်းပညာကိုအသုံးချပြီးပြုလုပ်ထားတဲ့ Made in Japan သေနတ်ဟာ သေသပ်စွာပစ်ခက်နိုင်လာပါတော့တယ်။

တစ်ဖက်မှာလည်း သတင်းအချက်အလက်တွေလိုက်စုစည်းနေတဲ့ 若狭 ဟာ နောက်နှစ် ၁၅၄၄ ခုနှစ်မှာ သူမအိမ်ကိုချောချောမွေ့မွေ့ပြန်ရောက်သွားတယ်။ ရုတ်တရက်ဆိုသလိုပဲနေမကောင်းဖြစ်ပြီး ဆုံးသွားတယ်လို့ပြောကာ၊ သင်္ဂြိုလ်မှုကိုပါလုပ်ခဲ့ပေမဲ့၊ ပေါ်တူဂီအမျိုးသားကတော့ မျက်ရည်တောင်မကျဘူးလို့ပြောပါတယ်။

အရူးလုပ်ခံလိုက်ရတာ သိသွားတာများလား၊ ဂျပန်လူမျိုးတွေကို ကျွန်သာသာပဲထင်နေခဲ့တာလားတော့ မသိပါဘူး။

Wakasa ပြန်ယူလာပေးတဲ့ screw နည်းပညာဟာ တစ်ချိန်တည်းမှာပဲ သေနတ်ကိုအရှိန်မြှင့်ပေးပြီး ဂျပန်ကိုကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။
ထို့အပြင်ထုတ်လုပ်မှုမှာ ဂျပန်ဟာ No.1 ဖြစ်လာဖို့အတွက် အုတ်မြစ်ချခဲ့တယ်လို့ဆိုကြပါတယ်။

Wakasa ဟာ မိန်းကလေးတစ်ယောက်ဖြစ်နေသော်လည်း မိမိကိုယ်ကိုစွန့်ပြီး ဂျပန်ကိုကာကွယ်သွားခဲ့တဲ့ သူရဲကောင်းမိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။

 

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: