ဒီမြို့က ခေါင်းကောင်းကြရဲ့လား? ထူးထူးဆန်းဆန်း ပစ္စည်းကို ပြန်ပေးခဲ့တဲ့ ဒေသန္တရအစိုးရ။ တောင်းတဲ့သူရော ရှိရဲ့လား?

ဂျပန်မှာ မွေးရပ်မြေအခွန် ဆိုတဲ့ စနစ်တစ်ခုရှိတာ သိကြပါသလား?

ထောက်ပံ့လိုတဲ့ ဒေသန္တရအစိုးရထံ လှူဒါန်းခြင်းဖြင့် အခွန်အနေနဲ့ ဖြတ်တောက်တဲ့ပမာဏ တိုးလာပေမယ့်၊ ဒေသန္တရအစိုးရထံမှ ပြန်ပေးတဲ့ ပြန်ပေးပစ္စည်း ရရှိနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

ဒေသန္တရအစိုးရအနေဖြင့် အလှူငွေတွေ ရရှိတာက ဝမ်းသာစရာကောင်းပြီး၊ ကိုယ့်မြို့မှာပဲရတဲ့ ပစ္စည်းလေးတွေကို ဂျပန်နိုင်ငံတစ်ဝှမ်းကို ပေးပို့နိုင်တာကလည်း စိတ်ချမ်းသာစရာအချက်ကလေးပါပဲ။ နှစ်ဦးနှစ်ဘက် ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ စနစ်တစ်ခုပါ။

ဥပမာ ဒီလိုပြန်ပေးပစ္စည်းလေးတွေရှိပါတယ်။

https://www.satofull.jp/products/ranking.php

 

A rating ကို ၂နှစ်ဆက်တိုက်ရရှိခဲ့သော အရသာရှိတဲ့ ဆန်။

အမဲသား 2kg

ငါးဥ 500g。

တည်းခိုခန်းလက်မှတ်

ထမင်းပေါင်းအိုး

ဆိုပြီး အမျိုးမျိုးရှိပေမယ့် အခြေခံအားဖြင့်တော့ လူတိုင်းလိုချင်တဲ့ ဒေသထွက် အရာလေးတွေပါ။

ဒီထဲကမှ Aomori စီရင်စု မုဆုမြို့က ထူးထူးဆန်းဆန်းပစ္စည်းကိုပေးခဲ့ပါတယ်။ အဲ့ဒါကတော့…

https://yukawanet.com/archives/furusato20210924.html

 

မုဆုမြို့က ဂုန်းကောင် ပေါတယ်လို့နာမည်ကြီးတာ သိပေမယ့်…

ဘယ်လိုဖြစ်ရတာတုန်း …. ဒါကြီးက…

ဘရိန်းချောင်သွားတာလား?

ယန်း၆ထောင်လှူရင် ရနိုင်တယ်လို့ပြောလာပါတယ်။ သတင်းတုကြီးလို့ အားလုံးကပြောနေတဲ့ကြားက အစစ်အမှန်ဖြစ်နေပါတော့တယ်။

 

ဟာသလုပ်ပြီး တောင်းတဲ့သူရော ရှိလား?

ပြီးတော့ ဒါကြီးကို ဝတ်တဲ့သူရော ရှိရဲ့လား?

ထူးဆန်းမှုတွေ ပြည့်နေပါတယ်။

 

မုဆုမြို့က ရူးသွားတာလား? ဆိုပြီး ပြောစရာဖြစ်သွားတာကို ကြည့်လိုက်ရင်တော့၊ တစ်နည်းအားဖြင့် အောင်မြင်တဲ့ နည်းဗျူဟာ ဖြစ်နိုင်ပါတယ်။

မုဆု ဆိုတဲ့ မြို့နာမည်ရော ဂုန်းကောင် ပေါတဲ့အကြောင်းရော တော်တော်များများ မသိကြလို့ပါ။

မုဆုမြို့က ဝန်ထမ်းတွေက ထွင်ထားတာဖြစ်ပေမယ့်၊ ဒီတီထွင်သူဟာ ဉာဏ်ကြီးရှင်လား ဒါမှမဟုတ် ရူးသွပ်သူတစ်ယောက်လားဆိုတာ သိချင်မိပါတယ်။

 

နာမည်ကြီးနေတဲ့ ဂုန်းအခွံရေကူးဝတ်စုံလေး ဝတ်ချင်တဲ့သူ ရှိပါသလား?

Instagram ဒါမှမဟုတ် Facebook တွေမှာတင်လိုက်ရင် နာမည်ကြီးသွားမယ်ထင်ပေမယ့်၊ အကောင့်ပါဖျက်ခံရလောက်ပါတယ်။

Abe Kango

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: