Aozora CosFiesta

စာဖတ်သူတို့ရေ ဂျပန်နိုင်ငံရဲ့ Otaku ယဥ်ကျေးမှုဖြစ်တဲ့ cosplay ပွဲတွေကို သိမယ်လို့ထင်ပါတယ်။

ရုပ်ပြကာတွန်းတွေဖြစ်တဲ့ Anime တွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရေပန်းစားပါတယ်။

တစ်ကမ္ဘာလုံးမှာ Cosplayer တွေတဖြည်းဖြည်းနဲ့ ပိုပိုပြီးများလာပါတယ်။

အလားတူမြန်မာနိုင်ငံမှာလည်း Cosplayer တွေအများကြီးရှိပါတယ်။

ဒီလိုများလာတာနဲ့အညီ မြန်မာနိုင်ငံမှာလည်း Cosplay ပွဲတွေကို ကျင်းပပြုလုပ်လျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Aozora CosFiests အကြောင်းကို ပြန်ပြောပြပါမယ်။

ဒီပွဲကိုတော့ ရ လပိုင်း ၇ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲကိုလာရောက်တဲ့အဓိက VIP Guest Judge နှစ်ယောက်ကတော့ …..

Hakken 八犬 Ryou နဲ့ Taro ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ Cosplay လောကမှာနာမည်ကြီးတဲ့ စီနီယာအချောတွေဖြစ်ပါတယ်။

ဒီနှစ်ယောက်ကို တွေ့ရဖို့အတွက် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေကြလဲဆိုတာကို အောက်က ဗီဒီယိုထဲမှာကြည့်လိုက်ပါနော်။

ဒီပွဲမှာလာရောက်ယှဥ်ပြိုင်သူတွေအတွက် ဆုတွေကတော့…

The Best Performance Group – 300,000 Kyats

Hekken’s Choice Award – 200,000 Kyats

Taro’s Choice Award – 200,000 Kyats

People Choice Award – 100,000 Kyats

ဆိုတဲ့ဆုတွေဖြစ်ပါတယ်။

ဒီပွဲမှာ တစ်ယောက်ချင်း ပါဝင်ယှဥ်ပြိုင်ကြတဲ့အပြင် အဖွဲ့လိုက် သရုပ်ပြသသွားတာတွေကလည်း တကယ်ကိုကြည့်လို့ကောင်းပါတယ်။

ကာရိုက်တာတစ်ခုချင်းစီကိုလည်း မယုံနိုင်စရာကောင်းလောက်အောင် ပီပီပြင်ပြင်နဲ့ပြသသွားနိုင်ခဲ့ကြပါတယ်။

ဒီပွဲကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် သရုပ်ပြခဲ့ကြတဲ့ cosplayer တွေ ဘယ်လိုယှဥ်ပြိုင်ခဲ့လဲဆိုတာ ပုံတွေကိုကြည့်လိုက်ပါနော်။

လုံးဝမိုက်တယ်နော်…

အဲ့ဒီပွဲကိုရောက်နေခဲ့မယ်ဆိုရင်တော့ တစ်ယောက်ချင်းစီ သေသေချာချာပြင်ဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုတိတိကျကျပြင်ဆင်ရင်းကနေ ဆုတွေပိုင်ဆိုင်ရရှိမယ်ဆိုရင် တကယ်ကိုပျော်စရာကောင်းမှာပါ။

ဒီပွဲကို သွားရောက်ကြည့်ရှု့ခြင်းအားဖြင့် မြန်မာနိုင်ငံမှာလည်း Cosplayer တွေအများကြီးရှိတယ်ဆိုတာသိခဲ့ရပြီး Cosplayer တွေအများကြီးလာရောက် စုဝေးနေတာကိုတွေ့ခဲ့ရပါတယ်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: