အကြွေလိုချင်တဲ့စတိုးဆိုင်နဲ့ ငွေစက္ကူလိုချင်တဲ့နတ်ကွန်း!!! ပြဿနာကို တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြေရှင်းပေးလိုက်တဲ့ဉာဏ်ကြီးရှင်

ဂျပန်တစ်နိုင်ငံလုံးမှာ နတ်ကွန်းပေါင်းများစွာရှိပါတယ်။
၈၈၀၀၀ ကျော်တောင်ရှိတယ်လို့ပြောကြပေမဲ့၊ မထင်မရှားနဲ့အမေ့ခံ နတ်ကွန်းတွေလည်းရှိတဲ့အတွက်၊ အတိကျဆုံးအရေအတွက်ကိုတော့ မပြောနိုင်ပါဘူး။
နတ်ကွန်းရဲ့ ငွေကြေးစီးဆင်းမှုကိုပြောရမယ်ဆိုရင်တော့ အထင်ရှားဆုံးက အလှူငွေပါ။

အလှူငွေထည့်လှူတဲ့သေတ္တာကိုတော့ お賽銭 “ O Saisen” လို့ခေါ်ပါတယ်။

နတ်ဘုရားဆီ ဆုတောင်းတဲ့အချိန်မှာ အလှူငွေသေတ္တာထဲကို အလှူငွေထည့်ပြီး ဆုတောင်းကြပါတယ်။ အကြွေရယ်လို့မှမဟုတ်ပါဘူး။ ယန်း ၁ သောင်းတန်လည်းထည့်နိုင်ပေမဲ့၊ အကြွေစေ့ထည့်ကြတာကပိုများတယ်။ ဒါကြောင့် အလှူငွေသေတ္တာထဲမှာ အကြွေစေ့ကပိုများပါတယ်။
အထူးသဖြင့် ၅ ယန်းတန်အကြွေစေ့တွေ အများဆုံးပါ။
ကံစီမံရာအတိုင်းဖြစ်ပါစေ ဆိုတဲ့အဓိပ္ပါယ်နဲ့ “御縁”→“五円” ဆိုပြီးပြောကြရင်း အသားကျလာတဲ့အတွက်၊ အထူးသဖြင့် ၅ ယန်းအကြွေစေ့တွေ များလာတော့တယ်။
ဘုရားကို အကြွေစေ့ ၅ ယန်းတည်းလှူပြီး ပျော်ရွှင်ရပါစေ ဆုတောင်းတာကတော့ နည်းနည်းတော့များတာပေါ့…(ရယ်လျက်)
ဘုရားကို အဲ့လောက်နည်းနည်းလေးပဲလှူလို့ အဆင်ပြေပါ့မလားလို့တွေးမိပေမဲ့၊ ဒီလိုဒီအကြောင်းတွေရှိလို့ ဘယ်လိုပဲဖြစ်ဖြစ် အကြွေစေ့တွေကပဲ အများဆုံးဖြစ်နေပါတယ်။
ဒီအကြွေစေ့တွေကို ဘဏ်မှာသွားလဲရင်လည်း ဝန်ဆောင်ခကပေးရပါသေးတယ်။ ဘဏ်ဘက်ကလည်း အကြွေစေ့တွေနဲ့ လုပ်ရကိုင်ရလက်ဝင်တာပေါ့…

အဲ့ဒါနဲ့ပြောင်းပြန် စတိုးဆိုင်တွေကတော့ ငွေအကြွေစေ့တွေလိုအပ်ပါတယ်။

ဈေးလာဝယ်တဲ့ဧည့်သည်ကို အကြွေပြန်အမ်းဖို့လိုအပ်တယ်။
အခွန်ကိုပါထည့်တွက်ရင် ပြန်အမ်းရမယ့်ငွေပမာဏကပိုနည်းသွားပြီး၊ ၁ ယန်း၊ ၅ ယန်းဆိုပြီး အစွန်းထွက်တွေ ထွက်လာတော့တယ်။
၁ ယန်း၊ ၅ ယန်း၊ ၁၀ ယန်း၊ ယန်း ၅၀၊ ယန်း ၁၀၀၊ ယန်း ၅၀၀ စသဖြင့်…
ဒီလိုအကြွေစေ့တွေ များများဆောင်ထားဖို့ လိုအပ်ပါတယ်။

ဒီလိုအကြွေစေ့ရဖို့အတွက် ဘဏ်သွားပြီးငွေလဲရလို့ ဝန်ဆောင်ခပါ ထပ်ပေးရပါတယ်။

ဒါပေမဲ့ အကြွေစေ့ကို ငွေစက္ကူပြောင်းချင်တဲ့နတ်ကွန်းနဲ့၊ ငွေအတန်ကြီးကို အကြွေစေ့ပြောင်းချင်တဲ့ဈေးဆိုင်တို့ကြား အချင်းချင်းငွေလဲခိုင်းလိုက်ရင်ရော? ဆိုပြီး နတ်ကွန်းနာယကအဖွဲ့တွေက စဉ်းစားမိလိုက်တယ်။
ဉာဏ်ကြီးရှင်ပဲ။

စကားမစပ် နတ်ကွန်းရဲ့ဝင်ငွေက အလှူငွေတစ်ခုတည်းမဟုတ်ပါဘူး။
氏子(うじこ)ဆိုတဲ့ နတ်ကွန်နဲ့ဆက်စပ်နေတဲ့ မိသားစုကနေ နှစ်စဉ် ယန်း ၅၀၀၀ ကိုလက်ခံရရှိပေမဲ့၊ နတ်ကွန်းမိသားစုနဲ့ နတ်ကွန်တို့ရဲ့ ပတ်သက်မှုဟာနည်းလာပြီး အရေအတွက်လည်း လျော့နည်းသွားပါတယ်။

အိမ်တွေကိုမဆောက်လုပ်ခင်မှာကျင်းပတဲ့ 地鎮祭(じちんさい)ဆိုတဲ့ ဆုတောင်းပွဲကနေ ယန်း ၅ သောင်းလောက်ရပါတယ်။ ဒါတွေကလည်း ဖိတ်ခေါ်မှုနည်းလာပါတယ်။

ဒီလောက်ငွေပမာနည်းနည်းလေးနဲ့သွားလို့တော့မရတာကြောင့်၊ ဘုရားကျောင်းဆောင် ပြုပြင်မွမ်းမံမယ်ဆိုအလှူခံရတယ်၊ နတ်ကွန်းရဲ့အကြီးအကဲ 宮司(ぐうじ)နေရာမှာလည်း အရည်အချင်းရှိတဲ့ အလုပ်ကနေအငြိမ်းစားယူပြီးသားအမျိုးသားတွေဟာ စေတနာနဲ့ အခမဲ့ပြန်ပါဝင်ပေးကြပါတယ်။

ဘဏ်ကိုဝန်ဆောင်ခပေးစရာမလိုတော့လို့ ဝမ်းသာမိပေမဲ့၊ တစ်ဖက်မှာလည်း လူတွေနဲ့နတ်ကွန်းရဲ့ ဆက်နွယ်မှု အားနည်းခြင်းကလည်း စိတ်မကောင်းစရာတစ်ခုပါပဲ…

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: