လက်တစ်ဝါးစာ ထမင်းပေါင်းအိုးက တကယ်ချက်လို့ရလား?

ဂျပန်ဟာ တီထွင်မှုအားကောင်းတယ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်မှာပါ။ နောက်ထပ်တီထွင်လိုက်တာကတော့ ယနေ့အချိန်ထိတစ်ခါမှမတွေ့ဖူးခဲ့တဲ့ လက်တစ်ဝါးစာခန့်သာရှိတဲ့ ထမင်းပေါင်းအိုးပဲဖြစ်ပါတယ်။

 

https://soranews24.com/2019/06/18/

ဒီပေါင်းအိုးနဲ့ဆို တကယ်ရောစားလို့မှဝပါ့မလား? ဒီလောက်သေးသေးလေက ဘယ်လိုနည်းနဲ့လျှပ်စစ်ကူးပြီး ချက်ပြုတ်နိုင်မှာလဲ?
ဒီမေးခွန်းကို အားလုံးလည်းစိတ်ဝင်စားကြပြီဖြစ်မှာပါ…

ဂျပန်နိုင်ငံရှိ ကစားစရာတွေထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ Kitan Club ဟာ ကြောင်အတွက် Pokemon အဝတ်အစားဒီဇိုင်း၊ စမတ်ဖုန်းအတွက်အိပ်ယာခင်းတွေအပြင် အမျိုးမျိုးသောကစားစရာပစ္စည်းကို ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်။
ဒီလိုကုမ္ပဏီက ဖန်တီးလိုက်တဲ့အရာကတော့ ဒီလက်တစ်ဝါးစာသာရှိတဲ့ ထမင်းပေါင်းအိုးပဲဖြစ်ပါတယ်။…..

 

https://soranews24.com/2019/06/18/

 

စာဖတ်သူတို့ရော ထမင်းချက်လို့ရမယ်လို့ထင်လား…?

တကယ်တော့ ဒီပေါင်းအိုးဟာလည်း ကစားစရာသက်သက်သာဖြစ်ပါတယ်။
လက်တစ်ဝါးစာချစ်စရာကောင်းတဲ့ mini rice cooker တွေကိုအရောင် ၆ ရောင်နဲ့တောင် ထုတ်ထားပါသေးတယ်။
တန်ဖိုးကတော့ ယန်း ၃၀၀ ပါ။

https://soranews24.com/2019/06/18/

ပေါင်းအိုးက အထဲကအိုးကိုပါထုတ်လို့ရတယ်။

https://soranews24.com/2019/06/18/

 

လက်စွပ်တစ်ကွင်းစာပဲရှိတယ်နော်…ရွှေလက်စွပ်တွေထည့်ပြီနော်.. lol

https://soranews24.com/2019/06/18/

 

ကုမ္ပဏီဟာဒီပေါင်းအိုးထဲမှာ ယန်း ၁၀၀ တန်အကြွေစေ့ ၁၀ စေ့ထည့်နိုင်အောင် လုပ်ထားပါတယ်။ အကယ်၍အကြွေစေ့မထည့်ချင်ဘူးဆိုလည်း အခြားသော ဆော့စရာအရုပ်များကိုထည့်နိုင်ပါတယ်။

https://soranews24.com/2019/06/18/

 

‌ဟော .. နောက်ဆုံးတော့ TOTORO ရဲ့ထမင်းပေါင်းအိုးကြီးပဲဖြစ်နေပါတော့တယ်….

https://soranews24.com/2019/06/18/

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: