digital camera နဲ့မိနစ် ၃၀ ကျော် video ရိုက်လို့မရတဲ့ အကြောင်းအရင်း

လွန်ခဲ့တဲ့ ၁၀ နှစ်မတိုင်ခင်ကတည်းကနေ Video ရိုက်မယ်ဆိုရင် Video camera နဲ့ရိုက်ပြီး ၊ ဓာတ်ပုံရိုက်မယ်ဆိုရင် digital camera နဲ့ရိုက်ရပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ digital camera နဲ့လည်း Video တွေ လွယ်လွယ်ကူကူရိုက်ကူးလို့ရပါတယ်။

https://www.gizmodo.jp/2019/02/digital-cameras-can-record-more-than-30-minutes.html

ဒါပေမယ့် ပြဿနာတစ်ခုရှိပါတယ်။

သုံးနေတဲ့သူတွေကရော ဒီကင်မရာကို ကြိုက်ကြရဲ့လားမသိပါဘူး။

Video ရိုက်မယ်ဆိုရင် မိနစ် ၃၀ ထက်ပိုပြီးတော့ ရိုက်လို့မရပါဘူး။

ဂျပန်ကနေထုတ်လုပ်တဲ့ Canon、Nikon စတဲ့ digital camera တွေအားလုံးကလည်း ထိုနည်းလည်းကောင်းပါပဲ။

digital camera ကင်မရာမှန်ရင် မိနစ် ၃၀ ထက်ပိုပြီးရိုက်လို့မရဘူးဆိုတာ ဘာများမှားနေလို့လဲ?

အဲ့ဒီအကြောင်းအရင်းကို သိတဲ့သူရှိပါသလား ?

တကယ်တော့ဒါက ရိုက်လို့မရတာတဲ့ ပြဿနာမဟုတ်ဘဲနဲ့ ဒီကင်မရာကိုက ပုံသေဖြစ်နေတာကပြဿနာဖြစ်ပါတယ်။

ဂျပန်နိုင်ငံနဲ့ EU တို့ရဲ့သဘောတူညီချက်တွေကြားမှာ digital camera တွေအတွက် အခွန်ကောက်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။

digital camera အတွက် အခွန်က 0% နဲ့ digital video camera အတွက်ဆိုရင် အခွန် 10.5% ပေးဆောင်ရမှာဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အခွန်တွေမြင့်မားလာခဲ့တဲ့အတွက် video camera လိုရိုက်ကူးဖို့ကို လျှော့ချလိုက်ရတာက ခုလက်ရှိပစ္စည်းတွေပဲဖြစ်ပါတယ်။

အခွန်ပိုင်းနဲ့ ရောင်းစျေးကမြင့်မယ်ဆိုရင် ယှဥ်ပြိုင်ရောင်းဝယ်မှုတွေလည်း ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

Digital video camera တွေမှာ ပါဝင်တဲ့ အချက် ၃ ချက် ရှိပါတယ်။

Resolution 800×600 px အထက်

frame rate 23fps အထက်

Continuous shooting မိနစ် ၃၀ အထက်

အဲ့ဒီထဲမှာ စွဲဆောင်မှုမရှိဘူးလို့ထင်စေတဲ့အချက်ကတော့ ရိုက်ကူးတဲ့အချိန်ကို ကန့်သတ်ထားပြီး အခွန်ရှောင်ဖို့ လုပ်ထားတာပဲဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ် ၂ လပိုင်း ၁ ရက်နေ့မှာ Digital video camera ရဲ့အခွန်တွေကိုပြန်လည်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒါနဲ့အချိန်ကိုက်ထုတ်လုပ်ရောင်းချခဲ့တာက Sony Digital camera α6400 ဖြစ်ပြီး သူ့မှာရိုက်ကူးချိန်ကန့်သတ်ထားတာမျိုးမရှိပါဘူး။

 

အဲ့လောက်ရှည်တဲ့ ဗွီဒီယိုတွေ ရိုက်ပါ့မလားလို့ သင်ထင်တွေးမိပါသလား?

ဒီကင်မရာကို သုံးမယ်ဆိုရင် လုံးဝကိုအဆင်ပြေပါတယ်။

Time lapse ဆိုတဲ့ပုံစံနဲ့ရိုက်တဲ့ video ဆိုရင် ဒီလို Landscape ပုံစံက အရမ်းကိုမိုက်မယ်ထင်ပါတယ်။

https://www.youtube.com/watch?v=e3CmUbQeZDg

Youtube သုံးနေတဲ့သူဆိုရင် ရှည်လွန်းလို့အသုံးမဝင်တော့တာမျိုးမဟုတ်ဘဲ လိုအပ်တဲ့နေရာလေးတွေကိုပဲ ဖြတ်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။

ဒါကိုဝယ်လိုက်ရင်အရှုံးမရှိဘူးဆိုပေမယ့် အခုကင်မရာလဲဖို့စဥ်းစားနေတဲ့သူဆိုရင် ချက်ချင်းမဝယ်သေးဘဲ ခဏစောင့်လိုက်တာ ပိုကောင်းမယ်ထင်ပါတယ်။

Sony မှမဟုတ်ဘဲ တခြားတံဆိပ်တွေအားလုံးကလည်း ကန့်သတ်မှုမရှိတဲ့ကင်မရာပုံစံကို ထုတ်လာနိုင်တာကြောင့်ပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: