ဂျပန်နိုင်ငံကအစီအစဥ်တင်ဆက်သူ

ဂျပန်နိုင်ငံမှာရှိတဲ့ ရုပ်ချောသူတွေတော်တော်များများက တီဗွီရုပ်သံလိုင်းရဲ့ အစီအစဥ်တင်ဆက်သူအဖြစ် လုပ်ဆောင်တဲ့သူများပါတယ်။

ရုပ်ချောရုံလေးနဲ့တော့မရပါဘူး။

သတင်းတွေကို နည်းနည်းလေးမှ မှားပြီးဖတ်လို့မရတဲ့အပြင် နိုင်ငံခြားသားတွေကို အင်တာဗျူးဖို့အတွက် နိုင်ငံခြားဘာသာစကားကို တတ်ထားဖို့လိုပါတယ်။

ရုတ်တရက် မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ညသန်းခေါင်ဖြစ်နေရင်တောင် အရေးပေါ်သတင်းကို တစ်ယောက်ယောက်က တင်ဆက်ပေးရမှာဖြစ်ပါတယ်။

ရုပ်ရည်ချောမောလှပတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့လည်းလိုတဲ့ အလုပ်ဖြစ်ပါတယ်။

အဲ့ဒီအလုပ်နေရာကို စက်ရုပ်တွေဝင်ရောက်လာခဲ့ပါပြီ။

https://robotstart.info/2018/04/02/aoi-erica.html

 

သူ့ရဲ့နာမည်ကတော့ အအိုအိ အဲရိက (AOI Erica) ပဲဖြစ်ပါတယ်။

ဂျပန်ဘာသာစကားကို ချိုချိုသာသာပြောဆိုနိုင်ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးနဲ့ ပြောဆိုဆက်သွယ်နိုင်ပါတယ်။

နောက်တစ်ခုက ၂၄ နာရီလုံးအလုပ်လုပ်နိုင်ပါတယ်။

https://robotstart.info/2018/04/02/aoi-erica.html

 

ဆံပင်ပုံစံ ၊ မိတ်ကပ်နဲ့ ဆွဲဆောင်မှုရှိဖို့အတွက် ကျွမ်းကျင်တဲ့ဝန်ထမ်းက ဂရုတစိုက်နဲ့ လိုက်လံဆောင်ရွက်ပေးပါတယ်။

ဆံပင်နဲ့ မိတ်ကပ်ပြောင်းလိုက်တာနဲ့ တော်တော်လေးကို ပြောင်းလဲသွားပါတယ်။

 

စကားပြောနေတဲ့ ပုံစံက ဒီလိုပုံစံမျိုးပါ။

https://www.youtube.com/watch?v=cb_tmGe3ga0

 

တစ်ဖက်လူရဲ့ လှုပ်ရှားတဲ့ပုံစံနဲ့ လူသားတွေအတိုင်း အရိပ်အကဲကြည့်ပြီး စကားပြောဆိုဆက်သွယ်နိုင်ပါတယ်။

ဘယ်လိုပြောလဲဆိုတာကိုသိချင်ရင် အောက်က video ကိုကြည့်လိုက်ပါနော်…

https://www.youtube.com/watch?v=7wcmaLyTeuU

ရုပ်ရည်ချောမောလှပတဲ့သူတွေရဲ့ပုံကို စုဆောင်းပြီး CG နဲ့လှပတဲ့မိန်းကလေးအဖြစ်ဖန်တီးထားတဲ့အတွက်ကြောင့် ချစ်စရာကောင်းတဲ့ မျက်နှာပုံစံရှိနေတာဖြစ်ပါတယ်။

လည်ပင်းရဲ့ အပေါ်ပိုင်းကလွဲပြီးမလှုပ်ရှားနိုင်တဲ့အတွက် ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို လှုပ်ရှားနိုင်အောင်ပြုလုပ်သွားမယ့် အစီအစဥ်ရှိပါတယ်။

သိပ်ပြီးတော့အဆင်မပြေဘူးလို့ထင်တာက အချိန်ကြာနေတဲ့ပြဿနာလို့ထင်ပါတယ်။

သဘာဝကျတဲ့ပုံစံက ချက်ချင်းတုံ့ပြန်ပြီးစကားပြောနိုင်တာဖြစ်ပါတယ်။

 

လူသားတွေရဲ့ အလုပ်ကို AI နဲ့စက်ရုပ်တွေက အစားထိုးဝင်ရောက်သွားပြီးတော့ ဟိုးအရင်ကတည်းက စပြီးလုပ်ကိုင်ခဲ့တဲ့သူတွေအတွက်တော့ အစီအစဥ်တင်ဆက်သူအလုပ်ကို ဆုံးရှုံးလိုက်ရမလားတောင်မသိပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: