ဂျပန်နိုင်ငံရဲ့ ဈေးအကြီးဆုံးနေရာ

ဂျပန်နိုင်ငံမှာရှိတဲ့ကုန်ပစ္စည်းတိုင်းဟာ မြန်မာနိုင်ငံထက်ပိုပြီး စျေးကြီးတဲ့နိုင်ငံလို့ပြောကြပါတယ်။

ကုန်ဈေးနှုန်းက နေထိုင်မှုစရိတ်နဲ့ တိုက်ရိုက်အချိုးကျတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းကြီးတဲ့နေရာမှာမနေချင်လောက်ဘူးလို့ထင်ပါတယ်။

ဒီလိုကုန်ဈေးနှုန်းကြီးတာထက်ပိုကြီးတဲ့နေရာနဲ့ မိတ်ဆက်ပေးပါမယ်။

ပထမဦးဆုံးနေရာကတော့ ဖူဂျီတောင်ထိပ်ဖြစ်ပါတယ်။

https://www.camp-outdoor.com/tozan/fujisan/yamagoya.shtml

 

ဖူဂျီတောင်ပေါ်က တောင်ထိပ်မှာရှိပါတယ်။

တောင်ထိပ်မှာ တစ်ညအိပ်ပြီး မနက်စောစောထပြီးဆက်တက်မယ်ဆိုရင် တောင်ထိပ်မှာနေထွက်တာကို ကြည့်နိုင်ဖို့အတွက် စောင့်နေရတာက အရမ်းကိုဈေးကြီးလွန်းပါတယ်။

Curry rice တစ်ပွဲကို ယန်း ၁၂၀၀ ကျသင့်ပါတယ်။

တိုကျိုမှာ Curry rice တစ်ပွဲစားမယ်ဆိုရင် တစ်ပွဲကို ယန်း ၄၀၀ ကနေ ၅၀၀ လောက်ပဲရှိပါတယ်။

ဈေးနှုန်းက ၃ ဆ လောက်တောင်ကွာခြားနေတာကို တွေ့ရပါတယ်။

အအေးဆိုရင်တော့ တစ်ခွက်ကို ယန်း ၅၀၀ ဖြစ်ပြီး၊ ဖူဂျီတောင်ပေါ်မှာဆိုရင် ယန်း ၁၂၀ ကျသင့်ပါတယ်။

ခေါက်ဆွဲဘူးတွေဆိုရင် ယန်း ၆၀၀ လောက်ရှိပြီး တောင်အောက်မှာဆိုရင်တော့ ယန်း ၁၅၀ လောက်ရှိပါတယ်။

ဒီလောက်ထိဈေးကြီးနေတာဟာ ကုန်တင်ကြေးတွေဈေးကြီးလို့ဖြစ်ပါတယ်။

အဲ့ဒီတောင်ထိပ်မှာ တစ်ပတ်ကို ၆ ကြိမ် bulldozer တွေနဲ့ ကုန်ပစ္စည်းတွေကိုသယ်ဆောင်ကြပါတယ်။

ဒီလိုလမ်းကြောင်းတစ်ကြောင်းကို ယန်း ၁၀ သောင်းကျသင့်ပါတယ်။

သန့်စင်ခန်းသွားမယ်ဆိုရင်လည်း ဝင်ကြေးပေးရမှာဖြစ်ပါတယ်။

တောင်ထိပ်မှာလာရောက်တည်းခိုတဲ့ဧည့်သည်တွေဆိုရင် ယန်း ၁၀၀ ပေးရပြီး၊ တခြားသူတွေဆိုရင် ယန်း ၂၀၀ ပေးရတယ်။

ဖူဂျီတောင်ပေါ်မှာ ရေလည်းရှားပါတယ်။

ဒီမှာနေရတဲ့ဘဝကတော့ တော်တော်ကိုစိတ်ညစ်ဖို့ကောင်းမှာပဲနော်။

ဟူး………သွားနေဖို့တော့ ဘယ်လိုမှမဖြစ်ဘူးထင်ပါတယ်။

 

နောက်တစ်နေရာကတော့ အံ့သြစရာကောင်းလောက်တဲ့နေရာဖြစ်ပါတယ်။

အဲ့ဒီနေရာကတော့ အကျဥ်းထောင်ဖြစ်ပါတယ်။

https://webronza.asahi.com/culture/articles/2018011100003.html

ထောင်ထဲမှာဆိုရင် လိုအပ်တာထက်ပိုတဲ့ပစ္စည်းတွေကို ကိုယ်ဘာကိုယ် မဝယ်လို့မရပါဘူး။

ဒါကြောင့် နေ့စဥ်သုံးပစ္စည်းတွေကိုရောင်းတယ်ဆိုပေမယ့် အရမ်းကိုဈေးကြီးပါတယ်။

တစ်ရှူးတစ်လိပ်ကို ၅၉၄ ယန်း ဖြစ်ပါတယ်။ ( အပြင်စျေး ရဲ့ ၄ ဆခွဲ )

သွားပွတ်တံတစ်ချောင်းကို ၁၈၁ ယန်း ဖြစ်ပါတယ်။ ( အပြင်စျေး ရဲ့  ၂ ဆ နီးနီး )

ယောကျ်ားလေးဝတ်ဘောင်းဘီတစ်ထည် ၇၀၂ ယန်းဖြစ်ပါတယ်။ စာရေးသူကတော့ ယန်း ၅၀၀ ဆို ၂ ထည်တောင်ရပါတယ်။

ထောင်ထဲဝင်ရတဲ့သူတွေက အလုပ်လုပ်ရပါတယ်။

အိမ်သုံးပစ္စည်းလုပ်ငန်းနဲ့ လျှော်ဖွတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရတာဖြစ်ပါတယ်။

ဒီအလုပ်တွေလုပ်ဖို့အခွင့်အရေးရှိတယ်ဆိုပေမယ့် လုပ်အားခနည်းတဲ့ တစ်လကို ယန်း ၅၀၀၀ လောက်ပဲရတာဟာ တော်တော်လေးကို ကြပ်တည်းလွန်းတာကြောင့် အပြင်ကလူတွေတစ်ယောက်နဲ့မှ မသိဘူးဆိုမဝယ်ဘဲနေရပါတယ်။

မကောင်းတာလုပ်ပြီးထောင်ထဲဝင်သွားတဲ့သူကတော့ ဘယ်လိုနေမလဲမသိပေမယ့် တကယ့်ဈေးကွက်မှာရှိတဲ့ဈေးထက်ပိုပြီးဈေးကြီးနေတာက ပြဿနာတစ်ခုဖြစ်ပါတယ်။

ယခုအကြောင်းအရာက ယခုလက်ရှိတော်တော်များများပြောနေကြတဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီး ဈေးနှုန်းပြောင်းလဲဖို့အတွက် လှုပ်ရှားမှုတွေလုပ်ဆောင်နေတာကို သိရှိရပါတယ်။

စာဖတ်သူတို့ရေ…….. ဒီလိုဈေးကြီးတဲ့နေရာမျိုးမှာ ဘယ်တော့မှမနေရအောင် အထူးသတိထားကြပါနော်…..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: