Mamaya ရဲ့ ဟင်းချက်နည်းသင်ခန်းစာ အပိုင်း ၂ !!!

ဒီနေ့လည်း Mamaya မှ Kyoko ဆီကနေ အိမ်မှာပဲ လွယ်လွယ်ကူကူ ချက်လို့ရတဲ့ ဂျပန်ဟင်းလျာချက်နည်းကို လေ့လာရအောင် !

အရင် ဟင်းချက်နည်းတွေကြည့်မယ်ဆိုရင်တော့

 

https://mm.japo.world/contents/am-thuc/72414.html

ဒီနေ့ ချက်ပြမှာကတော့ ဒီဟင်းလေးဖြစ်ပါတယ် !

ဟင်းနုနွယ် နဲ့ ပဲပင်ပေါက် (Ohitashi)

 

Ohitashi ဆိုတာက ဟင်းသီးဟင်းရွက်ပြုတ်ပြီး ပဲငံပြာရည်ထည့်ကာ ချက်ထားတဲ့ ဟင်းလျာပါ။

ဒီဟင်းလျာမှာဆို အများအားဖြင့် ဟင်းနုနွယ်ရွက်ကို အသုံးပြုပေမယ့် ဒီတစ်ခေါက်တော့ ပဲပင်ပေါက်ပါထပ်ထည့်ပြီး တစ်မျိုးထူးခြားတဲ့ အရသာမျိုးဖြစ်အောင် ချက်ကြည့်ကြမယ်နော် !

ပဲပင်ပေါက်က ဂျပန်မှာ အလွန်စျေးပေါပြီး စူပါမားကတ်တွေမှာဆို စျေးအသက်သာဆုံး ၂၈ယန်း
( ၃၆၀ ကျပ်) လောက်နဲ့ ဝယ်လို့ရနိုင်ပါတယ်။

 

(ပါဝင်ပစ္စည်း)

ဟင်းနုနွယ်ရွက် 1/2 စည်း・

ပဲပင်ပေါက် 1/3 စည်း・

ရေ 100cc・

Dashi အမှုန့် ဇွန်းသေး ၂ ဇွန်း・

ပဲငံပြာရည် 1 ဇွန်း・

ဟင်းချက်ဝိုင်ချို 1 ဇွန်း ဟင်းချက်ဝိုင်ချိုမရှိလျင် သူ့အစား သကြားအနည်းငယ်ထည့်လို့ရပါတယ် !

အချိုအရသာကိုတော့ မြည်းစမ်းပြီး ကိုယ်ကြိုက်တဲ့ အနေအထားထိထည့်လို့ရပါတယ်။

 

(ချက်ပုံချက်နည်း)

1. ဟင်းနုနွယ်ရွက်ကိုပြုတ်ပါ။ အကယ်၍ အောက်ပါပုံတွင်ပြထားသည့်အတိုင်း ပင်စည်ကနေ ဟင်းနုနွယ်ရွက်ကိုပြုတ်မယ်ဆိုရင် ရေဆူပွက်လာတဲ့အခါမှာ ထည့်ပြီးပြုတ်ပါ။ ပြုတ်ပြီးတဲ့အခါ ရေအေးအေးထဲထည့်စိမ်ထားပါ။ ပဲပင်ပေါက်ကတော့ သူ့ရဲ့ အမြစ်တွေကို ဖယ်ပြီး ချက်ရင်ပိုပြီးအရသာရှိပါတယ်။

 

 

2. ရေ 100cc ထည့်ထားတဲ့ အိုးထဲကို Dashi အမှုန့်၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်တို့ကိုထည့်ပြီး ဆူအောင်တည်ထားပါ။ ရေဆူလာရင် ပဲပင်ပေါက်ကိုထည့်ပြီး အနည်းငယ်နယ်ကာ မီးပိတ်လိုက်ပါ။

 

3. ဟင်းနုနွယ်ရွက်ရဲ့ ရေကိုညှစ်ပါ။ အရွက်များကို တစ်လုပ်စာအရွယ် အပိုင်းပိုင်း ခွဲ၍ ဖြတ်ပါ။ ပဲပင်ပေါက်တွေ ပျော့ပျောင်းလာသောအခါ ဟင်းနုနွယ်ရွက်ကိုပါထည့်ပြီး ဒယ်အိုးထဲသို့ထည့်ပြီးရောမွှေပါ၊ ပြီးလျှင် ၂-၃ မိနစ်ခန့်ထားပါ။

 

ခဏအကြာတွင်ဟင်းနုနွယ်ရွက်သည် dashi အရသာကို စုပ်ယူပြီးအရသာရှိလာပါလိမ့်မယ်။

 

ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အဆင်သင့်စားလို့ရပါပြီ။

(Point)

ဟင်းနုနွယ်ရွက်ကဲ့သို့သော အရွက်များကိုပြုတ်သောအခါ ဆားထည့်ခြင်းသည် ထုံးစံဖြစ်သော်လည်း ဆားမထည့်ပဲ ပြုတ်လို့ အဆင်ပြေပါတယ်။

သို့သော်၊ အလွန်အကျွံပြုတ်မိပါက ဟင်းနုနွယ်ရွက်ရဲ့ အရောင်က ဆိုးရွားလာမည်ဖြစ်သောကြောင့် ဖြစ်နိုင်သမျှအမြန်ဆုံးပြုတ်ပေးပါ။
ဒီတစ်ခေါက်ရဲ့ ဟင်းလျာက ဘယ်လိုလဲ ?

ဟင်းသီးဟင်းရွက်ပြုတ်တွေကောင်းကောင်းလေးလုပ်ပြီး စားကြရအောင်!

ဒီချက်ပြုတ်နည်းကိုတုပပြီး ချက်ကြည့်ကြရအောင်နော် !

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: