ရေပေါ်ဘဝများ

ဂျပန်ကို အကြိမ်ကြိမ်ရောက်ဖူး ခဲ့ပြီးပြီဆိုရင် ဒီတခေါက်မှာတော့ ပုံမှန်နဲ့နည်းနည်းကွာခြားတဲ့ နေရာကို သွားမကြည့်ချင်ဘူးလား။

ဒီတစ်ခေါက် မိတ်ဆက်ပေးမှာကတော့၊ ကျိုတိုခရိုင်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျိုတိုလို့ပြောလိုက်တာနဲ့ အကုန်လုံးမြင်မိတဲ့ ဘုန်းကြီးကျောင်းတွေ မဟုတ်ဘဲနဲ့၊ ဆိပ်ကမ်းမြို့ ကို မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။

အိနဲမြို့လို့ခေါ်တဲ့ နေရာလေးရဲ့ ရှုခင်းကတော့ ဒီလိုမျိုးပါ။

အိမ်လေးတွေက ပင်လယ်ဘက်ကိုမျက်နှာမူနေပြီးတော့၊ အိမ်ရဲ့အောက်ထပ်ကတော့ လှေထားဖို့ သီးသန့်လုပ်ထားတဲ့အခန်းပဲဖြစ်ပါတယ်။

အိမ်အောက်ထပ်မှာတော့ လှေတွေ၊ ငါးဖမ်းတဲ့ကိရိယာတွေထားထားပါတယ်။

ဂျပန်နိုင်ငံမှာ ပင်လယ်နဲ့အနီးဆုံးမှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။

ဒီလိုထူးခြားတဲ့ပုံရိပ်ရှုခင်းတွေကို ဂျပနမှာ ဒီ ‘အိနဲမြို့’လေးမှာပဲ မြင်နိုင်တာပါ။

လှေအိမ်ကလေးတွေမှာ တည်းခိုလို့လည်း ရပါတယ်။

ဆောင်းရာသီရဲ့ ရှုခင်းကတော့ အလှဆုံးဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ပါပဲ။

Michelin ရဲ့ ခရီးသွားဒေသအကဲဖြတ် ဧည့်လမ်းညွှန်စာအုပ်မှာ ကြယ်၂ပွင့်ရရှိထားတဲ့ အိနဲမြို့လေးရဲ့ လှေအိမ်ကလေးတွေ….

ဂျပန်မှာလည်း အရမ်းကို ထူးဆန်းပြီးလှပတဲ့နေရာလေး ပါတယ်။

နောက်တစ်ခုကတော့၊ ဒီဒေသကို ရောက်ရင် မဖြစ်မနေသွားစားဖို့ တိုက်တွန်းချင်တဲ့ စားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ်။

https://www.facebook.com/Ine.Nagisa

ဒီဆိုင်ရဲ့ အထူးဟင်းလျာကတော့ ‘ပင်လယ်မျှော့ခြောက်’ဖြစ်ပါတယ်။

တရုတ်ဟင်းလျာလောကမှာလဲ ‘စိန်နက်’လို့တင်စားခေါ်ကြတဲ့ တန်ဖိုးကြီးအစားအစာ ဖြစ်ပါတယ်။

အိနမြို့မှာ ဖမ်းမိတဲ့ ပင်လယ်မျော့တွေကို ၂လနှင့်အထက် သဘာဝနေရောင်ခြည်နဲ့ အခြောက်ခံပါတယ်၊ ပြီးရင် တစ်ပတ်လောက် ခြားပြီးတော့ ပြန်လှန်းပြီးရင် ခရုဆီနဲ့ကြော်ပါတယ်။

ဒီလိုမျိုးထမင်းပေါ်မှာပုံပေးထားတဲ့ ‘ပင်လယ်မျှော့ခြောက်ထမင်း’

ဒီလိုမျိုး အနုစိတ်တဲ့ဟင်းလျာကို ဂျပနမှာ ဒီမှာဘဲရနိုင်ပြီး ပင်လယ်မျော့ခြောက်ထမင်း စားလို့ရနိုင်တာလည်း တစ်ကမ္ဘာလုံးမှာ ဒီတစ်ဆိုင်ပါပဲ။

ပင်လယ်မျှော့တင်သာမကပါဘူး။

ဒီဟာကတော့ ဝေလငါး အသားလွှာဖြစ်ပါတယ်။

ဝေလငါးမစားဘူးသေးရင်တော့ သေချာပေါက် စားကြည့်စေချင်ပါတယ်။

နိုင်ငံခြားက မီဒီယာတွေလည်း သတင်းယူဖို့အတွက် မကြာခဏလာရောက်တဲ့ နာမည်ကြီးဆိုင် ဖြစ်ပါတယ်။

ရှုခင်းတွေသာမက၊ ဒီဆိုင်ကိုလာရောက်စားသောက်တာကလည်း အိနဲမြို့ကိုလာရတဲ့ အကြောင်းရင်းတွေထဲကတစ ဖြစ်လို့နေပါတော့တယ်။

အကောင်းဆုံးအစားအစာတွေနဲ့ အလှဆုံးရှုခင်းတွေကို ခံစားကြည့်ဖို့အတွက် အိနဲမြို့ကို အလည်သွားကြရအောင်နော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: