ဂျပန်နိုင်ငံရဲ့အရှည်ဆုံးပီဇာနာမည်ကို ကြေညာခဲ့တဲ့ Pizza Hut !! အဲ့ဒါက ဘာဖြစ်လို့ ဖခင်တွေကို ပျော်ရွှင်စေခဲ့တာလဲ?

မိသားစုအတွက် အမြဲကြိုးစားပြီး အလုပ်လုပ်ပေးတဲ့အဖေ့ကို ကျေးဇူးတင်တဲ့အကြောင်း ပြောကြတဲ့နေ့က မေလ ၂၀ ရက်နေ့ အဖေများနေ့ဘဲဖြစ်ပါတယ်။
ဧပြီလမှာကျရောက်တဲ့ အမေများနေ့မှာတော့ ဘယ်ဆိုင်မှာမဆို အမေများနေ့အတွက် အထူးတလည်ပြင်ဆင်ထားတတ်ကြပြီး၊ ကုန်ပစ္စည်းတွေအများကြီးရောင်းရတဲ့နေ့ဖြစ်ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ အဖေများနေ့ကတော့ နှစ်တိုင်း အတော်လေး ခြောက်သွေ့အထီးကျန်ဆန်နေရပါတယ်။
ဖခင်တွေကတော့ အကောင်းဆုံးလုပ်နေကြပေမယ့်ပေါ့…
ကဲ အားလုံးပဲ ဖခင်တွေကို ဒီထက်ပိုပြီး ကျေးဇူးတင်လိုက်ကြရအောင်နော်။

ဒီလိုအထီးကျန်သလို ခံစားနေရတဲ့ ဖခင်တွေအတွက် ဂျပန်နိုင်ငံရဲ့ နေအိမ်အရောက် သီးသန့်ပို့ဆောင်ပေးတဲ့ အထူးပီဇာ၊ Pizza Hat က စိတ်ဝင်စားစရာကောင်းတဲ့အရာလေးတစ်ခုကို ဖန်တီးလုပ်ဆောင်ပေးခဲ့ပါတယ်။
အဲဒါကတော့ အဖေများနေ့အတွက် သီးသန့်ပြုလုပ်ထားသော အရသာရှိတဲ့ပီဇာ ၃ ချပ်ပါ set မီနူးကို စျေးသက်သက်သာသာနဲ့ လိုက်လံပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီ set မီနူးရဲ့နာမည်ကတော့

တကယ်တော့ ဖခင်တွေက အဖေများနေ့မှာ လက်ဆောင်တစ်ခုခုကို လိုချင်တယ်လို့တော့ မဟုတ်ပေမယ့် တစ်ခုခုကို မျှော်တော့မျှော်လင့်ကြတယ်မလား?
ဒါပေမယ့် အိမ်မှာမိသားစုအားလုံးနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်စားသောက်နိုင်ရင်ကို အဲ့တစ်ခုထဲနဲ့ ပြည့်စုံပြီးဝမ်းသာကျေနပ်တတ်ကြပါတယ်။
ဒါကြောင့် ဒီ M ဆိုဒ် ပီဇာ ၃ ချပ်နဲ့ဆိုရင် မိသားစုဝင်အားလုံး ပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်
ပြီးတော့ ဈေးလည်းတော်တဲ့အတွက် မဆိုးဘူးလို့ထင်ပါတယ်
ဒါတွေအပြင် ရိုးရှင်းတဲ့ကျေးဇူးတင်စကားကိုလည်း ရနိုင်မယ်ဆိုတော့ ပျော်စရာကောင်းလှတဲ့ set မီနူးဖြစ်မှာပါ

အဖေများနေ့အပေါ် အနည်းငယ်အရွဲ့တိုက်ချင်စိတ်ပေါ်နေတဲ့ ဖခင်တွေရဲ့ ခံစားချက်တွေ များစွာပါဝင်နေတဲ့ ဒီမီနူးနာမည်။
ဂျပန်နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ဖခင်တွေရဲ့ခံပြင်းစိတ်ကလေးဟာ ဒီအထိရုပ်လုံးပေါ်လာတာကတော့ အဖေများနေ့သမိုင်းမှာ ပထမဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Good Job၊ Pizza Hut !
ပြီးတော့ ကောင်းကောင်းရှင်းပြနိုင်ခဲ့တာပဲ။ ကျွန်တော်တို့လည်း အဲ့အတိုင်းခံစားရပါတယ်!

ဒါနဲ့ ဒီပီဇာ ၃ ချပ်ကတော့
ခရမ်းချဥ်သီးဆော့စ်အများကြီးပါပြီး အရသာရှိတဲ့ Margherita
မတူညီတဲ့အရသာ ၄ မျိုးကို ခံစားနိုင်တဲ့ Oishimi 4
ပါဝင်ပစ္စည်းများစုံထည့်ထားတဲ့ Deluxe
ဆိုတဲ့ ပီဇာ ၃ ချပ်ပါဘဲ။

မှာဖို့အတွက် ပြောရတာအလုပ်ရှုတ်တဲ့သူတွေအနေနဲ့၊ “ အဖေများနေ့ ၃ ချပ် set မီနူး” လို့ပြောပြီးတော့လည်းမှာနိုင်တဲ့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။

ဒါ့အပြင် တွစ်တာပေါ်မှာ အစီအစဥ်တစ်ခုအနေနဲ့ လူအယောက် ၂၀ ကို အောက်ကပန်းကန် လေးလက်ဆောင်ပေးမယ့်ကမ်ပိန်းလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဖခင်ရဲ့ ပွင့်ထွက်လာတဲ့ခံစားချက်တွေအပေါ်နည်းနည်းစာနာမိတဲ့ပန်းကန်လေး။
ဒီပေါ်မှာ ဘာတွေကိုထည့်စားရင် ကောင်းမလဲမသိဘူးနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: