ဒါတွေကို တွဲစားလို့မရပါဘူး။ အတူတူစားလို့မရတဲ့အစားအစာတွေက?

“ တွဲစားတယ်” ဆိုတဲ့စကားလုံးရှိတယ်။
၁ ခုချင်းစီကခန္ဓာကိုယ်အတွက်ကောင်းပေမဲ့၊ တွဲပြီးစားလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေကြောင်းကိုတွေ့ရပါတယ်။
အရမ်းကြိုက်တဲ့အစားအစာလို့ပြောလည်း တွဲမစားမိဖို့ကရုစိုက်ပါနော်

ပဲနို့ + သကြားညို


https://men-joy.jp/archives/434695

ဒါက ခန္ဓာကိုယ်အတွက်ကောင်းတယ်လို့ထင်ရလား?
ပဲနို့ကိုသုံးထားတဲ့ latte နဲ့ သကြားညို….
အဲ့ဒါဆို ခံတွင်းပျက်စေခြင်းနဲ့ အစာမချေနိုင်ခြင်း တို့ကိုဖြစ်စေပါတယ်။

နာနတ်သီး+နွားနို့

https://rassic.jp/content/9171

တွဲပြီးစားရင် အရသာရှိမှာပဲလို့ထင်ရပေမဲ့၊ လုံးဝမရပါဘူး။
နာနတ်သီးက အစာချေအင်္ဂါစနစ်ဖြစ်တဲ့အူတွေကိုအေးစေပြီး၊ နွားနို့မှာတော့ အူမကြီးလှုပ်ရှားမှုကိုကောင်းစေတယ်။
တွဲပြီးစားလိုက်ရတော့ အစာချေစနစ်အားနည်းသူတွေ၊ အအေးနဲ့မတည့်သူတွေဆိုရင် ဝမ်းလျှောခြင်းဖြစ်စေနိုင်ပါတယ်။

မုန်လာဉဖြူ+ဥနီ


https://www.lettuceclub.net/recipe/dish/12236/

မကြာခဏတွဲစားတာကိုတွေ့ရပေမဲ့၊ အဲ့လို့စားတာတကယ်တော့မသင့်တော်ပါဘူး။
ဥဖြူမှာ ဘီတာမင် C ဓါတ်တွေအများအပြားပါဝင်ပြီး၊ ဥနီမှာပါတဲ့ enzyme ဟာဘီတာမင်စီကို ဖျက်စီးပါတယ်။
ခန္ဓာကိုယ်အတွက်ဘေးဖြစ်တာတော့မဟုတ်ပေမဲ့၊ စားပြီးတော့ အာဟာရမဖြစ်တဲ့သ‌ဘောမျိုးပါ။

သို့သော် ဥနီမှာပါဝင်တဲ့ enzyme ကအပူတို့၊ ကစော်ဖောက်တာတို့ဆိုရင် ဓါတ်ပျယ်သွားတာကြောင့်၊ သူတို့ ၂ ခုကိုရှာလကာရှည်အသုံးပြုတာတို့၊ အပူပေးပြီးကြော်၊ချက်တာတို့ဆိုရင် အဆင်ပြေပါတယ်။

ခရမ်းချဉ်သီး+ သခွားသီး


https://men-joy.jp/archives/434695

ဒီနှစ်ခုကိုတွဲစားတာ အသုတ်တွေမှာဆိုတွေ့ရတယ်နော်…
မုန်လာဥဖြူနဲ့ဥနီကိုတွဲစားတာနဲ့ အတူတူပါပဲ။
ခရမ်းချဉ်သီးမှာပါတဲ့ ဘီတာမင်စီတွေ ပျက်စီးကုန်ပါတယ်။
၂ ခုလုံးကိုအပူပေးပြီးကြော်ချက်စားလို့လည်းမရတာကြောင့်၊ တွဲမစားတာကပဲအကောင်းဆုံးပါ။

 

ဖရဲသီး+ တန်ပူရာ

合食禁・食合禁のお話

တစ်ခုခုစားပြီးအခါ အချိုပွဲအနေနဲ့ဖရဲသီးချကျွေးတာတို့ရှိပေမဲ့၊ တန်ပူရာစားပြီးနောက်မှာတော့ ဖရဲသီးမစားတာကကောင်းပါတယ်။
ဖရဲသီးမှာရေဓါတ်အမြောက်အများပါဝင်ပါတယ်။
အစာအိမ်နဲ့အူလမ်းကြောင်းလှုပ်ရှားမှုကိုနှေးကွေးစေရုံသာမက၊ ဆီပါတဲ့တန်ပူရာနဲ့တွဲစားလိုက်ရင်တော့ ဝမ်းလျှောမှာပါ။

ငါးရှည့် နဲ့ ဖရဲသီး တွဲစားမယ်ဆိုလည်းဒီသဘောတရားပါပဲ။ မစားသင့်ပါဘူး။

ဂဏန်း + တည်သီး

合食禁・食合禁のお話

ဂဏန်းမှာဘီတာမင် B1 ၊ B2 ကြွယ်ဝပြီး၊ အာဟာဓါတ်ပြောင်းလဲခြင်းတွေကိုကောင်းစေသလို၊ တစ်ဖက်မှာလည်း ခန္ဓာကိုယ်ကိုအေးစေတဲ့လုပ်ဆောင်ချက်တွေရှိတယ်။
တည်သီးဟာလည်း ထိုနည်း၄င်းပဲ၊ ခန္ဓာကိုယ်ကိုအေးစေတဲ့အစားအစာဖြစ်တာကြောင့် တွဲစားမိရင် အစာအိမ်အတွက်ဆိုးကျိုးရှိပါတယ်။

ဝက်ပေါင်ခြောက် +ဟင်းနုနွယ်


http://nitariyaitari.club/tabeawase/

ဒီလိုတွဲစားတာမြင်ဖူးမှာပါ

ဟင်းနုနွယ်မှာ သံဓါတ်နဲ့ကယ်ဆီယာမ်ဓါတ်တွေအမြောက်အများပါဝင်ပြီး ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အစားအစာဖြစ်ပေမဲ့၊ ဝက်ပေါင်ခြောက်မှာပါဝင်တဲ့အရာတွေက အဲ့ဒါတွေစုပ်ယူမှုကိုတားဆီးလိုက်ပါတယ်။

ဖရဲသီး+ဘီယာ


http://nitariyaitari.club/tabeawase/

မြန်မာနိုင်ငံမှာလည်း ဒီ ၂ ခုတွဲစားတာရှိကောင်းရှိမှာပါ။
ဘီယာရော၊ ဖရဲသီးကပါ ဆီးရွှင်စေတဲ့အတွက် သတိမထားမိခင်မှာပဲ ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေပြီး၊ အရက်ကိုပိုပိုပြီးစွဲလန်းစေပါတယ်။ အရက်ပိုသောက်မိတာကြောင့် အမူးလွန်လဲကျတဲ့အထိဖြစ်စေပါတယ်။

အရမ်းနှစ်သက်လို့ဆိုပေမဲ့လည်း သတိထားရမယ့်အရာတွေပဲဖြစ်ပါတယ်.
အစားအစာတွေတွဲမစားခင် ကရုစိုက်ကြပါနော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: