အရက်အမူးလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တတ်လွန်းလို့ အရက်ကို ဂရုတစိုက်သောက်ကြပါ။

အရက်ကြိုက်တဲ့သူရှိလား?

https://intojapanwaraku.com/wp-content/uploads/2020/03/masuzake.jpg

အရက်ကြိုက်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် လူတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အတူသောက်ကြရတာ ပျော်စရာအလွန်ကောင်းပါတယ်။ ဒါပေမယ့် အသောက်လွန်ပြီး အမူးလွန်ကာ ရယ်စရာတစ်ခုခု လုပ်မိတဲ့ သူတစ်ဦးဦးတော့ ရှိလောက်မှာပါနော်?

ဒီတစ်ခါ မိတ်ဆက်ပေးမယ့် သူကတော့ Masanori Fukushima ပါ။ ထိုအချိန်က ဂျပန်ကိုအုပ်ချုပ်ခဲ့တဲ့ Hideyoshi Toyotomi ရဲ့ ညီဝမ်းကွဲဖြစ်တယ်လို့ သူကတော့ပြောပါတယ်။

သူကတော့ လှံကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး လူသားမျိုးနွယ်အပေါ်ကောင်းမွန်သူတစ်ယောက်ဆိုသော်လည်း အရက်သောက်တဲ့အခါမှာတော့ မကောင်းတဲ့အကျင့်ရှိပုံပေါ်ပါတယ်။ မူးလာရင် သွေးဆိုးတတ်တာမျိုးပေါ့။

တစ်နေ့မှာတော့ စားသောက်ပွဲတစ်ခုမှာ Mori Tahee လို့ခေါ်တဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ အရက်သောက်ဖို့ တိုက်တွန်းရာမှ ဒုက္ခရောက်ရတဲ့ အဖြစ်ကြုံရပါတယ်။
တကယ်တော့ Mori Tahee မှာလည်း အရက်သောက်ရင် သွေးဆိုးတတ်တဲ့အကျင့်လည်းရှိပါတယ်။
ဒါကြောင့် သူကလည်း အရက်မသောက်ပဲနေရအောင်လို့ ပြောခဲ့ပါသေးတယ်။
ဘယ်လိုအကြံပြုနေပါစေ၊ ငါဘယ်လောက်သောက်ချင်နေပါစေ၊ မသောက်နိုင်ဘူးဆိုပြီး ဆုံးဖြတ်ထားလို့ပါ။

ထိုကဲ့သို့သောအခြေအနေတွေကိုမသိတဲ့ အမူးလွန်နေတဲ့ Masanori ကတော့ သူသောက်ဖို့ ခွက်ကြီးတစ်ခွက်မှာပြီး သောက်ရန်တိုက်တွန်းပါတော့တယ်။
ဒါကိုသောက်နိုင်ရင် သင်ကြိုက်နှစ်သက်တဲ့အရာကိုပေးမယ်လို့ပြောသော်လည်း Tahee ကတော့မသောက်ပါ။
ဒီကိစ္စကို သဘောမကျတဲ့ Masanoriတစ်ယောက်၊ သူထင်တဲ့အတိုင်း အရက်မသောက်နိုင်ရင် အသုံးလည်းကျမှာမဟုတ်ဘူး ဆိုပြီး ပြောလိုက်ပါတော့တယ်။
ဒီလို ကြမ်းတမ်းတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ Tahee တစ်ယောက် ခွက်ကြီး ၁ခွက်ထဲမဟုတ်၊ ခွက်ကြီး ၃ခွက် ကုန်အောင် သောက်ပြလိုက်ပါတယ်။
Masanori တစ်ယောက်ကတိမဖျောက်ဖျက်နိုင်ပဲ Hideyoshi ဆီမှ ရရှိထားတဲ့ ဂျပန်လှံ ကို Tahee ထံသို့ လက်ဆောင်အဖြစ်ပေးလိုက်ရပါတယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ အမွေ ကို အရက်မူးတာကြောင့်လေးနဲ့ ဆုံးရှုံးလိုက်ရပါတယ်။
ဒါ့အပြင်ကို အမူးလွန်ရာကနေ လက်အောက်ငယ်သားပါဆုံးရှုံးရပြန်ပါတယ်။
တစ်ချိန်က သူဟာ အရက်မူးနေစဉ် သူ့လက်အောက်ငယ်သား တွေနဲ့အတူ စကားပြောခဲ့ပါတယ်။

ဒါပေမယ့် Masanori က တော်တော်မူးနေလို့ စကားအပေါက်အလမ်း မတည့်ပဲ အထင်လွဲမှု တွေဟာ ကြီးထွားလာပါတယ်။ ‌ဒေါသထွက်နေတဲ့ Masanori က မူးပြီးစကားလွန်ခဲ့ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ အမူးပြေပြီး နိုးထလာပေမယ့် ပြီးခဲ့တဲ့ညက ဖြစ်ပျက်ခဲ့တာတွေအားလုံးကို သူမမှတ်မိတော့ပါဘူး။

သူ့ရဲ့ လက်အောက်ငယ်သားကို ခေါ်နေပေမယ့် ပေါ်မလာတဲ့အခါမှာတော့ . . .
သူအဲဒီမှာ ကြီးမားတဲ့ အမှားလုပ်မိတာကို သဘောပေါက်ပြီး ငိုချမိပြန်ပါတယ်။အမူးလွန်ပြီး ဇနီးသည်ကို သတ်ဖို့လုပ်မိတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

အမူးလွန်ပြီး ရည်းစားဟောင်းဆီ သွားတာလည်းရှိသေးတယ်။
ဒါကိုသိသွားတဲ့ ဇနီးသည်က Naginata လို့ခေါ်တဲ့ ဓားရှည်နဲ့ လိုက်လာလို့ ထွက်ပြေးခဲ့ရဖူးတယ်တဲ့။အရက်ကို သောက်တော့သောက်ပေါ့နော်။
.အသောက်လွန်ပြီး အပျော်ကနေအပျက်ဖြစ်စေတတ်လို့ ကိုယ့်Limitနဲ့ သောက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: