အာဟာရတန်ဖိုးတွေကိုသိထားပြီး လွယ်လွယ်ကူကူရွေးချယ်ကြမယ် ………

Pleurotus eryngii မှို

https://s.eximg.jp/expub/feed/Mamatenna/2018/Mamatenna_164400/Mamatenna_164400_s201810181026erinngi_1.jpg

အာဟာရတန်ဖိုး
Vitamin D, vitamin B2, Folic acid ပါဝင်ပါတယ်။ နောက်ပြီး Niacin လို့ခေါ်တဲ့ vitamin B3 (ရေဓါတ်)လည်းပါဝင်တယ်။

လွယ်လွယ်ကူကူရွေးချယ်ကြမယ်။
ထီးရဲ့အရောင်ကသိပ်ပြီးမရင့်ဘဲ၊ အညှိရောင်သန်းသန်းလေးကိုရွေးချယ်မယ်။ နောက်ပြီးပင်စည်ကတော့ ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ် ကျုံ့နိုင်ဆန့်နိုင်တဲ့ eryngii မှိုက အကောင်းဆုံးပါပဲတဲ့…

 

 

もやし ပဲပင်ပေါက်

https://cdn.kufura.jp/wp-content/uploads/2017/12/Fotolia_122918345_Subscription_Monthly_M-e1512436396520.jpg

အာဟာရတန်ဖိုး
Vitamin D, vitamin K, Folic acid တို့ပါဝင်ပါတယ်။
လွယ်လွယ်ကူကူရွေးချယ်ကြမယ်။
အဖြူရောင်တုတ်တုတ်ရှည်ရှည်လေးကိုရွေးချယ်ပါ။ နောက်ပြီးမညိုသွားခင်မှာပဲ စားလိုက်တာကောင်းပါတယ်။

 

 

青じそ အစိမ်းရောင် shiso

https://image.enuchi.jp/imgs/9830/7047/how-to-preserve-japanese-basil-in-freezer.jpg

Shiso လို့ပြောလိုက်ရင် လတ်ဆက်တဲ့အနံ့လေးကသူ့ရဲ့ထူးခြားချက်ပဲ …
ဆာရှိမိတို့ တန်ပူရာတို့နဲ့ စသည်ဖြင့်အမျိုးမျိုးတွဲစားကြပါတယ်။

အာဟာရတန်ဖိုး
ဟင်းသီးဟင်းရွက်ထဲမှာ β-carotene ဓါတ်တွေအမြောက်အများပါဝင်နေတယ်။ နောက်ပြီး Potassium, calcium, iron, Vitamin C, K, B2, folic acid နဲ့အမျှင်ဓါတ်တွေလည်းပါဝင်ပါသေးတယ်။

ဒါတင်မကသေးဘဲ အစာအဆိပ်သင့်မှုကိုလည်း ကာကွယ်ပေးတယ်တဲ့…ပိုးသတ်တဲ့အနေနဲ့လည်းစားကြပါတယ်…ဒါကြောင့် ဆာရှိမိတို့နဲ့တွဲစားကြတာကိုး….
လွယ်လွယ်ကူကူရွေးချယ်ကြမယ်။
အရွက်လတ်ဆတ်ပြီး အစိမ်းရောင်ရင့်ရင့်လေးကိုရွေးမယ်… အရောင်မည်းမည်းတွေပါရင်တော့ မရွေးသင့်ပါဘူး…နောက်ပြီးစူးရှတဲ့အနံ့ရှိတာကိုရွေးချယ်ဖို့အကြံပြုပါတယ်….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: