ချစ်စရာကောင်းတဲ့ ဒိုရာမွန်ပုံစံ ဂျပန်မုန့်အချို

ဂျပန်နိုင်ငံရဲ့ မုန့်ချိုတွေကို အနုပညာဆန်ဆန်တွေ့ရတယ်ဆိုတာ သေချာပေါက်သိကြလိမ့်မယ်ထင်ပါတယ်။

ဒီလိုမုန့်ချိုတွေကို ဂျပန် Anime နဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီလိုပုံစံမျိုးဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း အရမ်းကိုနာမည်ကြီးတဲ့ Doraemon ကို ဒီလိုပုံစံလေးလုပ်ထားပါတယ်။

https://mag.japaaan.com/archives/91769

ချစ်စရာကောင်းတယ်နော်……. ? ? ?

အပြာရောင်အပိုင်းလေးရော ၊ အဖြူရောင်အပိုင်းလေးရော ၊ ခြူလေးရောအကုန်လုံးစားလို့ရပါတယ်။

ဒါကို練り切り(ねりきり )နဲရိဂိရိ နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

နဲရိဂိရိ ဆိုတာက အဖြူရောင်အနှစ်မှာ သကြား ၊ မျောက်ဥ စတာတွေကို ရောထားတဲ့ အနှစ်ဖြစ်ပါတယ်။

ဒါကြောင့် သူ့အရသာကချိုပြီးတော့ အရမ်းကိုအရသာရှိပါတယ်။

လက်ရာမြောက် ဂျပန်မုန့်ချိုတွေကို ပြုလုပ်တဲ့သူရဲ့ မုန့်ချိုတွေက ဘယ်လောက်မိုက်လဲဆိုတာကို ဒီဗီဒီယိုထဲမှာ ကြည့်လိုက်နော်….

https://www.youtube.com/watch?v=vHH8rbrGDws

 

ဒိုရာမွန်ပုံက ဒီလိုပုံစံ ၂ မျိုးရှိပါတယ်။

https://mag.japaaan.com/archives/91769

ပုံမှန်အားဖြင့် ခေါင်းပိုင်းရဲ့အရသာက ကြက်ဥပူတင်းအရသာဖြစ်ပါတယ်။

အသဲပုံမျက်လုံးလေးတွေကတော့ စတော်ဘယ်ရီ အရသာဖြစ်ပါတယ်။

အပြာရောင်နဲ့ အနီရောင်အားလုံးက သဘာဝအရောင်တွေဖြစ်တဲ့အတွက်ကြောင့် စိတ်ချလက်ချစားသုံးလို့ရပါတယ်။

 

၂၀၁၉ ခုနှစ် ၂ လပိုင်း ၂၆ ရက်နေ့ကနေ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ convenience store နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒိုရာမွန်ပန်ကာကိုလည်း အားလုံးက သေချာပေါက်ရောင်းချပေးစေချင်မယ်ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: