Mamaya ရဲ့ဟင်းချက်နည်းသင်ခန်းစာအပိုင်း ၁ !!!!

Instagram မှာ 「旬菜ままや(Syunsai Mamaya)」@mamaya476 ဆိုတဲ့နာမည်နဲ့ ရာသီအလိုက်ပါဝင်ပစ္စည်းတွေကိုအသုံးပြုတဲ့ လွယ်ကူဟင်းလျာတို့၊
ကျွန်မတို့ရဲ့အိမ်အနီးအနားရှိကွက်လပ်လေးမှာပဲ ရာသီအလိုက်စိုက်ပျိုးလို့ရတဲ့ဟင်းသီးဟင်းရွက်တွေအကြောင်းကိုလည်း ပြောပြပေးနေတဲ့ Nakao Kyoko ပဲဖြစ်ပါတယ်။


စားရတာရော၊ ဟင်းချက်ရတာကိုပါ အရမ်းနှစ်သက်တဲ့အတွက်၊ သူမအိမ်ရဲ့ခြံထဲမှာပဲဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးလာခဲ့တာအခုဆို ၈ နှစ်လောက်ရှိပါပြီ။

ခရီးတွေထွက်ဖြစ်လို့ အဲ့ဒီဒေသမှာဈေးရှိမယ်ဆိုရင်လည်း ဒေသထွက်အစားအစာတွေကိုပဲစားပြီး၊ 居酒屋လိုအစားအစာတွေပါရနိုင်တဲ့ bar တွေမှာအရသာရှိတာလေးတွေ့ပြီးဆိုရင် ဆိုင်ရှင်ကိုအဲ့ဒီဟင်းလျာရဲ့ချက်ပြုတ်နည်းမေးမြန်းတာတို့လုပ်ပြီး ကိုယ်တိုင်လိုက်ချက်ခဲ့ပါတယ်။

အဲ့ဒီလိုအရမ်းနှစ်သက်တဲ့ အစားအစာနဲ့ဟင်းလျာတွေအပေါ်မှာပဲ တစ်စိုက်မတ်မတ်နဲ့လုပ်ဆောင်လာခဲ့ပါတယ်။

Kyoko စံဟာယခင်က ပုံနှိပ်ထုတ်ဝေတဲ့ကုမ္ပဏီမှာ အယ်ဒီတာအဖြစ်လုပ်ဆောင်ခဲ့ပေမဲ့၊ လက်ရှိမှာတော့ အသေးစားစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။
ဒါကြောင့် Kyoko စံဟာ Japo ရဲ့ပရိသတ်ကြီးအတွက်လည်း အလွယ်တကူပြုလုပ်နိုင်ပြီး အရသာလည်းရှိတဲ့ အိမ်ချက်ဟင်းလျာရဲ့ချက်ပြုတ်ပုံတွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ ဒီနေ့ပြောပြပေးမှာကတော့ “ ၅ မိနစ်နဲ့အပြီးချက်နိုင်တဲ့ vegetable soup”

 

အိမ်မှာပဲတောက်လျှောက်နေရတော့မယ်ဆိုရင် ထမင်းအတွက်ပြင်ဆင်ဖို့ခေါင်းစားရတော့မှာပဲနော်..
ဒါပေမဲ့ အာဟာရရှိတာလေးကိုလည်းစားချင်တယ်!!!

အဲ့ဒီအချိန် ဒီလိုအလွယ်တကူလုပ်နိုင်တဲ့ soup လေးကိုလုပ်စားကြည့်ရင်ရော?
အရောင်အသွေးတောက်ပတဲ့ဟင်းသီးဟင်းရွက်တွေက အာဟာရတန်ဖိုးရှိတဲ့အပြင်၊ မှိုမှာကိုယ်ခံစွမ်းအားကိုမြင့်တက်စေတဲ့ β-glucan လို့ခေါ်တဲ့ အစိတ်အပိုင်းတွေကပါဝင်တဲ့အတွက် တတ်နိုင်မယ်ဆိုရင် နေ့တိုင်း စားသင့်တဲ့အစားအစာပဲဖြစ်ပါတယ်။

နောက်ပြီး ထမင်းတို့ပေါင်မုန့်တို့အစရှိတဲ့ ကာဗွန်ဟိုက်ဒရိုက်ကို မစားခင်မှာ ဟင်းသီးဟင်းရွက်တွေကိုစားခြင်းဖြင့် သွေးတွင်းသကြားဓါတ်မြင့်တက်မှုကို လျော့နည်းစေပြီး၊ နေ့လည်စာစားပြီးနောက်ဖြစ်လေ့ဖြစ်ထရှိတဲ့ အိပ်ငိုက်တာကိုလည်းလျှော့ချပေးနိုင်ပါတယ်။

(ပါဝင်ပစ္စည်း ၃ ယောက်စာ)
ကြက်သွန်နီ = အသေး ၁ လုံး
မုန်လာဉနီ = အလယ်ပိုင်း ၁/၂ ချောင်း
ငရုပ်ပွ = ၁ လုံး
မှို = ၁/၄ ထုတ်
bacon = ၁/၂ ချပ်
ကြက်သားရည်ဟင်းချို Consomme ဟင်းချို သင့်လျော်သောပမာဏ

(ပြုလုပ်ပုံ)
၁။ အသီးအရွက်တွေကိုစားရတာလွယ်ကူစေဖို့ ၅ မီလီအရွယ်အစားလောက်လှီးပါ။ အသီးအရွက်အမျှင်တွေကိုအပိုင်းပိုင်းဖြတ်တောက်ပြီး မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်ပါတယ်။
bacon ကိုလည်းပဲ ၅ မီလီအရွယ်အစားလောက်လှီးပြီး၊ မှိုကို ၁ စင်တီမီတာလောက်အရှည်လှီးထားရပါမယ်။

 

၂။ မီးကိုအနေတော်လေးအပူပေးထားပြီး သံလွင်ဆီ ဒါမှမဟုတ် အသီးအရွက်ဆီ ဇွန်းကြီး ၁ ဇွန်းကိုအပူပေးပြီး ကြွက်သွန်နီးကိုအနည်းငယ်ဆီသတ်ပါ။
ပြီးရင် ဉနီနဲ့ငရုပ်ပွကိုထည့်ပြီး မွှေရပါမယ်။
ထို့နောက် ရေ ၆၀၀ မီလီလောက်ထည့်ပြီး မှိုနဲ့baconကိုထည့်လိုက်ပါ။ ဆူလာပြီဆိုရင် မီးကိုလျော့လိုက်ပြီး အဖုံးအုပ်ထားပြီး ၅ မိနစ်လောက်နပ်ထားပါ။
ကြက်သားရည်အရသာအရည် ဇွန်းသေး ၁ ဇွန်းနဲ့ Consomme ဟင်းချိုအရသာအရည် ဇွန်းသေး ၁ ဇွန်းတို့ကိုထည့်ပြီး၊ ဆားနဲ့ငရုပ်ကောင်းမှုန့်အနည်းငယ်စီကိုထည့်ပြီး အရသာပေါ်သွားပြီးဆိုရင် ပြီးပါပြီ။

 

(သတိထားရမည့်အချက်)

-ပါဝင်ပစ္စည်းတွေကိုဈေးကနေဝယ်လာတာပဲဖြစ်ဖြစ်၊ အိမ်မှာစိုက်ထားတဲ့ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ် ဘယ်ဟာမဆိုအသုံးပြုနိုင်ပါတယ်.
-baconကတော့ ပမာဏအနည်းငယ်ဆိုရပါပြီ။ bacon အစား Ham ဒါမှမဟုတ် sausage ကိုအတုံးတုံးလေးတွေစင်းပြီးထည့်ရင်လည်း အရသာရှိပါတယ်နော်…
-အဓိကပါဝင်ပစ္စည်းတွေရဲ့အရသာကိုပေါ်ချင်တဲ့အတွက် အရသာအရည်တွေနဲ့ဆား၊ငရုပ်ကောင်းမှုန့်တို့ကို အရသာမြည်းရင်းနဲ့နည်းနည်းစီပဲထည့်ပေးပါ။

အရမ်းစားကောင်းမယ့်ပုံပါပဲနော် ..
အများကြီးလုပ်မိလို့ပိုသွားမယ်ဆိုရင်၊ ခရမ်းချဉ်သီးအနစ်နဲ့ရောပြီး ခရမ်းချဉ်သီးsoap ပုံစံအဖြစ်လည်းပြောင်းစားကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်..


ပိုသွားတဲ့ soup တွေကိုတော့ အအေးခံပြီးတော့ ရေခဲသေတ္တာမှာသိမ်းထားပြီး ၂၊ ၃ ရက်အတွင်းစားလိုက်ရပါမယ်။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်လည်းချရမယ်လေ..

Kyoko စံပြောပြပေးခဲ့တဲ့ vegetable soup ရဲ့ချက်ပြုတ်နည်းလေးကိုဘယ်လိုထင်ပါသလဲ?
အလွယ်တကူလုပ်နိုင်တဲ့အတွက် ဒီနေ့ပဲမြန်မြန်ဆန်ဆန်လုပ်ကြည့်လိုက်ပါနော်…
Kyoko စံရဲ့လွယ်ကူဟင်းလျာသင်ခန်းစာတွေကို အခုကနေစပြီးမိတ်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်….

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: