ဟင်းရွက်တွေကိုရွေးခြယ်လိုက်ရုံနဲ့ ရန်မူတတ်လားသိနိုင်မယ်

သင့်ကိုယ်သင်ရန်မူတတ်တဲ့သူလို့ထင်ပါသလား?
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ ချက်ချင်းရန်ထဖြစ်တဲ့သူလား?
နောက်ပြီးတော့ သည်းခံနေရင်းနဲ့ကို အမြဲတမ်းရန်ဖြစ်နေရတဲ့သူလား?
ကိုယ်ကရန်မူတတ်လားဆိုတာ ကိုယ့်ကိုယ်ကိုမသိလောက်ဘူးလို့ထင်ပါတယ်။
ဒီတော့ ကိုယ်ကဘယ်လိုလူလဲဆိုတာကိုသိရဖို့အတွက် အသီးအရွက်လေးတွေရွေးခြယ်လိုက်ရုံပါပဲ။

တကယ် ? ? ? ?

ကဲစလိုက်ကြရအောင် !

သင့်ရဲ့အိမ်နီးနားချင်းက သင့်ကိုဟင်းသီးဟင်းရွက်တွေလက်ဆောင်လာပေးမယ်ဆိုပါစို့။
ဒီဟင်းရွက်တွေထဲက ဘယ်တစ်ခုကိုရခဲ့မယ်ဆိုရင် သင်ပျော်မှာလဲ?


https://tocana.jp/2019/02/post_85184_entry.html

1. ခရမ်းချဥ်သီး
2. အာလူး
3. ကြက်သွန်မိတ်
4. ဟင်းနုနွယ်ရွက်

ရွေးပြီးပြီဆိုရင် အဖြေကိုကြည့်လိုက်ကြရအောက်နော်….

ခရမ်းချဥ်သီးကိုရွေးခဲ့တဲ့သင်က

https://tocana.jp/2019/02/post_85184_entry_2.html

သင်ကလုံးဝကိုရန်မမူတတ်ပါဘူး။
လူတွေကိုအထူးတလည်အဖတ်မလုပ်ဘဲ တခြားအရေးမကြီးတဲ့ကိစ္စတွေဆိုလည်း ခေါင်းထဲမထည့်တတ်ကြပါဘူး။
သင်က ဘာကိုမှဂရုမစိုက်တတ်တဲ့သူမလား?
ဒီလိုအချိန်မျိုးမှာဆိုရင် ကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်နေတာပဲကောင်းပါတယ်။
ကိုယ်လုပ်ချင်တာတွေကိုပဲလုပ်နေရတဲ့အချိန်မှာ စိတ်တွေတက်ကြွနေမှာဖြစ်ပါတယ်။

အာလူးကိုရွေးခြယ်လိုက်တဲ့သင်ကတော့

https://tocana.jp/2019/02/post_85184_entry_2.html

အရမ်းကိုဒေါသကြီးတဲ့သူဖြစ်ပါတယ်။
စိတ်ဖိစီးမှုတွေများနေတဲ့အခါမှာစိတ်မရှည်တော့ဘဲနဲ့ ချက်ချင်းကြီးဒေါသထွက်ဖူးလား?
ဒီလိုနဲ့ပဲရန်သူတွေ တဖြည်းဖြည်းတိုးနေမှာပဲနော်…

အဆင်မပြေတဲ့အချိန်မျိုးမှာတခြားသူတွေကလာပြီးနှောင့်ယှက်မယ်ဆိုရင် လုံးဝသည်းမခံနိုင်ပါဘူး။
သင်လည်းပြောင်းလဲဖို့လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
ရန်မူတတ်တာကိုပြောင်းလဲဖို့အတွက် အားအင်တွေအပြည့်ရှိပါစေနော်။

ကြက်သွန်မိတ်ကိုရွေးခြယ်လိုက်တဲ့သင်က

https://tocana.jp/2019/02/post_85184_entry_3.html

ရန်အမူတတ်ဆုံးပါပဲ။
သင့်ကိုထိခိုက်လာမယ်ဆိုရင် ပတ်ဝန်းကျင်ကလူတွေကိုပြန်ပြီးထိခိုက်စေလောက်တဲ့အားတွေရှိပါတယ်။
ဒီလောက်ထိရန်မူတာကို ကောင်းတဲ့နေရာတစ်ခုခုမှာ သုံးလို့ရရင်ကောင်းမှာပဲနော်။
အခုလက်ရှိပြဿနာကို ပြန်ပြန်ဖော်ပြီး ပြဿနာရှာတဲ့ ဒရမ်မာလိုချဲ့ထွင်ဖို့ စွမ်းအားတွေကိုပိုင်ဆိုင်ထားပါတယ်။
အဆုံးစွန်ထိလိုက်တတ်တဲ့သူဆိုတော့ နောက်ဆုံးနောက်ဆုံးမှာတော့ အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။
မယုံမရှိနဲ့ ကြိုးစားကြည့်လိုက်ပါနော်။

ဆလပ်ရွက်ကိုရွေးခြယ်ခဲ့တဲ့သင်ကတော့

https://tocana.jp/2019/02/post_85184_entry_3.html

ရန်မူတတ်တာမျိုးနည်းပါတယ်။
တတ်နိုင်သလောက် အငြင်းပွားတာမျိုးကိုရှောင်ပြီး အေးအေးချမ်းချမ်းနဲ့ဖြေရှင်းတတ်တဲ့သူမျိုးဖြစ်ပါတယ်။
တကယ်တော့လည်း နည်းနည်းတော့ ရန်ဖြစ်တတ်ဖို့လိုပါတယ်နော်။
မိမိရဲ့စွမ်းအားတွေကိုသတိထားပြီး နားမလည်နိုင်ဘူးဆိုပေမယ့် စကားနဲ့တောင်နည်းနည်းလောက်ရန်လုပ်တတ်ဖို့လိုပါတယ်။

ကဲသင်ဘာကိုရွေးခဲ့ပါသလဲ?
သင်နဲ့ကိုက်ညီမှုရှိပါသလား ? ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: