စည်သွပ်ဘူးတွေက ဇိမ်ခံပစ္စည်း ? ဂျပန်ဆိုတာ စည်သွပ်ဘူးကောင်းကင်ပါတဲ့ !!!!!

စည်သွပ်ဘူးကြိုက်တဲ့သူတွေရှိလား ?
စည်သွပ်ဘူးကြိုက်ပါတယ်ဆိုတဲ့ သူမျိုးတော့ အဲလောက်ရှိမယ်မထင်ဘူးနော်? လိုတွေးကောင်းတွေးနိုင်ပေမယ့် ဒီဆောင်းပါးကို ဖတ်ပြီးသွားရင်တော့ စည်သွပ်ဘူးကြိုက်သွားမယ့်သူတွေ ရှိကောင်းရှိနိုင်လာမယ်ထင်ပါတယ်။ဂျပန်ရဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့ စည်သွတ်အစားအစာများကို အနုပညာအဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။
Dashi ကြက်ဉလိပ်
https://www.cbshop.jp/shop/pb/dashimaki.php
Dashi အရသာလေးနဲ့ သေသေချာချာလေးလုပ်ထားတဲ့ အရသာသိပ်ရှိတဲ့ ကြက်ဉလိပ်။ အဓိကစားလေ့ရှိတဲ့ အစားအစာ မဟုတ်ပေမယ့် နည်းနည်းတော့ စားချင်တယ် . . . ဒါပေမယ့်လည်း လုပ်ရတာ လက်ဝင်တယ်၊အချိန်ပေးရပြီး လုပ်ဖို့စိတ်မရှည်တော့ဘူး၊ ချက်ချင်းစားချင်တယ်ဆိုရင်တော့ ဒီ စည်သွပ်ကြက်ဉလိပ်ကို သတိရလိုက်ပါ။
Smoked oysters in soy sauce
https://www.cbshop.jp/shop/seafood/ah-kaki.php
ကမာကျပ်တိုက်ကို ပဲငံပြာရည်လေးနဲ့စိမ်ထားတာ . . .
အိုး . . . အရသာရှိလိုက်မယ်ဖြစ်ခြင်းပဲ။
အရက်ကလေးနဲ့သာ တွဲဖက်သုံးဆောင်လိုက်ရင်တော့ ရှယ်မှရှယ်ပါပဲ။
တာကိုယာကီ
Takoyaki ကို စည်သွပ်ဘူးထဲထည့်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့တာပါလဲ နော်။
နက်နဲတဲ့အရာပါပဲ။ မထင်ထားမိဘူးမလား ? ဒါပေမယ့် အိုဆာကာမှာ ဒီ Takoyaki ကို စည်သွပ်ဘူး က လူကြိုက်များတဲ့ အမှတ်တရလက်ဆောင်ဖြစ်ပုံရပါတယ်။ပူပူလေးဖြစ်အောင်နွှေးပြီးစားတာက ပိုကောင်းတယ်လို့ထင်ပါတယ်။
မြင်းသား
ဂျပန်တွင် မြင်းအသားကို Sakuraniku လို့ခေါ်ပါတယ်။ပြီးတော့ Yukke လို့ဆိုတဲ့အရာကတော့ အသားအစိမ်းကိုမှ အရသာထည့်နှယ်ထားတဲ့အရာပါ။မြင်းရဲ့အသားကို အစိမ်းလိုက်အရသာထည့်နှယ်ထားတဲ့ စည်သွပ်ဘူးကတော့ ဒီမှာပါ။
မြင်းသားကိုမှ အစိမ်းလိုက်စားလို့ရတယ်လား ? အရသာရှိတယ်ဆိုပေမယ့်လည်း. . .
အာလူးနှင့်ဘေကွန်
ဘီယာနဲ့ဆိုရင်ပဲ တော်တော်လေး သဟဇာတဖြစ်နေပါပြီ။ငရုတ်ကောင်းနှင့်အတူ အာလူးကြော်နှင့်ဘေကွန်လေးကို သောက်ပြီးအိမ်ပြန်လာပြီးနောက် ဗိုက်ဆာနေရင် ဒီစည်သွပ်ဘူးကိုဖွင့်ပြီး ဘီယာလေးနဲ့ သာဆိုရင်လည်း အဆင်ပြေချက်ပဲနော်။
ဝိုင်ဖြူထဲမှာပြုတ်ထားတဲ့ယောက်သွား
အရသာရှိမယ့်ပုံပဲ !
ဒီလို အဖြူရောင်ဝိုင်နဲ့အတူစားသုံးရတာက ပြင်သစ်စားသောက်ဆိုင်မှာ စားနေရသလိုတောင် ခံစားနိုင်ပါတယ်။
သံပခြုပ်
သံပခြုပ်ကတော့ ဂျပန်နိုင်ငံရဲ့ စျေးအကြီးဆုံး အဏ္ဏဝါထုတ်ကုန်များထဲတွင်ပါဝင်ပါတယ်။ဒီသံပခြုပ် ကိုထုပ်ပိုးထားသောကုန်ပစ္စည်းထဲမှာပါတဲ့ consomme ဂျယ်လီကလည်း အရေးကြီးပါတယ်။
အဲဒီအရာကိုလည်း အရန်ပါဝင်တဲ့အရာဖြစ်တယ်လို့ပြောတာထက် အရက်နဲ့အတူတူပါပဲ။
မက်မွန်သီး
Okayama စီရင်စုမှ ဒေသထွက် အထူးထုတ်ကုန်ဖြစ်တဲ့ မက်မွန်သီး။ထိုကဲ့သို့သော အရေအသွေးမြင့်မားတဲ့ထဲက တစ်ခုဖြစ်တဲ့ နာမည်ကြီးတဲ့ Shimizu Hakuto ကတော့ . . .
အမြင်လည်းလှသလောက်၊ စားလိုက်လို့ ပါးစပ်ထဲရောက်သွားရင်တောင်မှ နှာခေါင်းကနေသူ့ရနံ့ကို ခံစားရတာ … အရမ်းကို ကောင်းပါတယ်။ဘာကြောင့်များ ဒီလောက် ကောင်းလွန်းတဲ့ အရည်အသွေးမြင့်မက်မွန်သီးကို စည်သွပ်ရတာလဲနော်?ပြီးတော့စျေးက တစ်ဘူးလျှင် ၁၇၅၀ ယန်းဖြစ်ပါတယ်၊မက်မွန်သီးပါဝင်တဲ့ အလေးချိန်ကတော့ ၂၅၀ ဂရမ်ဖြစ်ပါတယ်။ရနံ့၊ အရသာနှင့် လှပတဲ့ထုတ်ပိုးမှု သုံးခုကို ထိန်းသိမ်းထားနိုင်တဲ့ စည်သွပ်ဗူးသည် အလွန်ကောင်းသောနည်းပညာပဲဖြစ်ပါတယ်။
ချိစ်ကိတ်
စိတ်ဆိုးဒေါသထွက်တဲ့အခါ၊ အချိုဓာတ်ဖြည့်စွက်ဖို့ အရေးကြီးပါတယ်။
စည်သွပ်ဘူးဆိုတော့ သိုလှောင်ရန်လွယ်ကူသောကြောင့် အဆင်ပြေပါတယ်။
စည်သွပ်ဘူးတစ်ဘူးကို ၃၂၄ ယန်း။ ဒီစျေးနှုန်းလောက်ဆိုရင်တော့ စားရတာလည်း အဆင်ပြေမယ်ထင်တယ်နော်။
ချောကလက်ဗားရှင်းလည်းရှိပါသေးတယ်။
ဘယ်လိုပါလဲ ? စားကြည့်ချင်သွားပြီလား?ဒီလိုမျိုး စည်သွပ်အစားအစာတွေကို စားကြည့်ဖို့စဉ်းစားနေပြီလား?
အလွယ်တကူစားနိုင်တဲ့ စည်သွပ်အစားအစာများတွေက အလွန်အရသာရှိတာကိုသာ သိသွားရင်တော့ . . . . စည်သွပ်ဘူးကြိုက်တဲ့သူ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်နော်။ထိုကဲ့သို့သော စည်သွတ်အစားအစာအမျိုးအစား 300 ကို ရရှိနိုင်တဲ့ စည်သွတ်ဘား လည်းရှိပါတယ်။
https://locafra.com/2017/10/24/mr-kanso/
“ စားသောက်ဆိုင်ကိုသွားပြီး ကောင်းကောင်းချက်ပြုတ်ထားတဲ့အစားအစာကိုပဲစားချင်တယ်။ “ လို့တွေးမိတဲ့ ကျွန်တော်ကတော့ ခေတ်နောက်ကျနေပြီလားလိုတောင်တွေးမိပါတယ်။
Kengo Abe