ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးမဖြစ်နိုင်တဲ့အားနည်းချက်

ဂျပန်နိုင်ငံဟာ သေးသေးလေးနဲ့ နည်းပညာအင်အားရော စက်မှုလုပ်ငန်းအင်အားရောရှိတဲ့ ကမ္ဘာ့ထိပ်ဆုံးမှာနေရာယူထားပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံမှာ မဖြစ်နိုင်တဲ့အပိုင်းတွေ ရှိနေပါသေးတယ်။

ဒီနေ့မှာတော့ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ထိပ်ဆုံးနေရာကိုမရောက်ရှိနိုင်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြပါမယ်။

 

ကမ္ဘာ့ပိုးသတ်ဆေးအသုံးပြုဆုံးနိုင်ငံ

https://otoriyosegurume0141.com/2018/09/06/worst-of-japan/?fbclid=IwAR0dNmvwUdc4NbOE8MOghiLdgsWHlSxN8EZLUqK_yDJ2pE8L6ljflfT6LYY

ဒါဟာ မယုံနိုင်စရာတစ်ခုပါပဲ။

အမေရိကန်နိုင်ငံထုတ်ကို အသုံးပြုနေရတယ်ဆိုပေမယ့် အရေအတွက်အနေနဲ့ဆိုရင် ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံထက် ၅ ဆ ပိုများပါတယ်။

ပိုးသတ်ဆေးရဲ့ စံချိန်စံညွှန်းတွေလည်းရှိသေးတာကြောင့် အရေအတွက်များရုံနဲ့ လုံခြုံစိတ်ချရမှာမဟုတ်ပါဘူး။

 

အိပ်ယာထဲလှဲနေသူအများဆုံးနိုင်ငံ

 

ဂျပန်နိုင်ငံဟာ လူ့သက်တမ်းအရှည်ဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေတော်တော်များများက အသက်ရှင်လျက်ရှိနေပေမယ့် ခန္ဓာကိုယ်လှုပ်ရှားလို့မရတော့တဲ့သူတွေ ဖြစ်ပါတယ်။

ပျှမ်းမျှသက်တမ်းကနေ ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်ကိုင်လှည့်ပတ်သွားလာနိုင်တဲ့ သက်တမ်းကို နုတ်လိုက်မယ်ဆိုရင် အိပ်ယာထဲလှဲနေတဲ့ အချိန်က ပိုများနေတာကိုတွေ့ရပါတယ်။

အကောင်းဆုံးဆေးကုသမှုတွေနဲ့ အသက်ဆက်နေရှင်နေရတာဟာ  ကောင်းမွန်တယ်ဆိုတဲ့အချက်ကို သံသယဝင်နေကြရပါတယ်။

 

စိတ်ကျန်းမာရေးဆေးရုံအများဆုံးနိုင်ငံ

 

စိတ်ကျန်းမာရေးကုသဖို့အတွက် ဆေးရုံတွေအများဆုံးဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ရောဂါဝေသနာရှင်တွေများနေတာကြောင့် သေသေချာချာဂရုမစိုက်ပေးနိုင်တဲ့ အခြေအနေကိုရောက်ရှိနေပါတယ်။

 

စားနှပ်ရိပ်ခါအများဆုံးနိုင်ငံ

 

ဒါဟာလည်း ခန္ဓာကိုယ်အတွက် မကောင်းဘူးတဲ့အရာတစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်သီးနေရာမှာတင်မှာတင်မဟုတ်ဘဲ ကောင်းမွန်တဲ့ စားသောက်ကုန်အမျိုးအစားတွေကို အသုံးပြုရင်တော့ကောင်းပါတယ်။

အင်္ဂလန်နိုင်ငံမှာ အမျိုးအစား ၂၁ မျိုး ဂျာမဏီမှာ ၆၄ မျိုး၊ အမေရိက နိုင်ငံကတော့ အများဆုံးအနေနဲ့ အမျိုးပေါင်း ၁၃၀ ရှိပါတယ်။

ဂျပန်နိုင်ငံမှာတော့အမျိုးအစားပေါင်း ၁၅၀၀ ကျော်ရှိပါတယ်။

 

အိမ်မွေးတိရိစ္ဆာန်စွန့်ပစ်မှုအများဆုံးနိုင်ငံ

 

ဒါကလည်း စိတ်မကောင်းစရာရလဒ် ဖြစ်ပါတယ်။

နိုင်ငံတွေတော်တော်များများနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဂျာမနီနိုင်ငံက တစ်နှစ်အတွင်း အကောင်အရေအတွက် ၇၀၀၀ ရှိပါတယ်။

ဂျပန်နိုင်မှာတော့ အကောင်ရေ  ၃ သိန်းရှိပါတယ်။

 

https://otoriyosegurume0141.com/2018/09/06/worst-of-japan/?fbclid=IwAR0dNmvwUdc4NbOE8MOghiLdgsWHlSxN8EZLUqK_yDJ2pE8L6ljflfT6LYY

 

ဘယ်ဘက်ကနေစီလိုက်ရင် ဂျပန်၊ စင်ကာပူ၊ အင်္ဂလန်၊ နယ်သာလန်၊ အီတလီ၊ ဂျာမဏီ နိုင်ငံတို့ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အရေအတွက်က အထူးခြားဆုံးပါပဲ။

လတ်တလော စွန့်ပစ်တဲ့အရေအတွက်ကြောင့် ပိတ်ပင်တားဆီးမှုတွေကို ပြုလုပ်ခဲ့ပေမယ့် ကမ္ဘာ့ရဲ့ထိပ်ဆုံးစွန့်ပစ်မှုအများဆုံးနေရာကို ရောက်ရှိနေတုန်းပါပဲ။

 

လူငယ်တွေသတ်သေမှုအများဆုံးနိုင်ငံ

 

ဒါဟာ စိတ်ရောဂါဝေသနာရှင် အချိုးနဲ့သက်ဆိုင်နေပါတယ်။

https://otoriyosegurume0141.com/2018/09/06/worst-of-japan/?fbclid=IwAR0dNmvwUdc4NbOE8MOghiLdgsWHlSxN8EZLUqK_yDJ2pE8L6ljflfT6LYY

 

ဘယ်ကနေစီရင် အနီရောင်လိုင်းကဂျပန်နိုင်ငံဖြစ်ပြီး ကိုးရီးယား၊ ကနေဒါ၊ အမေရိက၊ ပြင်သစ်၊ ဂျာမဏီ၊ အင်္ဂလန်၊  အီတလီတို့ပဲဖြစ်ပါတယ်။

လူငယ်တွေသတ်သေမှုတွေ လျင်မြန်စွာတိုးပွားနေတယ်လို့ပြောနေတဲ့ ကိုးရီးယားနိုင်ငံထက် ဂျပန်နိုင်ငံကပိုတောင်များနေပါသေးတယ်။

၁၅ နှစ်ကနေ ၃၄ နှစ်အတွင်းလူငယ်တွေသေဆုံးနေတာက ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။

 

အမှိုက်သရိုက်အများဆုံးနိုင်ငံ

 

ဂျပန်နိုင်ငံမှာ တစ်နှစ်အတွင်း စားသောက်ကုန်စွန့်ပစ်ပစ္စည်း တန် 20,000,000 တောင်မှရှိပါတယ်။

ပြောရမယ်ဆိုရင် ဂျပန်လူမျိုးတွေတော်တော်များများစားတဲ့ Onigiri ကို ၁ စက္ကန့်မှာ အမှိုက်ဆ ၈၆၀၀ လောက်ကို စွန့်ပစ်နေတယ်လို့သိရှိရပါတယ်။

တစ်စက္ကန့်ကို တစ်ခုနှုန်းပေါ့နော်။

ရက်လွန်တဲ့ဒိတ်ကိုကျော်သွားရင်လည်း စွန့်ပစ်ကြပါတယ်။

အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံရဲ့လူဦးရေထက် ၂ ဆရှိပေမယ့်လည်း ဂျပန်နိုင်ငံက အမှိုက် ၂ ဆ ပိုများနေပါတယ်။

ဂျပန်နိုင်ငံရဲ့ကုန်ပစ္စည်းတွေအစိတ်အပိုင်းကြီးဟာ တင်သွင်းတဲ့ပေါ်မှာမူတည်နေပေမယ့် တင်သွင်းခဲ့တဲ့ ပစ္စည်းရဲ့ ၃ ပုံ ၁ ပုံဟာ စွန့်ပစ်ပစ္စည်းတွေဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာနှစ်စဥ်နှစ်တိုင်း လူဦးရေ ၁၅ သန်း ငတ်ပြတ်ပြီးသေဆုံးမှုတွေဖြစ်ပွားနေတဲ့အချိန်မှာ ဂျပန်နိုင်ငံက ဘယ်လိုတွေလုပ်မိနေတာပါလဲ ?

 

ရေထဲမှာကလိုရင်းပါဝင်မှုအများဆုံးနိုင်ငံ

 

ဂျပန်နိုင်ငံရဲ့ ရေတွေဟာ သန့်ရှင်းပေမယ့် ဒီတိုင်းသောက်လို့မရပါဘူး။

လက်တွေ့စာရေးသူငယ်စဥ်တုန်းက ရေဘူးတွေကိုဝယ်မသောက်ဘဲ သုံးရေကိုဒီတိုင်းသောက်ခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံနဲ့တူညီတဲ့ရေကို ဒီတိုင်းသောက်သုံးနေတဲ့ ကမ္ဘာပေါ်ကနိုင်ငံ ၁၃ နိုင်ငံရှိပါတယ်။

https://otoriyosegurume0141.com/2018/09/06/worst-of-japan/?fbclid=IwAR0dNmvwUdc4NbOE8MOghiLdgsWHlSxN8EZLUqK_yDJ2pE8L6ljflfT6LYY

ဘတ်တီးရီးယားပိုးမွှာတွေပါဝင်နေတဲ့ရေတွေကိုဒီအတိုင်းမသောက်မိလိုက်ဖို့အတွက် ကလိုရင်းတွေကိုထည့်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကရိုရင်းတွေခန္ဓာကိုယ်ထဲ အမြောက်အများဝင်ရောက်သွားခဲ့မယ်ဆိုရင် ကင်ဆာရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

တခြားနိုင်ငံတွေထက် ကလိုရင်းပါဝင်မှုနှုန်းက ၁၀ ဆလောက်ရှိပါတယ်။

 

အိမ်အလုပ်လုံးဝမလုပ်တဲ့အိမ်ထောင်သည်အမျိုးသားအများဆုံးနိုင်ငံ

 

ဥရောပနိုင်ငံမှာ ယောကျ်ားလေး ၃၀ နဲ့ ၄၀ ရာခိုင်နှုန်းစဟာ အိမ်အလုပ်ကို ကူညီပြီးလုပ်ဆောင်ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ ရှေးအစဥ်အလာမှာ အိမ်အလုပ်တွေဟာ မိန်းကလေးတွေရဲ့အလုပ်လို့ခံယူထားပြီး အလုပ်လုပ်တွေကို အချိန်ပိုကြာကြာလုပ်နိုင်ပြီး အိမ်အလုပ်တွေကိုဂရုစိုက်စရာမလိုဘူးဆိုပြီး ၁၈ ရာခိုင်းနှုန်းလောက်ရှိပါတယ်။

 

ပြုပြင်ပြောင်းလဲမှုအများဆုံးနိုင်ငံ

 

ပြုပြင်ပြောင်းလဲထားတဲ့ အစားအစာတွေအများကြီးရှိပြီး ဒါဟာ ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။

နိုင်ငံခြားကနေတင်သွင်းတာတွေများတဲ့ဂျပန်နိုင်ငံမှာ ပြုပြင်ပြောင်းလဲထားတဲ့စားသောက်ကုန်တွေအများဆုံးဖြစ်ပါတယ်။

ဒါကကောင်းလားမကောင်းလားဆိုတာကို နောက် ၁၀ နှစ် အနှစ် ၂၀ နောက်ပိုင်းမှ သိရပါလိမ့်မယ်။

ဘယ်လိုလဲ?

ဂျပန်နိုင်ငံမှာလည်း အမျိုးမျိုးသောမကောင်းတဲ့အားနည်းချက်တွေရှိနေပါတယ်။

Made in Japan တွေကိုပဲ ကြိုက်တယ်ဆိုရင်တော့ ယုံကြည်မှုတွေမလွန်ကဲစေနဲ့နော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: