ကမ္ဘာပေါ်က 日系人 နစ်ခဲဂျင်းတွေ အများဆုံးနေထိုင်တဲ့နိုင်ငံ
ဂျပန်လူမျိူးတွေဟာ နိုင်ငံခြားကိုသိပ်ပြီးမသွားတတ်ကြပါဘူး။
ဒါပေမယ့်လည်း လတ်တလော ဂျပန်နိုင်ငံတွင်းမှာအလုပ်မလုပ်ဘဲ နိုင်ငံခြားမှာသွားရောက်နေထိုင်သူတွေ ပိုများလာပါတယ်။
ဒါကလည်း ပြဿနာတစ်ခုပါပဲ။
ကမ္ဘာပေါ်မှာ အရင်ကထက် 日系人 နစ်ခဲဂျင်းဆိုတဲ့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ ဂျပန်လူမျိုးတွေ ပိုပိုများလာတာ ဘယ်နိုင်ငံလို့ထင်ပါသလဲ?
တရုတ်နိုင်ငံလား ? ထိုင်းနိုင်ငံလား ? အမေရိကန်နိုင်ငံမှာလား ?
လုံးဝ လုံးဝမဟုတ်ပါဘူး။
တကယ်တော့ ဘရာဇီးနိုင်ငံမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံကနေကြည့်ရင် ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ဘရာဇီးနိုင်ငံမှာ လူအယောက်ပေါင်း ၁၆ သိန်း လောက်ဟာ ဂျပန်လူမျိုးဘရာဇီးနိုင်ငံသားတွေဖြစ်နေတယ်လို့သိရပါတယ်။
ဂျပန်နိုင်ငံကနေ အဝေးဆုံးနေရာက ဘရာဇီးနိုင်ငံဖြစ်ပါတယ်။
ဘာကြောင့် အဲ့ဒီမှာ နစ်ခဲဂျင်းတွေများနေရလဲဆိုတဲ့နောက်ကြောင်းကတော့ ဒီလိုပါ။
လက်တလော ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ်ဟာ နစ်ခဲဂျင်းအများဆုံးမြို့ဖြစ်ပါတယ်။
အဲ့ဒီထဲမှာမှ Liberdade ခရိုင်မှာ ဂျပန်မြို့ကြီးတစ်မြို့လိုရှိနေပါတယ်။
https://traveloco.jp/kaigaizine/japantown-brazil
စားစရာနဲ့ ဟင်းခတ်ပစ္စည်းတွေအကုန်လုံးကို အဆင်ပြေပြေနဲ့ ဝယ်ယူနိုင်တယ်ဆိုတာကိုသိရပါတယ်။
ဘူတာနာမည်ကိုတောင်မှ Japan Liberdade Station လို့ပေးထားပါတယ်။
https://traveloco.jp/kaigaizine/japantown-brazil
ဂျပန်ဆိုတဲ့ စကားလုံးကိုပါထည့်သွင်းထားပါတယ်။
ဘာကြောင့်အဲ့ဒီမှာ ဂျပန်လူမျိုးတွေများနေရလဲဆိုရင် ဟိုးအရင် ၁၉၀၈ ခုနှစ်ကတည်းကနေ နှစ် ၁၀၀ ကျော်လောက်ထိ ဂျပန်လူမျိုးတွေအတွက် ဘရာဇီးနိုင်ငံလူဝင်မှုကြီးကြပ်ရေးကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်လူမျိုးစုစုပေါင်း အယောက် ၁ သိန်း ၃ သောင်း ကျော်ရွေ့ပြောင်းခဲ့ပြီး ယခုလက်ရှိ အယောက် ၁၆ သိန်း လောက်ရှိနေတာဖြစ်ပါတယ်။
ဘရားဇီးနိုင်ငံမှာ အမေရိကတိုက်ကနေ ပို့ဆောင်လိုက်တဲ့ အလုပ်သမားတွေကို အသုံးပြုနေတဲ့ ကော်ဖီစိုက်ခင်းတွေ အမြောက်အမြားရှိပါတယ်။
ဒါကြောင့် အလုပ်သမားတော်လှန်ရေးတွေဖြစ်ပွားခဲ့ပြီး ၁၈၈၈ ခုနှစ်မှာ အလုပ်သမားဝင်ရောက်မှုကို ပိတ်ပင်ခဲ့ရာ အီတလီ၊ စပိန်နဲ့ ဂျာမဏီ စတဲ့နိုင်ငံကနေ ဝင်ရောက်ခဲ့ကြပါတယ်။
ဥရောပလူမျိုးတော်တော်များများဝင်ရောက်တာကို လက်ခံခဲ့တာက အလုပ်သမားနဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေမရှိခဲ့ပေမယ့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ဝင်ရောက်မှုတွေကိုပိတ်ပင်ခဲ့တာကြောင့် နောက်တစ်ကြိမ် လယ်ယာစိုက်ပျိုးရေးမှာ အလုပ်သမားပြတ်လပ်မှုကို ဖြစ်ပွားစေခဲ့ပါတယ်။
ဒီလိုဖြစ်နေတဲ့အခြေအနေမှာ ဂျပန်လူမျိုးဝင်ရောက်မှုကို စတင်လက်ခံခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းက သင်္ဘောတွေက ဒီလိုပုံစံမျိုးပါ။
https://ja.wikipedia.org/wiki/日系ブラジル人
အများဆုံး အယောက် ၁၀၀၀ လောက်လိုက်ပါစီးနှင်းနိုင်တဲ့ ဒီလိုသင်္ဘောနဲ့ ၂ လလောက်အချိန်ကြာကြာ စီးနှင်းပြီး ဘရာဇီးနိုင်ငံကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။
ပတ်ဝန်းကျင်အသစ်မှာ နေထိုင်စားသောက်မှုပုံစံအသစ်ကို မျှော်လင့်ပြီးဝင်ရောက်လာခဲ့ကြပေမယ့် ဘရာဇီးနိုင်ငံသားတွေရဲ့ ကျွန်အလုပ်သမားတွေနဲ့တန်းတူနေထိုင်ခဲ့ကြရပါတယ်။
ရွေ့ပြောင်းနေထိုင်သူတွေကို ကောင်းမွန်တဲ့နေရာရရှိနိုင်ပြီး လစာကောင်းကောင်းပေးမယ်လို့ လှည့်ဖြားခဲ့တာကြောင့် နှစ်အနည်းငယ်လောက်အလုပ်လုပ်ကိုင်ရင်း ပိုက်ဆံတွေကိုခြွေတာစုဆောင်းပြီးမှ တိုင်းပြည်ပြန်မယ်လို့တွေးခဲ့ကြပါတယ်။
ဒါပေမယ့် ပိုက်ဆံလုံးဝမစုနိုင်ဘဲ ဂျပန်နိုင်ငံကိုပြန်ဖို့ဆိုတာ အခက်ခဲဆုံးဖြစ်ခဲ့ပါတယ်။
https://ja.wikipedia.org/wiki/日系ブラジル人
ဥပဒေအရ နိုင်ငံသားလွတ်လွတ်လပ်လပ်ခံယူခွင့်ရှိတယ်ဆိုပေမယ့် ကျွန်အလုပ်သမားနဲ့မခြားတဲ့ နေထိုင်မှုဘဝဖြစ်ပါတယ်။
တော်လှန်ရေးတွေလည်းဖြစ်ပွားခဲ့ပြီး ညသန်းခေါင်ချိန်မှာ အာဂျင်ဒီးနားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။
အစိုးရကညွှန်ကြားတဲ့အတိုင်းလုပ်ဆောင်ရတာကြောင့် ဘယ်သူမှ မကယ်တင်နိုင်ခဲ့ပါဘူး။
ဒီလိုတွေကြားထဲမှာ ကော်ဖီစိုက်ခင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဂျပန်လူမျိူးတွေထဲကနေ လွတ်မြောက်သွားခဲ့တဲ့သူတွေလည်းရှိပါတယ်။
ဂျပန်လူမျိုးရွေ့ပြောင်းနေထိုင်သူတွေက ရန်ပုံငွေတွေကိုစုဆောင်းပြီး ကိုယ်ပိုင်စိုက်ပျိုးမြေနဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်ခဲ့ကြပါတယ်။
https://ja.wikipedia.org/wiki/日系ブラジル人
လက်ဖက်၊ အာလူး၊ ဆလပ်ရွက်၊ ခရမ်းချဥ်သီး၊ ဂျင်းတို့ကို စိုက်ပျိုးခဲ့ကြပါတယ်။
လက်ရှိဘရာဇီးနိုင်ငံမှာ ထုတ်လုပ်တဲ့ကောက်ပဲသီးနှံတော်တော်များများဟာ ဂျပန်လူမျိုးရွေ့ပြောင်း အလုပ်သမားတွေ စိုက်ပျိုးခဲ့တဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်။
ဒါကိုစတင်ခဲ့တဲ့ဂျပန်လူမျိုးရွေ့ပြောင်းလုပ်သားတွေဟာ ဘရာဇီးနိုင်ငံမှာပဲ အခြေချနေထိုင်လျက်ရှိပါတယ်။
ဒီလိုလုပ်လိုက်တဲ့အခါမှာတော့ လူမျိုးခွဲခြားဆက်ဆံမှုနဲ့ အဆင့်အတန်းခွဲခြားမှုတွေ တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ်။
ရုရှားနိုင်ငံမှာ ဂျပန်လူမျိုးရွေ့ပြောင်းနေထိုင်သူတွေ ပပျောက်ရေးအတွက်လှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
နောက်ပြီး ဂျပန်နိုင်ငံအပါအဝင်ဖြစ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပွဲကြီးဟာ ရွေ့ပြောင်းနေထိုင်သူတွေအတွက် ပိုမိုဆိုးရွားတဲ့အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။
ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ဖိအားကြောင့် စစ်ပွဲမှာပါဝင်လာခဲ့ပြီး ဂျပန်နိုင်ငံနဲ့ ရန်သူတွေ ဖြစ်ခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ အချိန်အကြာကြီး ရွေ့ပြောင်းနေထိုင်ကြပြီး ကိုယ့်ကိုယ်ကို ဘရာဇီးနိုင်ငံသားလို့ခံယူထားတဲ့ နစ်ခဲဂျင်းတွေကိုလည်း အစိုးရကနေဖိအားပေးခဲ့ပါတယ်။
သူတို့ရဲ့ပိုင်ဆိုင်သမျှအရာအားလုံးကိုလည်း သိမ်းယူခံခဲ့ရပါတယ်။
နစ်ခဲဂျင်းတွေဟာ ဒီလိုအခြေအနေတွေကြားထဲမှာတောင် ကြံ့ကြံ့ခိုင်ခိုင်နဲ့နေထိုင်ခဲ့ကြရပါတယ်။
ယခုလက်ရှိမှာ မျိုးဆက် ၂ ဆက်၊ ၃ ဆက် လောက်ရှိလာပြီး ဂျပန်စကားတောင်မေ့သလောက်ဖြစ်နေတဲ့ နစ်ခဲဂျင်းတွေများနေပါတယ်။
စုစုပေါင်းလူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ နစ်ခဲဂျင်းတွေဖြစ်ပြီး ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာရှင်၊ ယဥ်ကျေးမှု၊ အားကစားစတဲ့နယ်ပယ်တွေမှာ ရှင်သန်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။
အချိုးအစားအရပြောရမယ်ဆိုရင် လက်ရှိ နစ်ခဲဂျင်းတွေအတိုးတက်ဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံမှာပဲ ဖြစ်ပါတယ်။
မျိုးဆက်တွေပိုမိုတိုးပွားလာတဲ့အလျောက်၊ ကိုယ့်ကိုယ်ကိုနစ်ခဲဂျင်းဆိုတာ မေ့လျော့နေတာမျိုးတွေ ရှိပေမယ့် ကြံ့ကြံ့ခိုင်ပြီးနေထိုင်အသက်ရှင်ခဲ့တဲ့ ဘိုးဘေးတွေရဲ့အစွမ်းအစကြောင့် မျိုးဆက်သစ်တွေကို အထောက်အကူပြုစေခဲ့တယ်ဆိုတာအသေအချာပါပဲ။