ကိုရိုနာကိုအခွင့်အရေးတစ်ခုအနေနဲ့ “ မေမေ့ထမင်းဘူး” ဆိုင်လေးပြန်ဖွင့်နိုင်ခဲ့ပြီ !!!!!
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့လာမှုကြောင့် ဂျပန်ရဲ့စားသောက်ကုန်လုပ်ငန်းများဟာလည်း အကြီးအကျယ်တိုက်ခိုက်ခံရပါတယ်။
ဒါပေမဲ့ ဒီလိုအခြေအနေတွေပြောင်းပြန်ဖြစ်သွားရတဲ့အထဲကမှ တစ်ချိန်ကဆိုင်ပိတ်သွားတဲ့ထမင်းဘူးဆိုင်လေးဟာ အခု ၁၇ နှစ်ကြာပြီးမှပြန်လည်ဖွင့်လှစ်လိုက်ပါတယ်.
အသက် ၇၂ နှစ်ရှိပြီးဖြစ်တဲ့ဆိုင်ရှင်အမျိုးသမီးဟာ နောက်တစ်ကြိမ်စိတ်ပြန်လည်တက်လာခြင်းမှာ ဒေသခံလူတွေရဲ့ အားပေးထောက်ခံမှုတွေရှိခဲ့ပါတယ်။
和歌山 စီရင်စု 海南 မြို့ရဲ့ဆိုင်မှာ ဒေသထွက် လတ်ဆတ်သော mackerel ငါး ဆားကင်နဲ့ Dashi အမှုန့်ကိုသုံးထားတဲ့ ကြက်ဥလိပ်စသည်တို့…
အရောင်အသွေးစုံလင်စွာထည့်ထားတဲ့ ထမင်းဗူးတွေကိုရောင်းချလျှက်ရှိပါတယ်။
ဆိုင်နာမည်ကလည်း 「かあちゃん弁当」Ka a-chan bentō ၊ ပြုလုပ်တဲ့လူကတော့ အသက် ၇၂ ရှိပြီဖြစ်တဲ့ 佐東礼子 Sato Reiko စံပဲဖြစ်ပါတယ်။
佐東礼子 Sato Reiko ဟာ 「かあちゃん弁当」 ကိုစဖွင့်ခဲ့တာက သူမအသက် ၃၇ နှစ်မှာပဲဖြစ်ပါတယ်။
ခင်ပွန်းသည်က ရောဂါနဲ့ဆုံးသွားပြီး၊ ဒီအတိုင်းသာဆက်သွားရင် လူမမယ် သားလေး ၂ ယောက်ကိုပြုစုပျိုးထောင်ပေးဖို့ခက်မယ်လို့တွေးကာ မိဘနဲ့အတူ ဆိုင်ဖွင့်ခဲ့ပါတယ်။
(လက်ဝဲ礼子 ၊ လက်ယာ သူမ၏ဖခင်)
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221748_2007270033_01_03.jpg
佐東礼子 ရဲ့ပြောပြချက်အရ အဲ့ဒီအချိန်တုန်းက စားဖို့အတွက်ရော၊ နေထိုင်ဖို့အတွက်ပါ အရမ်းရုန်းကန်ခဲ့ရပါတယ်တဲ့….
ဖြတ်သွားဖြတ်လာများတဲ့ကားလမ်းဘေးမှာ ဆိုင်ဖွင့်ထားတာကလည်းတစ်ကြောင်း၊ အဲ့ဒီဒေသမှာ မြင်ရခဲတဲ့ ၂၄ နာရီဖွင့်တဲ့ဆိုင်ကလည်းဖြစ်နေတာကြောင့် Truck driver တွေအဓိကလာစားကြပြီး နာမည်ကြီးတဲ့ဆိုင်ကလေးဖြစ်လာပါတော့တယ်။
မိဘ ၂ ပါးကဆိုင်ကနေအနားယူလိုက်တဲ့အချိန်မှာ သူမကတော့ အကြီးဆုံးသားနဲ့ဝန်ထမ်းကိုအားကိုးပြီး ဆက်လက်ဖွင့်ခဲ့ပါတယ်။ ထမင်းဘူးတွေကားနဲ့လိုက်ပို့ခဲ့ပါတယ်။
ဒါပေမဲ့ ဆိုင်ရဲ့အနီးအနားဝန်းကျင်လောက်မှာ convenience store တွေပေါ်လာတဲ့အခါမှာတော့ စီးပွားရေးကြပ်တည်းလာကာ ထမင်းဘူးရောင်းချမှုကိုရပ်နားလိုက်ပါတော့တယ်။
ဒီလိုလူတွေကိုအရသာရှိတာလေးကျွေးချင်တဲ့ မိခင်ဖြစ်သူရဲ့စိတ်ကိုအမွေရလိုက်တဲ့ သားကလည်းထမင်းဆိုင်ရဲ့ဘေးမှာ 居酒屋 Izakaya ဆိုင်ကိုစဖွင့်လိုက်တာနဲ့ “ အရသာရှိတဲ့ငါးကိုရနိုင်တဲ့ဆိုင်” လို့သုံးသပ်ချက်တွေရခဲ့ပါတယ်။
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221751_2007270047_01_05.jpg
တစ်ဖြည်းဖြည်း ရောင်းအားတွေမြင့်တက်လာရင်းနဲ့ ရုတ်တရက်ကိုရိုနာရဲ့သက်ရောက်မှုကြောင့် ဆိုင်ပိတ်လိုက်ရပါတယ်။ ဝန်ထမ်းတွေနဲ့မိသားစုကို ဒီတစ်ခါတော့ ဘယ်လိုကျွေးရပါတော့မလဲလို့စဥ်းစားရင်း ….
တစ်နေ့ဆိုင်ကိုသိမ်းဆည်းရင်းနဲ့အလုပ်ရှုပ်နေတဲ့အချိန် ဂိုထောင်ထဲကနေ ကတ်ထူပုံးကိုရှာတွေ့သွားပါတယ်…..
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221750_2007270033_01_06.jpg
အထဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရတာက
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221750_2007271044_01_06.jpg
「かあちゃん」 ဆိုပြီး print ထုတ်ထားတဲ့အိတ်ပဲဖြစ်ပါတယ်။ ဒီအိတ်တွေကို ယခင် 礼子 ဟာ ထမင်းဘူးတွေထုတ်ပိုးမှုအတွက် အသုံးပြုတာပဲဖြစ်ပါတယ်။
အဲ့ဒီအချိန် 啓史 တစ်ယောက် အလယ်တန်းကျောင်းသားနှစ်တုန်းက မိခင်ကိုဝိုင်းကူခဲ့တဲ့အချိန်တွေကို ပြန်အမှတ်ရသွားပါတယ်။…
သားအမိလေး ၂ ယောက်ရုန်းကန်ခဲ့ရတဲ့အချိန် ….ဒီအိတ်လေးမှာအမှတ်တရတွေရှိနေခဲ့လို့ပါပဲ…..
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221742_2007270033_01_07.jpg
ဒီအိတ်လေးကိုမြင်ပြီး 礼子 တစ်ယောက်လည်း ဒီလိုစီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာမိသားစုကို ဘယ်လိုပုံစံနဲ့ထောက်ပံ့ပေးနိုင်မလဲ? သူလုပ်တတ်တာကတော့ ထမင်းဘူးထုပ်ပိုးမှုတစ်ခုတည်းလို့တွေးကာ ပြန်ပြီးကြိုးစားကြည့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221755_2007270033_01_10.jpg
ဒီလိုနဲ့ပဲ ၁၇ နှစ်ကြာပြီးမှ ထမင်းဘူးရောင်းချမှုကိုပြန်လည်အစပြုခဲ့တာပဲဖြစ်ပါတယ်။
ဒါတင်ပဲမကသေး…ပြန်လည်ဖွင့်လှစ်မှုအပေါ် ပျော်ရွှင်အားပေးနေသူတစ်ယောက်လည်းရှိပါတယ်။ သူကတော့ အနီးအနားလေးမှာပဲနေထိုင်သူဖြစ်ပြီး 岩崎順子 ဆိုသူပဲဖြစ်ပါတယ်။
岩崎順子ဟာ ယခင် မိသားစုတွေစုံပြီး 「かあちゃん弁当」 ဆိုင်ကထမင်းဘူးတွေမှာစားဖြစ်တယ်လို့ပြောပါတယ်။
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221742_2007271218_01_10.jpg
လွန်ခဲ့တဲ့ ၂၄ နှစ်မတိုင်ခင်မှာ ကင်ဆာရောဂါနဲ့အမျိုးသားကိုဆုံးရှုံးလိုက်ရသော်လည်း ဒီလိုအေးဆေးတည်ငြိမ်တဲ့岩崎 ကိုစိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးခဲ့တာကတော့ 佐東 မိသားစုပဲဖြစ်ပါတယ်တဲ့….
ဒါကြောင့် ဆိုင်ပြန်လည်ဖွင့်မှုပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ရောင်စုံစက္ကူတွေနဲ့ခေါက်ထားတဲ့ တူထည့်မယ့်အိတ် အခု ၁၀၀၀ ကို လက်ဆောင်ပေးကာ အားပေးခဲ့ပါတယ်….
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221754_2007270033_01_09.jpg
https://www3.nhk.or.jp/news/html/20200727/K10012528241_2007221741_2007270033_01_11.jpg
အမေလုပ်ပေးတဲ့ထမင်းဘူးအတိုင်းပဲ စေတနာအပြည့်ထည့်ပေးတဲ့ 「かあちゃん弁当」 ဆိုင်လေးကတော့ စေတနာအကျိုးပေးလိမ့်မယ်လို့ယုံကြည်ပါတယ် !!!!!
JAPO Myanmar