ဂျပန်နိုင်ငံမှာ ပိုများလာတဲ့အလုပ်အကိုင်အခွင့်အလမ်း

ဂျပန်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေဟာ သန်းပေါင်း ၁၂၀ လောက်ရှိပါတယ်။

မြန်မာနိုင်ငံထက်လူဦးရေပိုများပြီး အသက်ကြီးတဲ့သူတွေများတာကြောင့် ဆက်ပြီးအလုပ်လုပ်နိုင်တဲ့ နှုန်းတွေကျဆင်းလာတယ်ဆိုတာဟာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်။

နောက်ပြီး ငယ်ရွယ်တဲ့သူတွေထဲမှာ အလုပ်မလုပ်တဲ့သူတွေရယ်၊ အလုပ်လုပ်နေတဲ့သူတွေ အားလုံးက အလုပ်ကိုကြိုးစားပြီးလုပ်တယ်ဆိုတာက အရင်တုန်းကပဲလုပ်တာပါ။ အခုတော့ ဒီလိုမဟုတ်ပါဘူး။

ဒါတွေအားလုံးကိုခြုံပြီးပြောရမယ်ဆိုရင် ဂျပန်နိုင်ငံမှာ အလုပ်သမားရှားပါးတဲ့ပြဿနာက တော်တော်လေးကိုပြင်းထန်နေပါတယ်။

၂၀၁၈ ခုနှစ်မှာ ဒေဝါလီခံထားခဲ့တဲ့ ကုမ္ပဏီတွေဟာ အရောင်းအဝယ်နှေးကွေးတာကြောင့်မဟုတ်ဘဲ အလုပ်သမားရှားပါးတယ်ဆိုတဲ့အကြောင်းအရင်းနဲ့ ဒေဝါလီခံခဲ့ရတဲ့ကုမ္ပဏီတွေ ၄၀၀ လောက် ရှိလာခဲ့ပါတယ်။

ကုမ္ပဏီဒေဝါလီခံတာတွေ တော်တော်များများဖြစ်ပွားနေပြီး ဒီထဲမှာမှ အလုပ်သမားရှားပါးမှု အကြောင်းအရင်းနဲ့ ဒေဝါလီခံခဲ့ရတဲ့ ကုမ္ပဏီတွေအများဆုံးဖြစ်ပါတယ်။

အထူးသဖြင့် ကြပ်တည်းမှုတွေဖြစ်ပွားနေတာက အသေးစားစီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။

အလုပ်လုပ်ချင်တဲ့သူတွေကို စုဆောင်းဖို့အတွက် ကုမ္ပဏီဘက်က မရှိမဖြစ်လိုအပ်နေတာဖြစ်ပြီး၊ စုဆောင်းဖို့အတွက်က ကုမ္ပဏီကြီးတွေကနေ ပြန်ပြီးစုဆောင်းရတာဖြစ်ပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းက အလုပ်သမားရှာဖို့ အရမ်းကိုခက်ခဲပါတယ်။

ဒါပေမယ့် ဂျပန်မှာရှိတဲ့ ကုမ္ပဏီတွေအများစုက ဝန်ထမ်းအရေအတွက်အယောက် ၁၀၀ ထက်နည်းတဲ့ အသေးစားလုပ်ငန်းလေးတွေဖြစ်နေပါတယ်။

အကြီးစားလုပ်ငန်းကြီးတွေ စုစုပေါင်း 11,000 လောက်ရှိပြီး အသေးစားလုပ်ငန်းတွေက  3,809,000 လောက်ရှိပါတယ်။

ဝန်ထမ်းအရေအတွက်မှာလည်း အကြီးစားလုပ်ငန်းကြီးတွေမှာ 14,330,000 ယောက်ကနေ နှစ်ဆအနေနဲ့ အယောက် 33,610,000 လောက်ရှိလာခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့စီးပွားရေးကို ထောက်ပံ့ပေးနေတာက အသေးစားလုပ်ငန်းတွေဖြစ်ပါတယ်။

စကားမစပ် အားလုံးသိကြတဲ့ TOYOTA မှာဆိုရင် အားလုံးကိုတစ်နေရာတည်းမှာပဲ ထုတ်လုပ်တာ မဟုတ်ပါဘူး။

ကုမ္ပဏီပေါင်း 38,000 လောက်ခွဲထားပြီး တစ်ခုချင်းစီကို ထုတ်လုပ်တာကြောင့် TOYOTA ရဲ့ကားတွေက ပြီးပြည့်စုံနေရတာဖြစ်ပါတယ်။

အဲ့ဒီအသေးစားစက်မှုလုပ်ငန်းတွေက အလုပ်သမားတွေ ပြတ်လက်တဲ့အခါမှာ ဆုံးရှုံးမှုနဲ့ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ရပါတယ်။

ဒုက္ခရောက်နေတဲ့ ဂျပန်နိုင်ငံကိုကူညီဖို့ဆိုတာ ဂျပန်လူမျိုးတွေမှမဟုတ်ပါဘူး။

အခုဖတ်နေတဲ့သူတွေလည်း အနာဂတ်ဂျပန်နိုင်ငံကို ကူညီပေးနေတဲ့သူတစ်ယောက် ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံကနေသွားရောက်တဲ့ နည်းပညာအလုပ်သင်တွေလည်း တဖြည်းဖြည်းနဲ့ တိုးပွားလာပါတယ်။

ဂျပန်နိုင်ငံဟာ နိုင်ငံခြားသားတွေကို လက်မခံနိုင်ဘူးဆိုရင် ကြာကြာရပ်တည်နိုင်တော့မှာမဟုတ်ပါဘူး။

အလုပ်သင်သွားရောက်လုပ်ကိုင်သူတွေနဲ့ပတ်သက်ပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိပေမယ့် ကောင်းမွန်စွာလည်ပတ်နေနိုင်ပြီး ဂျပန်နိုင်ငံဘက်ရော မြန်မာနိုင်ငံဘက်ကရော နားလည်ပေးကာ သေသေချာချာရှေ့မဆက်နိုင်ဘူးဆိုရင် ဂျပန်နိုင်ငံဟာ အရင်လိုပဲဆက်ရှိနေနိုင်တော့မှာ မဟုတ်ပါဘူး။

ဂျပန်နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် အခုကနေစပြီး အခွင့်အရေးတွေ တဖြည်းဖြည်း ပိုများလာတာကြောင့် ဂျပန်စာကိုလေ့လာနေတဲ့သူတွေဆိုရင် ကျွမ်းကျင်ပိုင်နိုင်နေအောင် လုပ်ထားကြပါနော်။

ဒီလိုဆိုပြီး ချက်ချင်းကြီးတော့ နေရာစိမ်းတွေကိုမသွားမိဖို့လည်း သတိထားကြပါနော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: