အသက် 58 နှစ်အရွယ် မိခင်ကိုသတ်ခဲ့တဲ့ 19နှစ်အရွယ် ကျောင်းသူ

ကိုးနှစ်ဆက်တိုက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ငရဲ……အသက် 58 နှစ်အရွယ် မိခင်ကိုသတ်ခဲ့တဲ့ “ ဆေးကျောင်းဝင်ခွင့် 9th batch” ဖြစ်သူ သမီးက ဖော်ထုတ်ထားတဲ့ ကြေကွဲဖွယ်မှတ်တမ်း
၂၀၁၈ ခုနှစ် မတ်လ၊ ရှိဂစီရင်စု၊ မိုရိယာမမြို့ ယာဆုမြစ်ကြမ်းပြင်မှာ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်နဲ့ ခေါင်းအဖြတ်ခံထားရပြီး ကိုယ်လုံးပဲပါတော့တဲ့ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အလောင်းဟာ မြစ်အနီးမှာနေတဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဖြစ်နေခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ သေဆုံးသူအမျိုးသမီးနဲ့ နှစ်ယောက်တည်းအတူနေတဲ့ အသက် ၃၁ နှစ်အရွယ်သမီးဖြစ်သူကို ဇွန်လမှာ ဖမ်းဆီးလိုက်ပါတယ်။
သေဆုံးသူဟာ ကျောင်းတက်နေဆဲဖြစ်တဲ့ သမီးဖြစ်သူကို ဆေးကျောင်းစာမေးပွဲအောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထိန်းကျောင်းခဲ့ပြီး၊ ဝင်ခွင့်စာမေးပွဲမအောင်မချင်း ၉နှစ်တာလုံး ဆက်တိုက်ဖြေခိုင်းခဲ့ပါတယ်။ “Roinin Life” လို့ခေါ်တဲ့ အထက်တန်းအောင်ပြီး တက္ကသိုလ်မတက်ရသေးတဲ့ဘဝနဲ့ ၉နှစ်လုံး ဖြတ်သန်းနေခဲ့ရတာပါ။ သားအမိနှစ်ယောက် ဆက်ဆံရေးက ဘယ်လိုဖြစ်ခဲ့တာလဲ……?
မိခင်ကိုသတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့တဲ့ သမီးဖြစ်သူက ဒီလိုပြောခဲ့ပါတယ်။
“ကျွန်မ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်သေမှပြီးမှာ။ ခုချိန်ထိလည်း ဒီလိုပဲတွေးနေတယ်”
သားအမိနှစ်ယောက်ရဲ့ LINE မှာပြောထားတဲ့ စကားတွေကို ကြည့်လိုက်တဲ့အခါ…မိခင်ဖြစ်သူဟာ သမီးဖြစ်သူကို တစ်ချိန်လုံး အနိုင်ကျင့် ပြစ်တင်ပြောဆိုနေခဲ့ပါတယ်။ သမီးဖြစ်သူကလည်း မိခင်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်လို့ တစ်ချိန်လုံး တောင်းပန်နေခဲ့ရပါတယ်။ မိခင်ကိုယ်တိုင်ရေးထားတဲ့စာတွေကို သမီးဖြစ်သူရေးထားသလို လိမ်ညာပြီး၊ အတင်းအကြပ် ကျောင်းကိုပြခိုင်းတာမျိုးအထိပါ လုပ်ခဲ့ပါတယ်။
ဒီ ၉ နှစ်အတွင်းမှာ “Roinin Life” ဖြစ်နေရတဲ့ အိမ်ကနေ အကြိမ်ကြိမ်ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့်၊ ပြန်ခေါ်ခံခဲ့ရပါတယ်။ ဘယ်အချိန်နေနေ အမြန်ဆုံးထွက်ပြေးချင်ခဲ့တဲ့ သမီးဖြစ်သူဟာ မိခင်ဆီ ဘယ်လိုပြန်ရောက်လာခဲ့တာလဲ?
“ဆန္ဒ” တွေကနေ ဖြစ်လာတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်
သားအမိနှစ်ယောက်ဟာ ဆန္ဒတစ်ခုတည်းကို ဖြစ်ချင်ခဲ့ပုံရပါတယ်။ အမေကသမီးကို အားမလိုအားမရဖြစ်၊ သမီးက အမေကို မုန်းနေခဲ့ပေမယ့်၊ အများအမြင်မှာတော့ လူတစ်ကာအားကျရတဲ့ သားအမိဖြစ်ချင်ခဲ့ပုံပါပဲ။
“ကျွန်မက အိမ်မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ခဲ့တာ။ အဲ့ဒါကြောင့် မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်”
မိခင်ဖြစ်သူပြောခဲ့တဲ့စကားကို ပြန်ပြင်ပြောရရင် “ကိုယ်က မိသားစုကို ဒီလောက်တောင်ပေးဆပ်ပြီး လုပ်ပေးနေတာကို၊ ဒါလေးတောင်ပြန်မလုပ်ပေးနိုင်ကြဘူး”။ တစ်ဖက်လူအတွက် တွေးပေးပြီးလုပ်ခဲ့တဲ့အရာက “ကောင်းမွန်တဲ့” ရလဒ်မရခဲ့ဘူး။
ဒီလိုနဲ့ မိသားစုဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ တစ်လွဲဖြစ်ကုန်ပြီး သားအမိကြား စိတ်ရှုပ်လာတဲ့ အဖေဖြစ်သူဟာ အိမ်ကထွက်သွားပါတော့တယ်။ အသက်မပြည့်သေးတဲ့ သမီးဖြစ်သူက မိခင်နဲ့ကျန်ရစ်ခဲ့ပါတယ်။
“ထောင်” ကျနေတယ်လို့ တွေးမယ်ဆိုရင်တောင်မှ…
မိခင်ဆိုတဲ့ “မိသားစု” ရဲ့ နှိပ်စက်မှုကြောင့် ကျူးလွန်ခဲ့တဲ့ အပြစ်ကိုဝန်ခံခဲ့တဲ့ သမီးဖြစ်သူရဲ့ ရှေ့ဆက်ရမယ့် ဘဝလမ်းဟာလည်း ခက်ခဲကြမ်းတမ်းပါတော့မယ်။
“မိသားစု” ဆိုတာဘာလဲ ဆိုပြီးတော့သာ ထပ်ခါတလဲလဲ တွေးနေမိပါတော့တယ်။ မိခင်ဖြစ်သူ ဘဝကူးကောင်းပါစေလို့ ဆုတောင်းလျက် ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်…
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: